Chapter 104
ရှုလန် အဝတ်အစား ရွေးချယ်မှုအပြီးတွင် သူမသည် ဖိနပ်နှစ်ရံကိုလည်း ဝယ်ဖို့ပြင်ထားသည်။
ဒီတစ်ခါ သူ့ကံက ကောင်းသွားသည်။
အနက်ရောင် ဖိနပ်ထူတစ်ရံအပြင် ခြောက်ဆယ်ရာခိုင်နှုန်းလောက် သစ်လွင်သည့် ဖိနပ်တစ်ရံကိုလည်း ရရှိထားပေသည်။
ဒီခေတ်မှာ ရှူးဖိနပ်တစ်ရံစီးရတာက လူတော်တော်များများကို မနာလိုဖြစ်စေတဲ့ အရာတစ်ခုပင်။
သူမ ၎င်းတို့ကို ယူလာကာ ရှုကျူးအား ပြလိုက်ပါက ကလေးမလေး အရမ်းပျော်နေမှာ အသေအချာပေ။
၎င်းတို့ကို ရွေးပြီးနောက် အရောင်းစာရေးသည် ရှုလန်၏ဘောက်ချာကိုပြကာ “ဒီအဝတ်အစား နှစ်စုံက ခုနစ်ဆယ်ကနေ ရှစ်ဆယ် ရာခိုင်နှုန်းလောက် အသစ်ဖြစ်ပြီး အထည်ကလည်း ကောင်းတယ် ဒီနှစ်စုံအတွက် ဆယ့်ငါးယွမ်ပေးရပါမယ်”
“ဒီဖိနပ်တွေက ဆင့်ငါးဆယ်ဖြစ်ပြီး ဒီဖိနပ်က နှစ်ယွမ်ပါ အထည်ကူပွန်ကို သုံးလို့မရပါဘူး”
အသုံးပြုပြီးသား ပစ္စည်းများ၏ ဈေးနှုန်းသည် အသစ်ထက် သုံးဆ လေးဆမက သက်သာပါသည်။ ရှုလန်သည် အလွန်စျေးသက်သာသည်ဟု ခံစားရပြီး ကူပွန်ဖြင့်ချေရန် မလိုပေ။
အကယ်၍ သူမသာ မဝယ်ခဲ့ပါက ပစ္စည်းအသစ်နီးပါးကောင်းသည်များကို တခြားသူများက ဝယ်သွားပေမည်။
ထို့ကြောင့် သူမ အိတ်ကပ်ထဲမှ ပိုက်ဆံကို အမြန်ထုတ်လိုက်ပြီး အပြည့်အ၀ပေးချေပြီးနောက် တစ်ပတ်ရစ်ဈေးမှ ပြန်သွားလေသည်။
ဘေးနားက အမှိုက်ပစ်တဲ့ရုံ ကိုတွေ့တော့ အာရုံထားမနေပေ။ သို့သော် ထိုအချိန်တွင် တစ်စုံတစ်ယောက်က မလိုလားအပ်သော အရာများကို စွန့်ပစ်ရန် လှည်းပေါ်ကို ဆွဲတင်လိုက်သည်။
အချို့အရာများသည် အခြားသူများ၏အမြင်တွင် ကျိုးပဲ့
သွားသည်ဟု ထင်ကြသော်လည်း သူမအမြင်တွင် ထိုအရာများက ရှားပါးသောအရာများ ဖြစ်နေသည်။
ခုနက လှည်းပေါ်ကို ပစ်လိုက်တဲ့အရာတွေက ပရိဘောဂ အကျိုးတွေပင်။ ဒါပေမယ့် သေချာကြည့်လိုက်တော့ ဒီပရိဘောဂဟာ အဝါရောင် သစ်တော်သီးပန်းနဲ့ လုပ်ထားတာကို တွေ့လိုက်သည်။

ESTÁS LEYENDO
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
De Todoလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000