Chapter-142 လီကျွမ့်နှင့်အလောင်းအစား ပြုလုပ်ခြင်း(၅)
မားယုမိန် သည် စိတ်ညစ်ကာ ကျောင်းရှုကျူးကို စားရန် နည်းနည်းပေးခဲ့သော်လည်း ကျန်သောဝက်အူများကို သူပါးစပ်ထဲသို့ သွင်းလိုက်သည်။
ဒါပေမယ့် ဒီနေ့ကိစ္စမှာ သူမအလွန် မှန်းသိသဖြင့်ကျောင်းရှုလန် ကျောင်းရှုကျူးကို စားစရာပို့ပေးသည်ကို ဘာမှမပြောဘဲ လွှတ်ထားလိုက်သည်။
ကျောင်းရှုလန်လည်း စားပွဲမှာထိုင်ပြီး ပြောင်းဖူး ပေါက်ပေါက်ကိုသာစားလိုက်လေသည်။
ဝက်အူတွေကို မစားရတာကြာပေမည်။ ဒီတစ်ခါတော့ စားချင်သည့်အရာကို စားသွားနိုင်လေပြီ။
လီလီကျွမ့်က ညစာစားပွဲမှာ ဒီမိသားစုက ဝက်အူတွေကို စားရင်းနဲ့ ချီးကျူးလိုက် ပြောင်းဖူး ဂေါ်ဖီနဲ့ပြုတ်ထားတဲ့ ကြာဇံတွေကို စားလိုက်လုပ်နေသည်ကို တွေ့လိုက်ရသည်။ ကြာဆံပြုတ်မှာ မည်မျှအရသာရှိမည်ကို သူသိသဖြင့် တံတွေးမမျိုချပဲ မနေနိုင်တော့ပေ။
လီလီကျွမ့် သည်းမခံနိုင်တော့တဲ့အတွက် သူမဟာ သူမရဲ့ လက်ကို ဆန့်ထုတ်ပြီး ဝက်အူတစ်ပိုင်းကို စားရန်ကောက်ယူဖို့ ပြင်ဆင်လိုက်သည်။
လူတိုင်းက ပျော်ပျော်ပါးပါး စားနေကြတယ်လို့ ထင်ရပြီး ဘယ်သူမှ သူ့ကို သတိထားမိမှာ မဟုတ်ကြပေ။
ရလဒ်အနေဖြင့် ကျောင်းရှုလန်က လီလီကျွမ့်၏ တူချောင်းများကို တွန်းထုတ်လိုက်သဖြင့် ပြုတ်ကျသွားလေသည်။
လီလီကျွမ့်က သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး “ကျောင်းရှုလန် နင်လွန်လာပြီနော်”
“ငါလွန်လာတယ်? လီလီကျွမ့် နင်ပြောတဲ့စကား နင့်ဟာနင်မေ့သွားတာလား ငါချက်တဲ့ ဝက်အူကို နင်မစားနိုင်ဘူးလို့ပြောတာတောင် သိပ်မကြာသေးဘူးနော်
အဲ့စကားကို မှတ်မိသေးလား
အေးပေါ့လေ ဘယ်လောက်ပြောပြော ခွေးလေးတွေက ဘယ်မှတ်ထားပါ့မလဲ “
လီလီကျွမ့်၏မျက်နှာသည် နီမြန်းနေပြီး ဒေါသနှင့် စားချင်စိတ်ကြောင့် တစ်ချိန်တည်းတွင် သူမ အသက်ရှုကြပ်ကာ ကျောင်းရှုလန်ကို “ကျောင်းရှုလန် နင်တွန့်တိုလိုက်တာ နင်ဝက်အူတွေ ဒီလောက်စားကောင်းမဲ့ပုံမှန်း ငါမသိဘူးလေ သိရင် ငါဘယ်ပြောပါ့မလဲ အခုသိသွားပြီမလို့ နည်းနည်းတော့ စားခွင့်ပေးလိုက်ဟာ”

YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000