Chapter-167 လီလီကျွမ့်၏ ကြောင်သူတော်မျက်နှာဖုံးကြီး ကွာကျခြင်း(၂)
လီလီကျွမ့်၏ စကားများမှာ အနည်းငယ်ဒေါသပါနေသောလည်း သူပြောသည်များမှာ သူ့စိတ်ရင်းအမှန်ပေ။။
သူမနှင့် လုလန်လန် မိတ်ဖွဲ့ထားခြင်းမှာ အကြောင်းရှိသည်။ လုလန်လန်သည် ခေါင်းဆောင်၏ သမီးဖြစ်သဖြင့် သူမနှင့်ပေါင်းထားခြင်းက အကျိုးမယုတ်စေပေ။
သို့သော် ယခုတစ်ကြိမ်တွင် လုလန်လန်သည် သူမအား မကူညီနိုင်ခဲ့သောကြောင့် လီလီကျွမ့်က လုလန်လန်အား ထိုသို့မကောင်းပြောခြင်းဖြစ်လေသည်။
ရှုချွေ့ဟွာက လီလီကျွမ့်ရဲ့ ပုခုံးကို ပုတ်ပြီး နှစ်သိမ့်ကာ “လုလန်လန်က စိတ်ပုတ်တာပေါ့ သူအခုနင့်ကို မကူညီပေးဘူးဆိုတော့ နင်လည်းဆက်မပေါင်းနဲ့တော့”
“ဟုတ်တယ်!” လီလီကျွမ့် က ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်သည်။ လုလန်လန်က အသုံးမကျသဖြင့် သူဆက်၍မပေါင်းချင်တော့ပေ။
ကျောင်းရှုလန်က မလှမ်းမကမ်းတွင် ရပ်နေကာ လီလီကျွမ့်၏ စကားကို ကြားသောအခါ “လီလီကျွမ့် နင်ကွယ်ရာမှာလည်း အချိုးကမပြေဘူးပဲ
လုလန်လန်က နင့်က်ုအရင်က လုံးဝကာကွယ်ပေးတာတောင် နင်က ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ သူ့နောက်ကွယ်မှာ ဒီစကားပြောတယ်
သူဝတော့ရော ဘာဖြစ်နေလို့လဲ နင့်ထိခိုက်သွားလားလုလန်လန်က နင်လိုသူငယ်ချင်းမျိုးရထားတာ ကံဆိုးတာပဲ နင်သူကို ထပ်ဒုက္ခပေးဖို့ မကြံနဲ့တော့ “
ကျောင်းရှုလန် ရုတ်တရက် ပေါ်လာသဖြင့် လီလီကျွမ့် လန့်သွားလေသည်။
သူမသည် ရှုချွေ့ဟွာ နှင့် ကောင်းမွန်သောဆက်ဆံရေး ရှိသောကြောင့် တစ်ခုခုပြောနိုင်သော်လည်း ကျောင်းရှုလန်က ပြသနာရှာပါက ပိုဆိုးကုန်လိမ့်မည်။
ကျောင်းရှုလန်ကို မျက်နှာမူကာ လီလီကျွမ့် သည် အနည်းငယ် ရှုံ့တွပြီး ကျောင်းရှုလန် ကို “ကျောင်းရှုလန် သူများကိစ္စတိုင်းကို နင်ဝင်ပါမနေနဲ့!”
ကျောင်းရှုလန်က ရယ်မောလိုက်ပြီး “ငါကဝင်ပါနေတာမဟုတ်ဘူး အမြင်မတော်လို့ လုလန်လန်က သူ့နောက်ကွယ်မှာ နင်သူ့အကြောင်းပြောနေတာတွေ သူမသိဘူးမလား အေးငါသွားပြောမယ် သူကနင်လိုလူမျိုးနဲ့ သူငယ်ချင်း မဖြစ်သင့်ဘူး”

أنت تقرأ
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
عشوائيလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000