Chapter 8

4.4K 463 1
                                    

Chapter-(8)  တစုံတယောက်အားကယ်တင်ခြင်း

ရှုလန် သည် ကျင်းဟွ ရဲ့ကျေးဇူးပြန်ဆပ်မှုကို စိတ်မဝင်စားပေ။ သူမသည် သူ့မရှေ့တွင် ညိုးနွမ်းနေသော ဘဝနေထိုင်မှုကို မကြည့်ရက်၍သာဖြစ်သည်။

ကမ္ဘာကြီးရဲ့ အဆုံးမှာတော့သူမက ဒီလိုမြင်ကွင်းတွေအများကြီးမြင်တွေ့ခဲ့ရပါတယ်။ အသက်ရှင်ဖို့ ဘယ်သူမှအလုပ်မလုပ်ကြပါဘူး။ ရှုလန် သည် ကမ္ဘာကြီးရဲ့အဆုံးသတ်ကို တွေ့ကြုံခံစားပြီးနောက် အသက်၏တန်ဖိုးကို သိရှိလာတယ်။

ကမ္ဘာပျက်ကိန်းရောက်ရှိလာခြင်းကို ရင်ဆိုင်နိုင်ရင် ရှုလန် က ပစ္စည်းအမြောက်အမြားကို သိုလှောင်ရုံသာမက ကမ္ဘာပျက်ကိန်း မဖြစ်ပွားမှီ အခြေခံဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာဗဟုသုတတချို့ကို လည်းသင်ယူခဲ့တယ်။ ဒါကြောင့်သူမနဲ့သူမအဖော်များကလဲ အနာဂတ်တွင် ဒဏ်ရာရသူများအား ဆေးကုသပေးနိုင်ပါတယ်။

ရှုလန် က အဆိပ်ပြင်းတဲ့မြွေကိုက်ခံရပြီးနောက်မှာ မိမိကိုယ်မိမိကယ်တင်နည်းကိုသိလာခဲ့တယ်။

ကျင်းဟွ ရဲ့ခွင့်ပြုချက်ရတော့ ရှုလန် ကခေါင်းညိတ်ပြီး ကုန်းဒင် ဆီအမြန်သွားလိုက်တယ်။ကုန်းဒင် သည်ခြေကျင်းဝတ်တွင် ကိုက်ခံရတာဖြစ်တယ်။

ရှုလန် ဟိုဟိုဒီဒီကြည့်လိုက်ပြီး စပျစ်နွယ်ပင်ကိုမြင်လိုက်ကာ ဆွဲထုတ်လိုက်ပြီး ကုန်းဒင် ရဲ့လက်ဝါးကပ်တိုင် အဆစ်အထက်တွင် အဆစ်တစ်ခုကိုချိတ်လိုက်တယ်။ ချည်နှောင်ခြင်းမှာသွေးကြောနဲ့အတူ အဆိပ်များမပြန့်ပွားစေရန် အဆိပ်ကို တားဆီးရန်ဖြစ်တယ်။ အခြေအနေကပြင်းထန်လာတယ်။

ရှုလန် ကုန်းဒင် ရဲ့ဒဏ်ရာကိုကြည့်လိုက်တော့ ဒဏ်ရာမှာ မြွေသွားများမကျန်ရှိကြောင်း အတည်ပြုလိုက်ပြီး အတွင်းဘက်တွင်အနက်ရောင်သွေးများ အတင်းညစ်ထုတ်လိုက်တယ်။

“ငါ့ကိုရေနည်းနည်းပေး၊ ပြီးရင်ရေအချို့ကို သောက်ဖို့ပြင်ထားပေး”

ဘေးနားကစိတ်အားထက်သန်တဲ့လူတွေ ရေကိုကမန်းကတန်း ယူလာပေးကြသည်။ ရှုလန် ရေရပြီးဒဏ်ရာကိုဆက်လက်ဆေးကျောလိုက်တယ်။ ပြီးခါနီးမှာ ရှုလန် က ရေကို ကြွေရည်ကန်ထဲထည့်ပြီး ယူဆောင်လာခဲ့တယ်။ လူတိုင်းက သူမကိုအာရုံမစိုက်မိတဲ့အချိန်မှာ သူမကနေရာလွတ်ထဲက ဂျီ မြွေအဆိပ်ဖြေဆေးကို ကုန်းဒင် အတွက်ယူလာပေးခဲ့တယ်။

ကံကောင်းစွာဖြင့် နေရာလွတ်ထဲမှာ ဆေးတွေအများကြီးရှိတယ်။မဟုတ်ရင် ဒီအခြေအနေက ဒီနေ့
တကယ်ကို့စိတ်ကူးကြည့်လို့မရမနိုင်တော့ဘူး။
အလွန်အမင်းစူးစိူက်ရသောကြောင့် ရှုလန် ကျောပေါ်တွင် ချွေးများထွက်လာလေတယ်။

ခဏ ကြာတော့ ကုန်းဒင် နေကောင်းသွားတယ်။

ကုသမှုအချိန်မှီပြီး မူးလဲသွားသော ဒင် က နိုးလာပြီး နှုတ်ခမ်းများမှာ ယခင်လိုမှေးမှိန် သွားကာ ပိုကြည့်ကောင်းလာတယ်။

ရှုလန် က ဒင် ကိို ကယ်တင်ခဲ့ပြီး လူတွေကသူမကိုသဘောကျကြည့်နေပေမဲ့ သူမကိုကြည့်နေတဲ့မျက်လုံးတွေက ရုတ်တရက်အနည်းငယ်ကွဲပြားသွားခဲ့တယ်။

ကျင်းဟွသည် ဒင် နိုးလာတာမြင်တော့ ချက်ချင်းပွေ့ဖက်လိုက်ပြီး မျက်ရည်များကျကာ “ကုန်းဒင်  မေမေ အချစ်လေး ကံကောင်းစွာနဲ့မင်းနေကောင်းလာပြီ ၊ မင်းတခုခုဖြစ်ရင် အမေဘယ်လိုနေရမလဲကွယ်”

ကုန်းဒင် အဖြစ်အပျက်တွေကြားပြီး ထိတ်လန့်သွားကာ ကျင်းဟွ ကိုဖက်ပြီး ငိုကြွေးနေခဲ့တယ်။ငိုပြီးနောက် ကျင်းဟွ က သူ့သား၏ကယ်တင်ရှင်ကို သတိသွားပြီး ရှုလန် ထံဒူးထောက်ကာ

“သမီး ရှုလန် ဒီနေ့မင်းသာမရှိရင် ဒင် သေလိမ့်မယ်၊ မင်းရဲ့ကြင်နာမှုကို ငါ့ရင်ထဲမှာအမြဲရှိနေမှာပါ၊ ကျေးဇူးအရမ်းတင်ပါတယ်ကွယ်”

ရှုလန်က ကျင်းဟွကို အလျင်စလိုဆွဲတင်လိုက်ပြီး
“ရပါတယ်အန်တီ၊ အဖွဲ့ထဲက ရွာသူရွာသားများအားလုံးက အချင်းချင်းကူညီသင့်တယ်လေ၊ သမီးအစွမ်းကုန်လုပ်နိုင်ပါတယ်၊ ဒါကြောင့်အန်တီဘာမှစိတ်မပူပါနဲ့၊ ကျွန်မယုံပါတယ် နောင်လဲကျွန်မတို့မိသားစူမှာ အခက်အခဲရှိရင် အန်တီကျွန်မတို့ကို ကူညီမယ်ဆိုတာ “

ရှုလန် ရဲ့စကားကိုကြားပြီးနောက် လူတိုင်းက ရှုလန် က မြွေအဆိပ်ကို ကိုင်တွယ်နိုင်ကြောင့် ခံစားခဲ့ရရုံသာမက အရေးကြီးဆုံးအချက်မှာ သူမသည် အကျင့်စာရိတ္တကောင်းမွန်ပြီး ကိုယ့်ကိုယ်ကို ဂုဏ်မယူတတ်သူဖြစ်ကြောင်းသိလာတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုလုပ်နိုင်တာရှားပါတယ်။
ဒါကြောင့် တစ်ယောက်ပြီးတစ်ယောက် ရှုလန် ကိုချီးကျူးကြတယ်။

ရှုလန် ပြောတာကို  ကြားတဲ့အခါ သူ့နှလုံးသားထဲမှာ ရှုလန် ရဲ့ကြင်နာမှုတွေက တုန်လှုပ်ဆဲပါ။

ရှုလန် က မိထွေးနဲ့အတူအိမ်တွင်အခက်အခဲရှိနေကြောင်း ကျင်းဟွ သိပြီး ရှုလန် က အလွန်ကြီးမားသော ကျေးဇူးကြွေး ကိုတင်ထားသောကြောင့် နောင်တွင် ရှုလန် ကို မည့်သူမဆိုအနိုင်ကျင့်ပါက သူမကိုပထမဆုံးကူညီသူဖြစ်မှာသေချာပါတယ်။

Zawgyi

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now