Chapter 126

2.5K 253 0
                                    

Chapter-126 သီးစုံ ဝက်အူချောင်းကြော််(၁)

ဒေါ်လေးချန်း၏ မျက်လုံးများ နီရဲနေပြီး “မင်းက သဘောကောင်းလိုက်တာ”

အစပိုင်းမှာတော့ ဦးလေးချန်းက ကျန်းချန်းကို ဗဟုသုတများစွာကို လက်ဝယ်သင်ခဲ့ပြီး ကျန်းချန်းကို မိမိတို့ကလေးအဖြစ် အမြဲမှတ်ယူခဲ့သည်။

ကျေးဇူးတင်ဖို့ကောင်းသည်က ကျန်းချန်းသည် အစပိုင်းမှ သူ၏ကြိုးစားအားထုတ်မှုအတွက် ယခုမှသာ ရရှိနိုင်မည်ဖြစ်သည်။

ကျန်းချန်း၏ ရည်ရွယ်ချက်ဖြစ်သည်ကို သိသဖြင့် ဒေါ်လေးချန်းသည် ကျန်းချန်းကို မငြင်းဘဲ ရေတစ်ခွက်သောက်ပြီး  သူ့အိမ်သို့ လာသည့် ကျန်းချန်းကို အမြန်နှုတ်ဆက်လိုက်သည်။

ကျောင်းရှုလန်ကလည်း ဒေါ်လေးချန်းကို နှုတ်ဆက်ပြီး အိမ်ထဲဝင်သွား၏။

ကျောင်းရှုလန်က ဝက်အူအနည်းငယ်ကို ဝယ်လိုက်သည်က ဒေါ်လေးချန်းအတွက် မထူးဆန်းပေ။

အသား တစ်ခုခုသာ ကျန်မယ်ဆိုရင် ဒေါ်လေးချန်းက သူမက အနံ့အသက်ရှိတဲ့ ဝက်အူတွေကို ဝယ်မည်မဟုတ်ဟု ခန့်မှန်းမိလေသည်။

ဒါပေမယ့် အိမ်မှာ ထိုသို့ဖြစ်ထဲက သူတို့ဟာ တစ်နှစ်ပတ်လုံး ဝက်သားကို အကြိမ်ပေါင်းများစွာ မစားနိုင်ခဲ့ကြဘဲ လစဉ်ရရှိတဲ့ သီးနှံတွေမှလွှဲ၍ အသားလက်မှတ်တွေတောင် မရှိကြပေ။

ရပ်ကွက်ထဲမှာ သူတို့လို လူတွေအများကြီးရှိပေသည်။  ယနေ့ခေတ်တွင် လူတိုင်းသည် ဆီနှင့်ရေကဲ့သို့ မပေါများသော အသားကို အချိန်အကြာကြီး မစားနိုင်ကြပါ။

ဝက်အူတွေ၏ အရသာက ဝက်သားထက်နည်းနည်းပိုဆိုးပေမယ့် ဝယ်မယ့်သူတွေ အများကြီးရှိပါသေးသည်။

အကြောင်းမှာ ၎င်းက အသားလက်မှတ်မလိုသည့်အပြင် ဈေးသက်သာသောကြောင့်ပင်ဖြစ်သည်။

အသားဝယ်ရန်မတတ်နိုင် မဝယ်နိုင်သူများအတွက် ဝက်အူဝယ်စားခြင်းကလည်း တွက်ချေကိုက်သည်။

ကျန်းချန်း၏ နေရေးထိုင်ရေးသည် အမြဲတမ်း ကောင်းမွန်နေသဖြင့် ထိုအရာများကို သူနားမလည်နိုင်ပေ။  ကျောင်းရှုလန်က ရွာ၌နေသူ တစ်ဦးဖြစ်သဖြင့် ဝက်အူများကိုဝယ်စားခြင်းက အဆန်းမဟုတ်ပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now