Chapter 139

2.4K 214 2
                                    

Chapter-139 လီကျွမ့်နှင့်အလောင်းအစား ပြုလုပ်ခြင်း(၂)

လီလီကျွမ့်က “ဘယ်သူက ဒီလိုအနံ့ဆိုးတာတွေကိုစားချင်မှာလဲ ငါ့ကိုသူဖုန်းစား(သူတောင်းစား) လို့ထင်နေလား မကောင်းတာကျွေးတိုင်းစားရမှာလား”

  ကျောင်းရှုလန်က နှုတ်ခမ်းနှစ်လွှာကို မဲ့လိုက်ပြီး “ ဒီစကားမျိုးကို အခုတော့ပြောပြီးပေါ့ ဘာလို့ငါ့အဖေရှေ့မှာကျတော့ မပြောလဲ”

  စကားပြောပြီးသောအခါ ကျောင်းရှုလန်က ဝက်အူမကြီးကို သယ်ဆောင်ကာ ချက်ရန်ပြင်ဆင်သည်။

  ကျောင်းရှုလန်က ညစ်ပတ်သည်ဟု မထင်ခဲ့ပေ။  သူမသည် ဝက်၏အူမကြီးကို အကြိမ်ပေါင်းများစွာ သန့်ရှင်းရေးလုပ်ပြီး နောက်ဆုံးတွင် မီးဖိုချောင်သို့ ယူဆောင်သွားခဲ့သည်။

  ဝက်အူမကြီးကို သန့်စင်ထားသောကြောင့် ခြံဝင်းသည် ဝက်အူမကြီး၏ အနံ့အသက်နှင့် ဖုံးလွှမ်း နံဟောင်နေသည်။

  မားယုမိန် နှင့် လီလီကျွမ့်က ရွံရှာစွာဖြင့် နှာခေါင်းကို အုပ်လိုက်ကြသည်။

  မားယုမိန်က မကျေမနပ်ဖြစ်ပြီး “ဝေကောင်း ရှုလန် ဝယ်လာတဲ့ ဝက်အူတွေက တကယ်စားလို့ရပါ့မလား  အဆီဓာတ်ကြွယ်ဝပေမယ့် အနံ့က ကျွန်မကို စိတ်မသက်မသာဖြစ်စေပြီး အန်‌ချင်အောင်လုပ်နေတယ်”

  ကျောင်းဝေကောင်း ၏ မျက်နှာသည် အနည်းငယ် ပျက်သွားလေသည်။  သူက မားယုမိန် ကို မကာကွယ်ပေးသည့်အပြင်  “မစားနိုင်ရင် မစားနဲ့ ငါပဲစားမယ်” လို့ ပေါ့ပေါ့ပါးပါး ပြောပစ်လိုက်သည်။

  ကျောင်းဝေကောင်းက ဒီရက်ပိုင်းမှာ ကြမ်းတမ်းတဲ့ အလုပ်တွေကို လုပ်နေပြီး အလုပ်ကြိုးစားဖို့ လိုအပ်တာကြောင့် အခုလို ဖြစ်သွားရခြင်းဖြစ်လေသည်။

  ဒါပေမယ့် နေ့တိုင်း အစေ့အကြမ်းတချို့စားပေမဲ့ အရသာဆိုးတဲ့ ဘယ်အရာကိုမှ မစားဖူးဘူး။  တခါတလေ အရမ်းအားနည်းသလို ခံစားရတယ်။  ဝက်အူ စားရင် အရသာက နည်းနည်းဆိုးပေမယ့် ခန္ဓာကိုယ်ကို အမြဲတမ်း အထောက်အကူပြုတယ်။

  မားယုမိန်က ဒေါသထွက်ပြီး ပါးစပ်ကို ပိတ်ကာ စကားမပြောဘဲ နေလိုက်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now