Chapter 191

2.2K 172 0
                                    

Chapter-191 နွေရာသီ ကောက်ရိတ်ပွဲ(၃)

ကျန်းမိသားစုမှလည်း ကန်စွန်းဥအချို့ကို ရရှိခဲ့သော်လည်း သူတို့ရသည်များက အလုံးသေးသည်။

ကျန်းမိသားစု၏ အခြေနေကြောင့် အဖွဲ့ဝင်များက အခြားပိုကြီး ပိုကောင်းသော ကန်စွမ်းဥ အာလူးများကို  လဲပေးရန် ဆန္ဒမရှိသလို လဲခွင့်လည်းမပေးချေ။

ဒီအသေးအဖွဲကိစ္စကို ကျန်းမိသားစုက သိပ်ဂရုမစိုက်ကြပေ။သေးသေးကြီးကြီး အရသာကရှိနေဆဲဖြစ်ပြီး နည်းတာများတာ ကွာသွားခြင်းသာဖြစ်ပါသည်။

မစ္စကျန်းသည် အဆိုပါ ကန်စွန်းဥများကို မြင်သောအခါတွင် သူမက ပြုံးကာပြောသည် "အဲဒါတွေအားလုံးက အခုမှ တူးထားတဲ့ဟာ‌ပဲ နေမယ် လတ် တ်ဆတ်ဆတ်လေးဆိုတော့ ညကျရင်စားကြည့်ရအောင်”

မစ္စကျန်း ယူလာသည်ကို တွေ့သောအခါ ကျန်းရှောင်ယသည် မစ္စကျန်း၏ လက်ကိုဆွဲကာ "အဖွား သမီးတို့ ဒီတိုင်းချက်ပြုတ်မဲ့ အစား ထင်းမီးနဲ့ဖုတ်စားကြရင်ရော

ဖုတ်ထားတဲ့ ကန်စွမ်းဥက ပိုမွှေးပိုအရသာရှိတယ်လေ“

ကျန်းရှောင်ယ ထင်းနှင့်ကင်သည်ကိုပြောရခြင်းမှာ ကျေးလက်တွင်အလုပ်အများဆုံးဖြစ်လေသည်။

မြို့နှင့်မတူဘဲ ကျေးလက်တောရွာတွင် ထင်းနှင့်သာ ကင်နိုင် ဖုတ်စားနိုင်သည်။

အကြမ်းဖျင်းအရ ချက်ပြုတ်ပြီး မီးဖိုထဲမှာ ကျန်နေတဲ့ မီးပွားများအလယ်တွင် ကန်စွန်းဥကို ထည့်ပြီး ကောက်ရိုးခြောက် အနည်းငယ်နှင့် ပြာများအောက်မြုပ်ကာ တစ်ခဏအကြာတွင် ထုတ်ယူ၍ စားနိုင်ပြီဖြစ်လေသည်။

ကန်စွန်းဥဖုတ်က ပိုမွှေးပြီး အရသာပိုကောင်း၏။

အဓိကက တကူးတက ချက်ပြုတ်ရန် မလိုသည့်အတွက် သိပ်ဒုက္ခမပေးချေ။

ကျန်းရှောင်ယရဲ့ အကြံပြုချက်ကို နားထောင်ပြီးနောက် အဖွားကျန်းက ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်ပြပြီး "ကောင်းပြီ ဖုတ်စားကြတာပေါ့ ညရောက်မှနော်!"

"အင!" ကျန်းရှောင်ယ ကလည်း ပြုံးကာ ခေါင်းညိတ်ပြီး ညကို တိတ်တဆိတ် စောင့်မျှော်နေလေသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now