Chapter 32

3.4K 318 1
                                    

Chapter 32

ဝေကောင်း ကသူမ ဖက်ကိုလိုက်သည်ကို မြင်သောအခါ အဲဒါကကောင်းတယ်လို့ ရှုလန် တွေးလိုက်သည်။ သူမရဲ့ အဖေက နောက်ဆုံးတော့ ဉာဏ်အလင်းပွင့်သွားပြီး ယုမိန် နဲ့သူ့သမီးဖက်ကို ရူးမိုက်စွာဖြင့် မယိမ်းယိုင်တော့ပေ။

ဝေကောင်း က သူမနဲ့ ရှုကျူး အပေါ်ကောင်းပေးမယ်လို့ သူမ မမျှော်လင့်ထားပေ။ သို့သော်လည်း သူ့ကို အခြေခံ ဆင်ခြင်တုံတရားရှိစေချင်ပြီး ယုမိန် နဲ့ လီကျွမ့် တို့ဖက်ကို လိုက်ပြီး မလျော်မကန် မသင့်တော်တာကို ဘက်မလိုက်စေချင်ရုံပင်။

သူ့ရဲ့ မြင်မကောင်းတဲ့ အမူအရာကို မြင်လိုက်ရသောအခါ ယုမိန် ကနှုတ်ခမ်းဆူသွားပြီး ဘာမှထပ်မပြောတော့ပေ။

ဝေကောင်း ကသူ့သမီးကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ “ ရှုလန် ဒါက‌ တကယ်အရေးမကြီးပါဘူး။ တောင်းယမ်းတာကနေ ဘာမှမရခဲ့တာကလည်း အဆင်ပြေပါတယ်။ အစားအစာတွေကို တောင်းယမ်းရတာက ခက်တယ်လေ။ ငါယုံကြည်တယ် မင်းရဲ့အဒေါ်မိန် ကမင်းရဲ့ ‌ကြင်နာတဲ့ ရည်ရွယ်ချက်ကို နားလည်လိမ့်မယ်လို့လေ။”

သူထိုသို့ပြောယင်း ယုမိန် ကိုလည်း မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

ဒီတစ်ကြိမ်တွင် ရှုလန် က ယုမိန် အတွက် ခရိုင်ရုံးကိုတောင် သွားပြီး အစားအစာတွေ သွားရှာခဲ့တယ်။ သို့သော်လည်း လီကျွမ့် ကကောင်းပေမဲ့ ဒီလို ဘာမှကို မစဉ်းစားနိုင်ဘူး။ ထိုအစား သူမက ဒီလိုစကားတွေကို သူ့သမီးကို ပြောခဲ့သေးတယ်။

ဝေကောင်း ကအရူးမဟုတ်ပါ။ ဘာလို့ဆိုတော့ သူ့ရဲ့နှလုံးသားမှာ သူ့ကိုယ်ပိုင် ဆင်ခြင်တုံတရား ရှိနေလို့ပင်။

ရှုလန် သာပျင်းနေမယ်တို သူမ ခရိုင်ရုံးကို သွားမှာ မဟုတ်ဘူး။ နှိုင်းယှဉ်ရမယ်ဆိုရင် အလုပ်လုပ်ပြီး အလုပ်ရမှတ်ယူတာနဲ့ဆို စားစရာတွေကို သွားတောင်းယမ်းတာက သေချာပေါက် မလွယ်ကူလှပေ။

အဲဒီအပြင် လူကြီးတွေတောင် ခရိုင်ရုံးကို နှစ်နာရီလောက် လမ်းလျှောက်ရတာ။ ရှုလန် ဆို အဲဒီကို ရောက်ဖို့ အချိန်တောင် ပိုပေးရလိမ့်မယ်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now