Chapter- 164 ကျန်းချန်းနှင့် ရှုလန်အား ထမင်းဖိတ်ကျွေးခြင်း(၁)
လုကျင်ရှန်းက ဘာမှမပြောခဲ့ပေမဲ့ စိတ်ထဲမှာ ယခုကစ၍ အနာဂတ်အထိကူညီသွားမည်ဟု တွေးထားသည်။
ကျန်းချန်းက သူ့ကလေးကို ကယ်လိုက်ရသဖြင့် တစ်ကိုယ်လုံး စိုရွဲသွားသောကြောင့် ကျင်ရှန်းက “ရဲဘော် ကျန်းချန်း အိမ်ကိုလာပြီး ရေချိုးအဝတ်အစားလဲလိုက်ပါ။ ရေစိုနေရင် အအေးပတ်ပြီးဖျားလိမ့်မယ်
အိမ်မှာ မင်းနဲ့ခန္ဓာကိုယ်ဆင်တဲ့လူရှိတယ် သူ့အဝတ်အစားကို မင်းယူဝတ်ရင်တော့ တော်လောက်မှာပါ “
ကျန်းချန်းက လုကျင်ရှန်း၏ ပြောကြားချက်ကို မငြင်းဆန်ခဲ့ပေ။
ရေစိုနေခြင်းဟာ တကယ်မကောင်းပေ။ ထို့ကြောင့် ခြောက်သည့်အဝတ်ကို အမြန်လဲရန်လိုအပ်သည်။
ကျန်းချန်းက လုအိမ်သို့ လိုက်သွားခဲ့သည်။
ဝမ်ရှုယင်သည် ကျန်းချန်း အတွက် ရေနွေးအိုးတည်ထားပြီး ကျန်းချန်းက အမြန်ရေချိုး အဝတ်အစားလဲလိုက်သည်။
ကျန်းချန်း နဲ့ လုလန်လန် တို့နှစ်ယောက်လုံး ရေထဲပြုတ်ကျတာကြောင့် သူတို့နှစ်ယောက် အအေးပတ်ပြီး နေမကောင်းဖြစ်မှာကို စိုးရိမ်သည့်အတွက် ကြိုကာကွယ်သည့်အနေနှင့် ဝမ်ရှုယင်က ဟင်းချိုတချို့ကို ချက်ပြုတ်ထားလိုက်သည်။
ကျန်းချန်းကို ဟင်းချိုသောက်ရန် စောင့်ပြီးနောက် လုကျင်ရှန်းနှင့် ဝမ်ရှုယင်သည် ကျန်းချန်း ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုသည်။
ယခုအချိန်တွင် လုအိမ်၌ အခြားအဖွဲ့ဝင်များမရှိသဖြင့် လုကျင်ရှန်းသည် သူ၏အတွေးများကို ကျန်းချန်းသို့ တိုက်ရိုက်ပြောပြခဲ့သည်။
နောင်တွင် သူသည် ကျန်းမိသားစုကို ပို၍ဂရုစိုက်လိမ့်မည် ။ ဒီရက်ပိုင်းအတွင်းမှာ ကျန်းချန်းက ကျန်းမိသားစုနဲ့ ဘယ်လိုပတ်သတ်နေပါစေ သူဝင်ရောက်စွက်ဖက်မှာမဟုတ်။
ကျန်းချန်းသည် သူ မရည်ရွယ်ဘဲ ကိုယ်ချင်းစာပေးခဲ့သဖြင့် သူထိုသို့သောအကျိုးကို ခံစားရလိမ့်မည်ဟု မထင်ခဲ့ပေ။

BINABASA MO ANG
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000