Chapter 174 - အသားစားကြခြင်း(၂)
ဝက်အူ ဝက်အဆုတ်နှင့် ဝက်သွေးကို ပြုလုပ်ရာတွင် အသုံးပြုရသော ပစ္စည်းများမှာ ဈေးပိုကြီးသည်။
21 ရာစုနှင့် နှိုင်းယှဉ်ပါက ဆီပမာဏသည် ပုံမှန်ဖြစ်နိုင်သော်လည်း ယခုခေတ်နှင့် နှိုင်းယှဉ်ပါက ဆီအနည်းငယ်သာ သုံးနိုင်ပြီး အချို့ဆို ဆီမသုံးနိုင်ကြပေ။
ကျောင်းရှုလန်သည် ယခင်က ကျန်းမိသားစုအတွက် ဆီနှစ်ကီလိုဂရမ်ကို ဝယ်ယူခဲ့သော်လည်း ချက်ပြုတ်သည့်အခါ ကျန်းမိသားစု၏ဆီ မသုံးဘဲ နေရာလွတ်မှသာ ယူခဲ့သည်။
အခြားဟင်းခတ်အမွှေးအကြိုင်များကို တိတ်တဆိတ် ကြိုထည့်ထားသည်။
ကျန်းမိသားစုတွင် ငရုတ်သီးများရှိသည့်အတွက် အဆင်ပြေလေသည်။ မြေကွက်လပ်၌စိုက်ထားသော ငရုတ်သီးများအား အခြောက်ခံထားသဖြင့် သူမထည့်လိုက်သည့်အခါ မသိသာတော့ပေ။
အိုးနှစ်လုံးက ပူလာပြီး နာရီဝက်အကြာတွင် ဝက်ကလီစာနှင့် ဝက်သွေးတွေ အကုန်ကျက်သွားလေသည်။
ဝက်အူနှစ်ပွဲ ဝက်အဆုတ်နှစ်ပွဲ နှင့် ဝက်သွေးသုံးပွဲတို့ဖြင့် ခင်းကျင်းထားသည်။ သူတို့ ထမင်းတခါစားပါက ဟင်းလျာသုံးမျိုးကို တပြိုင်နက်ထဲ စားလာနိုင်ပေသည်။
ကျောင်းရှုလန်က ခွဲပြီး ဝက်အဆုတ်နှင့် ဝက်သွေးကို ပန်းကန်လုံးကြီးတစ်လုံးထဲမှာ ထည့်ကာ ကျန်းချန်းကို ပေးလိုက်သည်။ သူမသည် အသားငါးကီလိုဂရမ်ကိုလည်း ထုတ်ပြီး လုကျင်ရှန်းထံ ပို့ပေးရန် ကျန်းချန်းကို တောင်းဆိုခဲ့သည်။
ကျန်းချန်းက ကျောင်းရှုလန် ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို အနံ့ခံပြီး “ရဲဘော် ရှုလန် မင်းချက်ပြုတ်တဲ့ ဟင်းတွေက တကယ်မွှေးနေတာပဲ အကုန်လုံးက အနံ့မွှေးပြီး အရသာရှိမဲ့ပုံပဲ ကြည့်။”
ကျောင်းရှုလန်က အနည်းငယ် ပြုံးလိုက်ပြီး “ရှင် ခေါင်းဆောင်ဆီအရင်ပို့ပေး ပြီးမှစားပေါ့”
ကျန်းချန်း၏ ပါးစပ်ထောင့်တွင် တောက်ပသော အပြုံးတစ်ခုရှိနေပြီး သူက “ကောင်းပြီ!”
![](https://img.wattpad.com/cover/308624593-288-k948764.jpg)
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000