Chapter 29

3.4K 335 0
                                    

Chapter 29

ချင်ကောင်း က ရှုလန် ကိုအလွန်အားကျစွာ ကြည့်နေခဲ့သည်။ အမှန်စင်စစ်ပင် သူတို့ရဲ့ ပုံသဏ္ဌာန်ကို ကြည့်ပြီး အကဲမဖြတ်သင့်ပါ။ သူမက ကျေးလက်ဒေသက မထူးခြားတဲ့ မိန်းကလေး ဖြစ်သော်လည်း တကယ့်ကို ထရပ်ကားတွေ ပြင်နိုင်ပေသည်။

ချန်း လည်း ရှုလန် ကိုကြည့်လေလေ သူ့ရှေ့ရှိ ပိန်ပိန်ပါးပါး မိန်းကလေးက အလွန်လှပပြီး ဆွဲဆောင်မှုရှိလှသည်။

အထူးသဖြင့် ကျောက်မျက်လို တောက်ပနေတဲ့ အနက်ရောင်မျက်ဝန်း တစ်စုံပင်။

သူမ ပြုံးလိုက်တဲ့အခါ သူမပါးပေါ်တွင် ပါးချိုင့်နှစ်ခုရှိနေပြီး ချစ်စရာကောင်းလှသည်။

သူ့ကိုယ်သူ လှည့်စားမိတာ‌လား မသိပေမဲ့ သူ့ရှေ့မှာ ရပ်နေတဲ့ မိန်းကလေးက သာမာန်ထက် ထူးခြားတယ်လို့ ခံစားမိနေသည်။

ချင်ကောင်း ကအံ့အားသင့်သလိုဖြင့် “ဒါက ဘယ်လိုလုပ် ဘာမှမဟုတ်တာလဲ။ ရဲဘော် မင်း ကျွန်တော့်ကို အများကြီး ကူညီလိုက်တာပဲ”

ဘေးဖက်ရှိ ချန်းကလည်း “ရဲဘော်။ နောက်တစ်ကြိမ် ခရိုင်ရုံးကိုလာရင် ကျွန်တော်တို့က နေ့လည်စာ ဖိတ်ကျွေးလို့ရမလား”

ချင်ကောင်း ကအမြန်ပင် သူ့ရဲ့ အဆိုကို သဘောတူလိုက်ပြီး “အဲဒါဟုတ်တယ်။ ကျွန်တော်တို့ နေ့လည်စာ စားဖို့ ဖိတ်ပါရစေ။”

သို့သော်လည်း ရှုလန် ကခေါင်းခါလိုက်ပြီး “အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး။ ပြီးတော့ ဘယ်အချိန်မှ ကျွန်မ ခရိုင်ရုံးကို ပြန်လာဖြစ်မလဲ မသိဘူးလေ။ အခုတော့ ပြန်ရတော့မယ်ဆိုတော့ အရင် လုပ်စရာရှိတာ သွားလုပ်တော့လေ။”

သူမက သူမနောက်ကျောတွင် ခြင်းတောင်းကို တင်ထားပြီး ပြန်ဖို့လုပ်နေလေပြီ။

ချန်း နဲ့ ချင်ကောင်း ကသူမသည် ဆုကိုကော၊ ကျေးဇူးတင်‌တာကိုကော မခံချင်တာ မြင်လိုက်ရတဲ့အခါ သူတို့က မလိုလားသလိုဖြင့် တားလိုက်သည်။

“ရဲဘော်။ မင်းဘယ်မှာ နေတာလဲ။ ငါတို့ ပြန်ပို့ပေးမယ်လေ။ နေ့လည်စာ ကျွေးတာကို လက်မခံရင်တောင် ဒီတောင်းဆုချက်ကိုတော့ လက်ခံသင့်တယ်လေ။ ဟုတ်တယ်မလား”ချန်း ကအကြံပြုလိုက်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now