Chapter 63 နောက်ထပ် ကုန်ရောင်းကုန်သွယ်လုပ်ခြင်း ၂
တကယ်လို့ ဒီလူသာ ရှုလန် နဲ့ ကုန်သွယ်နိုင်တယ်ဆိုရင် မစ္စတာချန်း တို့လည်း သူတို့အစားအစာတွေအကုန်လုံးကို သူတို့ဘာသာ စားနိုင်ပြီဖြစ်သည် ။ သူ့ ငယ်သူငယ်ချင်းတွေကို အောက်ဆုံးအဆင့်ရောက်အောင် သူဆွဲမချချင်ပါဘူး။
အရေးကြီးဆုံးကတော့ ရှုလန် သာ သဘောတူရင် ဒါဟာ ရေရှည်စီးပွားရေး ဖြစ်သွားနိုင်တယ်။
လူကြီးရဲ့ အသနားခံတဲ့အကြည့်ကို မြင်လိုက်တဲ့အခါမှာတော့ သဘောတူညီမှုနဲ့အတူ ရှုလန်
ခေါင်းငြိမ့်လိုက်သည်။လူကြီးက အရမ်းကို ဝမ်းသာသွားပြီးလျင်အမြန်ပဲ သူ့အိတ်ကပ်ထဲကနေ သေတ္တာတလုံး ထုတ်ယူလိုက်၏။
လူကြီးက လှမ်းပေးတော့ ရှုလန်က သေတ္တာကို ယူလိုက်တယ်။ ဒါပေမဲ့ အထဲကပစ္စည်းတွေကို
မကြည့်ရသေးဘူး။ ရတနာသေတ္တာနဲ့တင်
သူမရဲ့ အာရုံကို ဆွဲဆောင်နေပြီ။ရတနာသေတ္တာကို တန်ဖိုးရှိတဲ့ အနီရောင် စန္ဒကူးသားနဲ့ လုပ်ထားတယ်။ သေတ္တာပေါ်က ထွင်းထားတဲ့ပုံစံဒီဇိုင်းကလည်း အလွန်ကိုပဲ အနုစိတ်တယ်။ ဒီရတနာသေတ္တာချည်ပဲကို ငွေအမြောက်အများ ရရှိနိုင်သည်။
အတွင်းထဲက ပစ္စည်းတွေကို ထားဦး။ ရတနာသေတ္တာနဲ့ကို အရမ်းကို အဖိုးထိုက်လွန်းတယ်။
သေချာတာပေါ့ သူမမျှော်လင့်တဲ့အတိုင်း အတွင်းထဲက ရတနာတွေက အမှန်တကယ်ပဲ အလွန်ကို တန်ဖိုးကြီးလှတယ်။
အထဲမှာ ပတ္တမြားတွေထဲမှာမှ အမြင့်ဆုံးအရောင်ဖြစ်တဲ့ ခိုသွေးအနီရောင် ပတ္တမြားလက်ကောက်
ရှိတယ်။ သန့်စင်မှု၊ ကြည်လင်မှု နှစ်ခုလုံးနဲ့ တောက်ပမှုတွေက အလွန်ကို ကောင်းတယ်။၂၁ ရာစုမှာသာ ဒါကိုရောင်းနိုင်မယ်ဆိုရင်
ဒီပတ္တာမြားလက်ကောက်နဲ့တင် ဝယ်သူက ယွမ် ၁-၂ သန်းအထိ ဖြတ်ပေးနိုင်တယ်။အလွန်ကို ကြည်လင်တဲ့ မြစိမ်းရောင် ကျောက်
စိမ်း လက်ကောက်တစ်စုံ လည်းရှိသေးတယ်။ ချောမွေ့မှုက နူးညံ့နေပြီး ကြည်လင်မှုလည်း အရမ်းကောင်းတယ်။ မစ္စချန်း တို့ဆီမှာရှိတဲ့ ရေခဲစိမ်းလက်ကောက်ထက် ပိုပြီးတော့ တန်ဖိုးရှိတယ်။ ၂၁ ရာစုမှာဆိုရင်တော့ ဒီလက်ကောက်တစုံနဲ့တင် သန်းပေါင်းများစွာ ကုန်ကျနိုင်တယ်။

YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000