Chapter 112

3K 241 1
                                    

Chapter- 112 ကျောင်းရှုလန်၏ဂရုဏာများ(၂)

ကျောင်းရှုလန်က အနည်းငယ်ပြုံးပြီး ကျန်းမိသားစုမှ အဖိုးအဖွားထံ ပြန်သွားကာ "အဘိုးကျန်း အဖွားကျန်း ရပါတယ် အားလုံးက ထုတ်လုပ်ရေးအဖွဲ့ပါ။ ထျဲ့တန်ကို ကူညီနိုင်တဲ့အခါ ကူညီပေးပါ့မယ်။ အနာဂတ်မှာ ကြုံလာမဲ့ အခက်အခဲတွေကိုလည်း သမီးကူပေးမှာပါ"

ကျောင်းရှုလန် ပြောပြီးသည်နှင့် သူမသည် ကျန်းထျဲ့တန် ကို တစ်ချက်ကြည့်လိုက်ပြီး "အဘိုးကျန်း အဖွားကျန်း ထျဲ့တန်က အားနည်းနေသေးတယ် များများစားဖို့လိုတယ် သမီးစားဖို့ပြင်ပေးမယ်

ဒီမှာ ထမင်းနည်းနည်းကျန်သေးတယ်၊ ယာဂုချက်လို့ ရလောက်တယ် "

ကျောင်းရှုလန် သည် ကျန်းမိသားစုတွင် စားစရာမရှိသည်ကို သိထားပြီး ကျန်းမိသားစုမှ ဇနီးမောင်နှံသည် ကျန်းထျဲ့တန် အတွက် အစာရရန် မျှော်လင့်ခြင်းမှာ လက်တွေ့မဆန်သောကြောင့် သူမကိုယ်တိုင် စားစရာတစ်ခုပြုလုပ်ပေးမည်ဟု ပြောခဲ့သည်။

သူမ၏နေရာလွတ်၌ အရာများစွာရှိသော်လည်း ကျောင်းရှုလန်က ၎င်းတို့ကို မယူနိုင်သောကြောင့် ထမင်းသွားယူကာ ယာဂုချက်ပြုတ်လိုက်လေသည်။

"မိန်းကလေး ရှုလန် ဘာလို့အရမ်းရှက်နေတာလဲ"

ကျောင်းရှုလန်က ဆေးကိုထုတ်ပြီး ထျဲသန့် အဖျားပျောက်အောင် ကူညီပေးပေမဲ့ ကျန်းမိသားစုက ပြန်ဆပ်ဖို့ နည်းလမ်းမရှိသေးချေ။

ယခုသူမက ထျဲ့တန်စားရန် ကူညီပေးရမည်ဖြစ်သောကြောင့် ကျန်းမိသားစုမှ ဇနီးမောင်နှံသည် ဘာပြောရမှန်းပင် မသိတော့ပေ။

ဒီမိန်းကလေးက သူတို့မိသားစုမှာ စားစရာမရှိမှန်းသိတဲ့အတွက် အရမ်းဂရုစိုက်ပြီး ဒီနေရာကို ရည်ရွယ်ချက်ရှိရှိ အစားအသောက် ယူလာပေးခြင်းဖြစ်လေသည်။

"အဘိုး ကျန်း၊ အဖွား ကျန်း၊ ထျဲသန့်က အားနည်းနေပြီး ကောင်းကောင်းစားဖို့လိုတယ် မရှက်ပါနဲ့ ထျဲ့တန်က ကလေးကောင်းတစ်ယောက်ပါ။ သူကျိန်း‌သေ နေကောင်းလာမှာ"

ကျောင်းရှုလန်က ဒီလိုပြောတဲ့အခါ ကျန်းမိသားစုက ငြင်းဆိုသည့် စကားထပ်မပြောနတော့ချေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Tempat cerita menjadi hidup. Temukan sekarang