Chapter 137

2.4K 225 1
                                    

Chapter-137 ကျန်းအိမ်သို့ စားစရာများပို့ပေခြင်း(၃)

ကျန်းရှောင်ယ၏ သရေကျနေသော အကြည့်ကို မြင်သောအခါ  မဒမ်ကျန်း ပြုံးပြီး “အိုးက ကျက်ခါနီးပြီ”

အသားပြားကြော်က အရမ်းမြန်သည်။ ကြော်ပြီးတာနဲ့ ငရုတ်သီးစိမ်းနဲ့ မုန်လာဥနီတွေထည့်ကာ ခဏလောက်နှပ်ထားသည်နှင့် ကျက်သွားလေသည်။

ကြက်ဥကို မြန်မြန်ရေနွေးအိုးထဲထည့်ကာ မိနစ်အနည်းငယ်ကြာ ပြုတ်ထားလိုက်လေသည်။

မဒမ်ကျန်းက ထမင်းထပ်မချက်တော့‌ပေ။  ကျောင်းရှုလန်  ဂျုံယာဂုကို မစားခင် ပြန်နွှေးပေးလေသည်။  ရေအနည်းငယ်ထည့်ပြီး ကျန်ရှိနေသည်များကို အပူပေးလိုက်သည်။

မဒမ်ကျန်း က စားပွဲပေါ်တွင် ကြက်ဥပေါင်းနှင့် အသားပြားကြော်ကို ချထားလိုက်ပြီး တစ်ယောက်ဆီကို ဂျုံယာဂုတစ်ပန်းကန် ထည့်ပေးလိုက်သည်။

ကျန်းမိသားစုသည် နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲရထားသည်များကို ထိုကဲ့သို လုပ်စားကြရ၏။

ကျန်းရှောင်ယ နှင့် ကျန်းထျဲ့တန်တို့သည် စားရန်ပြင်ဆင်ပြီး စားပွဲဆီသို့ ပြေးသွားကြသည်။

ကြက်ဥနှင့် အသားပြားရနံ့သည် သရေကျစရာကောင်းသော်လည်း မစ္စကျန်း နှင့် အဖေကျန်း တို့၏ တူများ မရွှေ့သဖြင့် ကျန်းရှောင်ယ နှင့် ကျန်း ထျဲ့တန် တို့လည်း မလှုပ်ကြပေ။

မဒမ်ကျန်းက မြန်မြန်ပြောလိုက်သည် “ဘာတွေစောင့်နေတာလဲ စားပါ!”

“အဘိုး အဖွား အတူတူစားရအောင်”  ကျန်းရှောင်ယ က ချိုသာသော အသံဖြင့် ပြောသည်။

“ကောင်းပြီ အတူတူစားရအောင်!”  မစ္စ ကျန်း နှင့် မစ္စတာကျန်း နှစ်ယောက်လုံးသည် သူတို့၏မျက်နှာပေါ်တွင် အပြုံးများပန်ဆင်လျှက် ပြောလိုက်သည်။

ကြက်ဥပေါင်းက အရမ်းမွှေးပြီး  အရမ်းအရသာရှိပါသည်။

အသားပြားက အငန်အရသာလေးပါနေကာ မပြောပလောက်ပေ။  ငရုတ်သီးစိမ်း နှင့် မုန်လာဥနီသည်လည်း အသားအနံ့ရှိသည်။  အရသာကလည်းတူလေသည်။ အရေးကြီးဆုံးကတော့ ဆီနဲ့ ရေ လုံလောက်စွာသုံးခြင်းကြောင့်ပင်။  ပိတ်ရက်များတွင် ကျန်း ၏မိသားစုသည် သူတို့ စားသောက်မည့်ထဲတွင် ဆီတစ်စက်မှမသုံးပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now