Chapter 69 လူချောလေးကို ထပ်တွေ့ရခြင်း ၃
ထိုဟာတွေ က ကျန်းချန်း ရဲ့ ရည်ရွယ်ချက်ဖြစ်ကြောင်း အဒေါ်ချန်း နားလည် ခဲ့သည်။
သူမ ကို စိတ်ထဲ တွေးမိအောင် မလုပ်ချင်သောကြောင့် သူမက ရည်ရွယ်ပြီးပြောလိုက်သည်။“ဟိတ် ကောင်လေး ငါကဘာပြောရမှာလဲ”
ဒေါ်လေးချန်း နဲ့ယှဉ်လိုက်ပါက ဦးလေးချန်းက မငြင်းပေမဲ့ ဒေါ်လေးချန်းကို ပြောလိုက်သည်” ကျန်းချန်း က ငါတို့ကိုပေးတာ သိမ်းထားကြမယ်။ ဒါ ကလေးရဲ့စေတနာပဲ”
“ဟုတ်ပါတယ် ဆရာ ဒီဟာက ကျွန်တော့်ရဲ့ စေတနာ ပါ ယဉ်ကျေးနေစရာ မလိုပါဘူး “ကျန်းချန်း က ဒေါ်လေးချန်း ဒါတွေကို လက်မခံမှာ စိုးရိမ်လို့ ထပ်ပြောလိုက်သည်။
ဒီဟာကိုမြင်တော့ ဒေါ်လေးချန်း က ရွေးချယ်စရာမရှိတော့ ပြောလ်ိုက်သည် “ကောင်းပြီ ဆရာက လက်ခံမှာပါ ။ကလေး မြန်မြန်ပစ္စည်းတွေအောက်ချပြီး
ထိုင်တော့”“ဟုတ်ကဲ့”
ကျန်းချန်း က ဝမ်းသာစွာ နဲ့တုန့်ပြန်လိုက်ပြီးသူအခန်းထဲဝင်ထိုင်ပြီး ကြည့်လိုက်သောအခါအခန်းထဲမှ မတ်တပ်ရပ်နေသော ကျောင်းရှုလန်ကို တွေ့လိုက်သည်။သူ မနေ့က ကျောင်းရှုလန် ကိုတွေ့ခဲ့သည်။အဲ့အချိန်တုန်းက သူအမြင်မှားနေတယ်လို့ တွေးမိသည်။ အခုသူစဉ်းစားကြည့်လိုက်တော့ သူဖတ်တာ မှန်တယ်။ အဲ့တာ တကယ်သူမ ဖြစ်မည်။
“ရဲဘော် ရှုလန် အဲ့တာ တကယ် မင်းလား”
ကျန်းချန်း သည် အံ့သြတဲ့မျက်နှာနဲ့ စိတ်အနည်းငယ်လှုပ်ရှားသွား ခဲ့သည်။ကျန်းချန်း က သူဘာလိုဖြစ်သွားသည်ကို မသိေတာ့ပေ။ သူသည် ကျောင်းရှုလန်ရဲ့ မျက်နှာကိုနောက်ဆုံးမြင်ပြီးသည့်အချိန်ကထဲက သူအိပ်ယာမဝင်ခင် အချိန်မှာ ကျောင်းရှုလန် မျက်နှာငယ်လေးနဲ့
ထရပ်ကားပြင်နေတဲ့ ပုံရိပ်ကို အမြဲတွေးနေခဲ့သည်။
ထိုအရာများက ကျန်းချန်းဘယ်တော့မှ မမြင်ဖူးသောအရာများဖြစ်သည်။အခု သူ ကျောင်းရှုလန် ကို မြင်လိုက်ရတာ
သူ အချိန်အကြာကြီး သတိရခဲ့တဲ့လူတစ်ယာက်ကို မြင်လိုက်ရသလိုပါဘဲ သူမပျော်ဘဲ မနေနိုင်တော့ပါ။

ESTÁS LEYENDO
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
De Todoလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000