Chapter – 87
အလုပ်အမှတ် များများရလေလေ နှစ်ကုန်လျှင် ရမည့်စားစရာ များလေလေဖြစ်သည်။ ထို့ကြောင့် သူမမိသားစုအတွက် ရှုလန်က အလုပ်ဒဏ်ကို ကြံ့ကြံ့ခံရင်း ဝက်ချေးဆက်ကျုံးလိုက်သည်။
သူ့သမီးကြီးကို ကျေးဇူးကြွေး ပို၍ပို၍ တင်လာရသည်ဟု ဝေကောင်း ခံစားမိသည်။ အနာဂတ်တွင် သူမကို ဒီထက်ပို၍ ကောင်းကောင်းဆက်ဆံမည်ဟု သူ့ကိုယ်သူ ကတိပေးလိုက်သည်။
သို့ရာတွင် ရှုလန်၏ အတွေးများကမူ ဝေကောင်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
သူမ ဝက်ချေးကျုံးရသည့် အကြောင်းရင်းမှန်မှာ ဝက်ခြံသည် တိတ်ဆိတ်ပြီး အခြားအသင်းဝင်များနှင့် ဆက်ဆံစရာလည်း မလိုပေ။ သို့ဖြစ်ရာ သူမအနေဖြင့် အချို့အရာများကို ‘ခိုးကြောင်ခိုးဝှက်’လုပ်ဖို့ရာ အဆင်ပြေပေသည်။
တဆက်တည်းမှာပင် သူမသည် ရှောင်းယနှင့် ထျဲ့တန်ကလေးနှစ်ယောက်ကို အလွန်ချစ်ခင်သည်။ အရွယ်ရောက်ပြီးသူများနှင့် အလုပ်တွဲလုပ်ရသည်ထက် သူတို့နှင့်အတူ လုပ်ရသည်က ပို၍ အဆင်ပြေသည်။ ကလေးငယ်များ၏ အတွေးမှာ ရိုးရှင်းသည်။ လူကြီးများမှာမူ စကားများရန်ဖြစ်ရမည်မှာ မလွဲမသွေဖြစ်သည်။
ခရိုင်ရုံးကို သွားမည်ဖြစ်သောကြောင့် ရှုလန်က စောစောအိပ်ရာဝင်လိုက်သည်။
ဝက်ခြံတွင် လုပ်ရသည်မှာ သာမန်ထက်ပို၍ ပင်ပန်းနံစော်သော်လည်း အခြားအလုပ်များနှင့် နှိုင်းယှဉ်ပါက ကောင်းသည့်အချက်များ ရှိပေသည်။
ဥပမာအားဖြင့် ဝက်ခြံ၌ အမိုးအကာရှိသဖြင့် နေရောင်ခံရန်မလို။ ထို့ကြောင့် အခြားအလုပ်များကဲ့သို့ နေထိ၍ အသားအရည်ကြမ်းတမ်းမွဲခြောက်သွားခြင်း မရှိ။
ရှုလန်က အသားအရည်ထိန်းသိမ်းရန် နေရာလွတ်တွင် သိမ်းထားသည့် အလှပြင်ပစ္စည်းအချို့ကို သုံးသည်။ ထိုသို့နှစ်ရက်ခန့် ပြုလုပ်ပြီးနောက် သူမ၏ အသား
အရည်သည် သိသိသာသာ ကောင်းမွန်လာသည်။ ၎င်းသည် ကြမ်းထော်ခြင်း မရှိတော့ပဲ ဖြူဝင်းလာသည်။
![](https://img.wattpad.com/cover/308624593-288-k948764.jpg)
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000