Chapter 36

3.3K 348 1
                                    

Chapter 36

ရှုလန် ပြောတာကို ကြားပြီးတော့ ရှုကျူး ခေါင်းညိတ်လိုက်သည်။ “အမ် ဟုတ်ပြီလေ အစ်မ။ အဲဒါကို သဘောတူတယ်။ ညီမက အိမ်မှာပဲ အလုပ်ရမှတ်တွေ ယူဖို့ ကြိုးစားလိုက်မယ်”

“ လိမ္မာတဲ့ကလေးပဲ။ စိတ်မပူနဲ့။ အစ်မ ဒါကိုတစ်ယောက်တည်းလုပ်နိုင်တယ်”

“အင်း”

ရှုလန် က ရှုကျူး အခန်းထဲက ထွက်မသွားခင် သူနပါးစပ်ထဲက အသားပေါင်မုန့်အနံ့ကို ဖျော့အောင် ရေသောက်ခိုင်း၏။

တစ်နည်းအားဖြင့် တခြားသူကို အနံ့လိုက်ခံရမှာ အလွန်ထက်မြက်တဲ့ နှာခေါင်းရှိသည့် ယုမိန် ပင်ဖြစ်ပြီး အရသာရှိတာတွေကို ရှာနိုင်လေသည်။ သူမတို့ရဲ့ မိထွေးသာ ရှုကျုးက အသားညှပ်ပေါင်မုန့်စား‌သည်ကို သိရှိသွားပါက ကမ္ဘာကြီးပင် ဇောက်ထိုးဖြစ်သွားမည်ကို သူမစိုးရိမ်နေသည်။

နေ့ခင်းပိုင်းရောက်သောအခါ ရှုလန် ကအလုပ်ကို သွားပြီး အလုပ်အမှတ်များကို ရယူလေသည်။

နေ့ခင်းပိုင်း ရောက်နေပြီဖြစ်သောကြောင့် အလုပ်အများစုကို အခြားသူများက ယူသွားကြပြီး ကျင်းရှန်း ကချည်ကောက်ရတဲ့ အလုပ်ကို ပေးလေသည်။

တောက်ပနေတဲ့ နေအောက်မှာ နေရောင်ခြည်ကို တောင့်ခံရန် ခက်ခဲလှသည်။ ရှုလန် ကတိတ်တဆိတ်ပင် အသားမမဲစေရန် sunscreen ကို နည်းနည်း လိမ်းလိုက်သည်။

မူလပိုင်ရှင်က အချိန်အကြာကြီး အလုပ်လုပ်ခဲ့ရတဲ့အတွက် ထုတ်လုပ်ရေးအဖွဲ့ထဲက အချို့မိန်းကလေးတွေလို အသားညိုနေလျက်ရှိသည်။

ဖြူဖွေးတဲ့ အသားရည်က ရုပ်ဆိုးခြင်းကို ဖုံးအုပ်ထားနိုင်သည်ဟု ပြောကြပြီး မိန်းကလေးတွေက သူတို့ရဲ့ နှလုံးသားထဲကနေ အဖြူရောင်ကို ကြိုက်သောကြောင့်ဖြစ်သည်။

ဒါက သူမရဲ့ အသားအရည်အပေါ် သေချာဂရုစိုက် ရမယ်၊ နဂိုအတိုင်း ပြန်ကောင်းလာစေရန် ရှုလန် ဆုံးဖြတ်လိုက်သည် ။ မဟုတ်ရင် သူမ ကျေးလက်သူတွေလို မဲပြီး ပိန်ပါးနေလိမ့်မယ်။ သူမရဲ့ အရင်ဘဝက ဆိုရင် သူမသည် ဖြူတယ်၊ ချမ်းသာပြီးတော့ လှပတယ်၊ ခြေတံရှည်တွေလည်း ရှိသည်။ ကွာခြားချက်က တကယ့်ကိုပင် အလွန်များပြားပါသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now