Chapter 90

3.1K 292 3
                                    

Chapter – 90

ဒေါ်လေးချန်းက ဟက်ဟက်ပက်ပက် ပြုံးပြီး ခေါင်းညိတ်သည်။

“ဒါပေါ့၊ အိမ်မှာ တစ်ခုခု လိုအပ်လာတဲ့အခါ ငါ မင်းကို အားနာနေမှာ မဟုတ်ဘူး ”

“အဆင်ပြေပါတယ် ဒေါ်လေး။ ဒါဆို ကျွန်မ ပြန်လိုက်ပါဦးမယ်။ အခု အလုပ်ရှုပ်နေတယ်လေ”

“သွားလေ။ ဂရုစိုက်ဦး”

ရှုလန် ထွက်သွားတာကို စောင့်ကြည့်နေပြီးနောက်မှာတော့ အိပ်ရာကနိုးလာတဲ့ ဦးလေးချန်းက လှုပ်ရှားသံတွေကိုကြားပြီး သူ့ဇနီးကို မေးလိုက်သည်။

“မိန်းမ၊ အဲဒါဘယ်သူလဲ”

ဒေါ်လေးချန်းက ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြလိုက်သည်။

“အဲ့ဒီ ကောင်မလေးကရှုလန်၊ ဒီကလေးက တကယ်ကို စိတ်သဘောထား ပြည့်ဝတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ငါတို့ရဲ့ အိုးအကွဲကို မြင်လိုက်တာကြောင့် ဖြစ်မယ်။  ဒါကြောင့် ဒီနေ့ ငါတို့မိသားစုကို အိုးအသစ်တစ်လုံး

လက်ဆောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဒီကိုလာခဲ့တာ။”

ထိုစကားကိုကြားပြီးနောက် ဦးလေးချန်းက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

“မှန်တယ်။ အဲဒီကောင်မလေးက တကယ်ကို တော်တယ်။ သူက ကြင်နာတတ်ပြီး စွမ်းဆောင်ရည်လည်းရှိတယ်။ ချန်းကလေးက ဒီလိုမိန်းကလေးမျိုးနဲ့သာ လက်ထပ်နိုင်ရင် သူ့အတွက်က ကောင်းချီးပဲ”

“ဟားဟား ဟုတ်ပါ့! ငါတို့က သူ့အတွက် *စားပွဲတွေ လှန်ပစ်ရမယ်။ ငါတို့က သူ့အခွင့်အရေးကို လက်မလွတ်နိုင်အောင် ကြိုးစားပေးဖို့ လိုတယ်၊ မဟုတ်လို့ ဒီလို မိန်းမကောင်းလေးကို တခြားသူတွေက လက်ဦးမှု ယူသွားခဲ့ရင် သူလိုချင်ရင်တောင် ငိုစရာနေရာရှိမှာ မဟုတ်တော့ဘူး”

(*စားပွဲတွေလှန်ပစ်ရမယ်၊ ကိုယ့်အပေါ် ကောင်းကျိုးပြုဖူးတဲ့ တစ်စုံတစ်ယောက်အတွက် ကောင်းကျိုးရအောင်လို့ အခြေအနေ တစ်ခုကို ပြောင်းလဲပစ်ရန် ကြိုးစားခြင်း)

ရှုလန်သည် ချန်းမိသားစုနေအိမ်မှ ထွက်ခွာပြီးနောက် သူမ၏ စားသောက်ကုန်များကို ငွေနှင့် ကူပွန်အချို့တို့

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now