Chapter 147

2.3K 216 1
                                    

Chapter 147 - ဆွေမျိုးများ ပြန်တွေ့ခြင်း(၃)

ကျောင်းရှုလန်က ပြောပြီးနောက် လီလီကျွမ့်က နှုတ်ခမ်းကိုတွန့်ပြီး “စောနေသေးတာပဲ မဟုတ်လား?  ငါပြန်လာရင် ကြိုးကြိုးစားစား ပြီးအောင် လုပ်မှာပါ ။

  ကျောင်းရှုလန်  နင်စိတ်ပူစရာ မလိုပါဘူး“

  လီလီကျွမ့်က ကျောင်းရှုလန်ကို ကျော်ပြီး လုကျင်းရှန်း၏အိမ်ဆီသို့ ပြေးသွားခဲ့သည်။

  ကျောင်းရှုလန်က လီလီကျွမ့် အကြောင်းပြောရန် စိတ်မ၀င်စားဘဲ သူမ အမြန်ပြီးနိုင်ခဲ့သည့် ဝက်ချေးကျုံးခြင်းကို  လီလီကျွမ့်က မပြီးဆုံးနိုင်ပေ။  လုကျင်းရှန်းက မျက်ကန်းမဟုတ်သောကြောင့် လီလီကျွမ့် ဝေဖန်ခံရမည်မှာ သေချာပါသည်။

  ကျောင်းရှုလန်က ထုတ်လုပ်ရေးအဖွဲ့သို့ မြို့ပြလူနှစ်ယောက် ရောက်သည့်အကြောင်း အနည်းငယ် သိချင်နေခဲ့သည်။

  ဒါပေမယ့် သူမဟာ အခြားထုတ်လုပ်ရေးအဖွဲ့တွေလို  ဘယ်သူလဲဆိုတာကို မကြည့်ကာ သူ့အလုပ်ကိုပဲ ဆက်လက်လုပ်ဆောင်ခဲ့သည်။

  ဘာပဲဖြစ်ဖြစ် သူနဲ့ဘာမှမဆိုင်သည့်အတွက် ကြည့်ရတာ အကျိုးမရှိပေ။

  လီလီကျွမ့်က ထုတ်လုပ်ရေးအဖွဲ့နောက်သို့ လိုက်လာကာ ကျန်းချန်း နှင့် လုချင်ကောင်း ကိုတွေ့သောအခါ အနည်းငယ် အံသြသွားသည်။

  သူမ အရင်က ကျန်းချန်းကို မြင်ဖူးပြီး ကျောင်းရှုလန်ကို စက်ဘီးဖြင့် ပြန်လိုက်ပို့သည်ကို တွေ့ဖူးသည် ။

  ကျန်းချန်းမှာ အလွန်ချောမောပြီး စက်ဘီးစီးနိုင်သည့် မြို့သားတစ်ဦးဖြစ်သည့်အပြင် ကျောင်းရှုလန် နှင့် ထပ်မံတွေ့ဆုံခဲ့ရသောကြောင့် လီလိကျွမ့် သူမ၏နှလုံးသားထဲတွင် အလွန်မနာလိုဖြစ်နေခဲ့သည်။

  ဘာကြောင့်လဲ?

  ကျောင်းရှုလန်က ဒီလိုလူကို ဘယ်လိုသိလာခဲ့တာလဲ

  သို့သော်လည်း လီလီကျွမ့်က ခဏတာ မနာလိုဖြစ်လိုက် ပျောက်လိုက်ဖြစ်နေသည်။

  ထုတ်လုပ်ရေးအဖွဲ့တွင် မေးမြန်းပြီးနောက် လုချင်ကောင်းက မြို့သားတစ်ဦးလည်းဖြစ်သည့်အပြင် ခရိုင်သယ်ယူပို့ဆောင်ရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးလည်းဖြစ်ကြောင်း သိရှိလိုက်ရပါသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now