Chapter 79

3.3K 323 1
                                    

နောက်ကျသွားလို့ ဆောတီးပါဗျာ GP အသစ်လေးတွေက ဒီနေ့ စတာမို့ အဲ့ဖက်‌ကို ရောက်သွားလို့

Chapter – 79

မိန်းကလေးတစ်ယောက်ကို စွဲလမ်းမိသည်မှာ ဤအကြိမ်သည် ချန်းအတွက် ပထမဆုံးအကြိမ်ဖြစ်ရကား သူမအနားပဲ နေပြီး သူမစကားပဲ ကြားချင်နေတော့သည်။

သူတို့ သတိမထားမိခင်မှာပင် ရှုလန်နေထိုင်ရာ ထုတ်လုပ်ရေး အသင်းနားသို့ ရောက်လာခဲ့ကြသည်။ စက်ဘီးက လမ်းလျှောက်သည်ထက် အပိုမြန်ပြီး နာရီဝက်မှ မိနစ်လေးဆယ်ခန့်ထိသာ ကြာမြင့်ခဲ့သည်။

ချန်းအတွက်မူ ဤခရီးက တိုတောင်းလွန်းပေသည်။ ပိုကြာလေ သူမနှင့် အတူရှိချိန်ပိုရလေ မဟုတ်ပါလော။

ထုတ်လုပ်ရေးအသင်းနား ရောက်ခါနီးသဖြင့် ရှုလန်က သူ့ကို ရပ်ဖို့ အလျင်စလိုပြောသည်။ အသင်းရှေ့တွင် ရပ်လိုက်ပါက လူမြင်ပြီး အတင်းပြောခံရမည်ကို စိုး၍ဖြစ်သည်။

“အစ်ကိုကျန်း၊ ဒီနားမှာပဲ ရပ်လိုက်ပါ။ လိုက်ပို့ပေးလို့

ကျေးဇူးတင်ပါတယ်”

မိန်းကလေးနှင့် ယောက်ျားလေးကြား တားထားသော စည်းများကြောင့် သူမ၏ သိက္ခာကို မထိခိုက်အောင် ပြုမူသင့်ကြောင်း ချန်းနားလည်သည်။ ထို့ကြောင့် သူမတားသည့်ကြားက အိမ်အထိ အတင်းလိုက်ပို့ခြင်းကို မပြုလုပ်ပါ။

“ရပါတယ် ရှုလန်။ ဒါဆို အစ်ကို ပြန်တော့မယ်နော်”

“သတိထားပြန်နော်၊ အစ်ကိုကျန်း”

“အေးအေး”

သူမ အထဲဝင်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်တိုင်အောင် ချန်းက သူမကျောပြင်မှ အကြည့်မလွှဲနိုင် ဖြစ်နေသည်။

ယနေ့ ရှုလန် စောစောပြန်ရခြင်း အကြောင်းအရင်းမှာ နေ့လည် ၁နာရီဆိုလျှင် ထုတ်လုပ်ရေးအသင်း၌ မွန်းလွဲအဆိုင်း စခါစ ဖြစ်သည်။ အိမ်တွင် လုပ်စရာအလုပ် မရှိ

သောကြောင့် သူမ ကျင်းရှန်းဆီသို့သွားကာ အလုပ်ရှာသည်။

သူမ၏ အလုပ်မှာ စပါးရိတ်ရန် ဖြစ်သည်။ ထုတ်လုပ်ရေးအသင်းတွင် စိုက်ပျိုးရေးကိရိယာများ များများစားစား မရှိသောကြောင့် လူတိုင်းအတွက် မလုံလောက်ပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Tempat cerita menjadi hidup. Temukan sekarang