Chapter 27

3.4K 330 0
                                    

Chapter 27

သူတို့နှစ်ယောက် တစ်ယောက်တစ်ဝက်စားဖို့အတွက် ချင်ကောင်းမှာ ငြင်းစရာမရှိပေ။

ရှုလန် က ခေါက်ဆွဲကို ဖြည်းဖြည်းချင်း စားနေသော်လည်း ပန်းကန်လုံးထဲတွင် တစ်ဝက်လောက် ကျန်နေတုန်းပင်။ သို့သော်လည်း သူမရဲ့ အစာအိမ်က ထပ်လက်မခံနိုင်တော့ပေ။

မူလပိုင်ရှင်က ဆင်းရဲလွန်းသော အခြေအနေတွင် ကြာရှည်စွာနေခဲ့ရသောကြောင့် သူမရဲ့အူများမှာ သေးငယ်လာပြီး အစားစားချင်စိတ်မှာ ဤမျှသာ ကြီးမားလေသည်။

သူမနဲ့မတူဘဲ ချန်း နဲ့ ချင်ကောင်း ကတော့ ဖွံ့ဖြိုးတဲ့ လူနှစ်ယောက်ဖြစ်သဖြင့် အစားစားချင်စိတ်မှာ ကြီးမားလှသည်။

သူတို့ကို ချပေးထားသော ခေါက်ဆွဲများအပြင် တစ်ယောက်ချင်းစီက ဝက်ခြေတောက်တစ်ခုစီစားထားကြသော်လည်း သူတို့ဗိုက်မပြည့်ပေ။

ကံကောင်းစွာနဲ့ ချန်းက မုန့်ပေါင်းနှစ်ခုကို ထပ်မှာထားခဲ့လို့။

မုန့်ပေါင်းများသည် စားဖို့ အနည်းငယ်ခက်တဲ့အတွက် မစားခင် ကော်ဖီထုပ်နဲ့ ကြက်ဥစွပ်ပြုတ်ရည်ထဲ နှစ်ထားလိုက်သည်။

ဒီဟင်းနှစ်ခုကို ထပ်စားပြီးနောက် သူနောက်ဆုံးတော့ ဗိုက်ပြည့်သွားလေပြီ။

သူတို့ စားပွဲတွင် ဟင်းခွက်များစွာမှာထားပေမဲ့ သူတို့က အရင်စားပြီးသွားကာ ရှုလန် က‌ဖြည်းဖြည်း ချင်းဝါးနေကာ သူတို့ထက် နောက်ကျပြီးမှ စားပြီးသွားသည်။

ပန်းကန်လုံးထဲတွင် အနည်းငယ်ကျန်နေသေးသော်လည်း သူကဘာမှကို ထပ်မစားနိုင်တော့ပေ။ ဒီတော့ သူမ စားပွဲပေါ်တွင် ထားခဲ့လိုက်သည်။

ဒီလိုနေ့များတွင် အစားအစာဖြုန်းတီးတာက ရှက်စရာကောင်းလှသည်။

သို့သော်လည်း သူမဒါတွေကို အိမ်ပြန်ယူသွားလို့မရပေ။ ကျောင်း မိသားစုများက သူမကို မျက်စိဒေါင့်ထောက် ကြည့်နေကြသောကြောင့် သူမဒီအတိုင်းသာ ထားခဲ့နိုင်လေသည်။

သူမ ပါးစပ်ကို သုတ်ပြီးနောက် အစိုးရစားသောက်ဆိုင်မှ ထွက်လာခဲ့လိုက်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now