Chapter 98

2.8K 283 2
                                    

Chapter – 98

ပြီးခဲ့သောအခေါက်၌ ရှုလန်က ချန်းအား သူမကို ပြန်ပို့ရန် နှောင့်ယှက်ခဲ့မိသလို ဖြစ်သောကြောင့် ဒီတစ်ကြိမ်တွင် သူမ ထပ်မနှောင့်ယှက်ချင်တော့ပါ။

“ရပါတယ် လမ်းက အရမ်းဝေးလို့ အဆင်မပြေနိုင်ဘူး ဟိုတစ်ခေါက်ကလည်း ရှင့်ကိုနှောင့်ယှက်မိသွားတယ်  အားနားလွန်းလို့ ထပ်အကူအညီမတောင်းဝံ့ပါဘူး” ရှုလန်က ငြင်းလိုက်သည်။

သူမငြင်းတာကိုကြားတော့ ချန်းက စိုးရိမ်တကြီးနဲ့  “ရပါတယ် ဒီနေ့လည်မှာ ဘာမှလုပ်စရာမရှိဘူးဆိုတော့ ဘာပဲဖြစ်ဖြစ် ပျင်းနေမှာ အဲ့တော့ မင်းကို အိမ်ပြန်လိုက်ပို့ခွင့် ပေးတော့ မင်းလဲ အကြာကြီး လမ်းလျှောက်ဖို့ မလိုဘူးလေ”

“ဒါပေမယ့်—”

တစ်ယောက်က စလိုက်တဲ့ ဇာတ်လမ်းကို နောက်တစ်ယောက်က အားနာနာနဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းနေ

တော့ ချိုက်ရှားက  “ချင်ကောင်းက ဘာလို့ ညီမ ရှုလန်ကို ပြန်လိုက်မပို့တာလဲ? ထရပ်ကားမောင်းရတာ မပင်ပန်းပါဘူး၊ စက်ဘီးထက်တောင် ပိုမြန်တာကို နေ့လည်ဆိုရင်လည်း အိမ်ထောင်စုစာရင်း မှတ်ပုံတင်ဌာနကို သွားရမှာမလား ချန်း။အဲ့တာ ပင်ပန်းနေလိမ့်မယ် ချင်ကောင်းကိုပဲ လိုက်ပို့ခိုင်းလိုက်”

ချိုက်ရှားက စေတနာဖြင့်ပြောသော်လည်း ချန်းလိုက်ပို့ချင်ရခြင်း အကြောင်းကို သူမစဉ်းစားမိပေ။

သူမထိုသို့ ပြောလိုက်သောအခါမှာ ချင်ကောင်းမျက်နှာက သိသိသာသာညိုးသွားပြီး စိတ်ဓာတ်ကြသွားလေသည်။

ရှုလန်ကို ပြန်‌ပို့ပေးချင်သည့် ရည်ရွယ်ချက်က သူတို့နှစ်ဦးကြား ဆက်ဆံရေးကို ပိုကောင်းမွန်လာစေချင်သောကြောင့် ဖြစ်သည်။

သူမကသာ ချင်ကောင်းကို လိုက်ပို့ခွင့်ပေးလိုက်ရင် သူ့အကြံများ ရေစုန်မျောတော့ပေမည်။

အကူအညီတောင်းရန် သူက ချင်ကောင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ချင်ကောင်းက ချန်းဆိုလိုချင်သည်ကို နားလည်ပြီး သူ့နှာခေါင်းကို ထိပြီး ချောင်းဆိုးကာ “တကယ်တော့ ကိုယ်အလုပ်ရှိနေတာကွာ။ ရဲဘော်ရှုလန်ကို ပြန်ပို့ပေးချင်ပေမဲ့ မအားလို့‌လေ။ ချန်း ငါ့အစား သူ့ကို အိမ်ပြန်ပို့ပေးပါ”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now