Chapter 41

3.4K 346 0
                                    

Chapter 41 ခရိုင်ရုံးသို့သွားခြင်း-၁

ရှုလန် ရဲ့စကားများကို နားထောင်ပြီးနောက် လီကျွမ့် အတွက် စကားအနည်းငယ် ပြောပေးချင်ခဲ့သော ဝေကောင်း ပင် ချက်ချင်း ပါးစပ်ပိတ်သွားခဲ့သည်။

သူ့စိတ်ထဲတွင်လည်း လီကျွမ့် အပေါ် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ လီကျွမ့် ၏ ပျင်းရိမှုက သူထင်ထားတာ ထက်ပင် ပိုဆိုးနေခဲ့သည်။ တစ်ရက်လုံးမှာ အလုပ်မှတ်နှစ်မှတ် သာရအောင် သူမ ဘယ်လိုလုပ်နိုင်ရတာလဲ။ အလုပ်လုပ်တာမဟုတ်ဘဲ အလေလိုက်နေတာဘဲဖြစ်ရမယ်။ ဝေကောင်း ရဲ့ မျက်နှာပေါ်က ဒေါသအရိပ်အရောင်တွေကြောင့် ယုမိန် လည်း လီကျွမ့် အတွက်ကူပြီး ထပ်မပြောပေးရဲတော့ဘူး။ “ဘာလဲ။ နင်က ဒါကို နည်းတယ်လို့ထင်နေတာလား။ အဲ့ဒါဆို နင်စားမနေနဲ့တော့။ ငါတို့ကိုပဲပေးလိုက်တော့။” ရှုလန် က လီကျွမ့် ကိုလှမ်းကြည့်ပြီး အေးစက်စွာဆိုလိုက်သည်။ လီကျွမ့် လည်းရွေးချယ်စရာမရှိဘဲ သူမရဲ့ ပန်းကန်ကိုသာ ဒေါသတကြီး ဖြင့် ကိုင်၍ ကျန်နေသော ခေါက်ဆွဲများကို ဆက်လက်စားခဲ့သည်။ ဒါပေမဲ့ ရှုလန် ပေါ်ထားတဲ့ သူမရဲ့မကျေမချမ်းမှုက ပိုမိုနက်ရှိုင်းလာခဲ့သည်။ 

သေစမ်း။ ရှုလန်...  နင်စောင့်နေစမ်းပါ။ ငါ့မှာသာ အခွင့်အရေးတစ်ခုရလို့ကတော့ နင့်ကိုကောင်းကောင်း ပညာပေးပစ်မယ်။ သူမခံစားခဲ့ရသော နစ်နာချက်များအတွက် ပြန်လည်ကလဲ့စားချေရပေမည်။

ရှုလန် က ညစာချက်ခဲ့သောကြောင့် လီကျွမ့် ကို ဝေကောင်း က ပန်းကန်ဆေးခိုင်းခဲ့သည်။ ရှုလန် က ဝေကောင်း ကို နောက်နေ့ အစားအစာကဏ္ဍအတွက် ခရိုင်ရုံးသို့သွားရောက်တောင်းဆိုမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။ သူ့ကို နောက်တစ်ခေါက် ထွက်ခွာဖို့အတွက်လည်း မေးမြန်းခဲ့သည်။ ထို့နောက် ရှုလန် သည် သူမအခန်းသို့ စောစောစီးစီး ပြန်သွားခဲ့သည်။ တစ်ယောက်ထဲ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ရှုလန် သည် တခုခုထပ်စားခဲ့သည်။ ထို့နောက် သူမရဲ့ နေရာလွတ်ထဲမှာ သိုလှောင် ထားသော အလှကုန်ပစ္စည်းများကို ထုတ်ယူကာ သူမရဲ့ မျက်နှာပေါ်တွင် လိမ်း၍  မျက်နှာ mask တစ်ခုကိုကပ်ရင်း အိပ်ရာထပ်တွင် လှပစွာ လှဲလျောင်းအိပ်စက်ခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်حيث تعيش القصص. اكتشف الآن