Chapter 75

3.1K 311 1
                                    

Chapter 75 ကျောင်းရှုလန် စိတ်ဝင်စားမှု(၂)

မစ္စချန်းက ချန်း ဒီလိုမျိုးစားနေတာကိုတွေ့တော့ အစားအသောက်အတွက် လုံးဝစိတ်မပူပေ။ အဲ့အစား သူမက ပြုံးပြီး “ဟား၊ ဒီကလေး...  ချန်းက အရင်အတိုင်းပဲ လုံးဝမပြောင်းလဲဘူးနော်!”
အိမ်ရှင်အနေနဲ့ ဧည့်သည်တွေ အများကြီးစားတာကို တွေ့ရတော့ ကျေနပ်ပြီးအရမ်းပျော်နေကြသည်။

ချန်းက သူ့ပါးစပ်ထောင့်က ဆီပေနေသည်ကို သုတ်လိုက်ပြီး “ ဖက်ထုပ်တွေက အရင်အတိုင်းပဲ အရသာရှိလွန်းတယ်” လို့ ပြုံးပြုံးလေး ပြောလိုက်သည်။

“နောက်တစ်အိုးရှိသေးတယ် ချက်ထားတာ များများစားလို့ရတယ်နော်” မစ္စချန်း၏ ပြုံးနေသော မျက်လုံးများ မှုန်ဝါးလာသည်။

ချန်းက သူ့ကမ်းလှမ်းမှုကို မငြင်းဆန်ခဲ့ပါဘူး။ “ဒါဆို အဒေါ့်ကို အားမနာတော့ဘူးနော်”

“ရပါတယ်”

နောက်ဆုံးချက်ထားသည်က  စုစုပေါင်း ဖက်ထုပ်ပေါင်း သုံးဆယ့်ငါးခု ရှိသည်။

ပထမအသုတ်မှာ ဖက်ထုပ်ပေါင်း သုံးဆယ့်ခြောက်ခုဖြစ်ကာ နှစ်ဆယ်ကို ချန်းအား ပေးခဲ့ပြီး ရှုလန် အား ပေါက်စီဆယ့်ခြောက်ခုကို ပေးလိုက်သည်။ လေးဆယ့်ရှစ်ခုကို ဒုတိယအသုတ်တွင် ထပ်မံချက်ပြုတ်ခဲ့သည်။

တတိယအသုတ်အတွက် မစ္စချန်း က ချန်းကို နောက်ထပ် နှစ်ဆယ်ထပ်ပေးလိုက်ပြန်သည်။

ချန်းက သူ့ကို အများကြီး ပေးထားတာကို မြင်တော့ သူက အလျင်အမြန် တားပြီး ပြောလိုက်သည်။ “ ဒေါ်လေး အများကြီး ပေးစရာ မလိုပါဘူး ဖက်ထုပ်ဆယ်ခုပဲ ပေးပါ”

“ ဖက်ထုပ်ဆယ်လုံး နဲ့ဘယ်‌လိုလုံလောက်နိုင်မလဲ နှစ်ဆယ်ပေးမယ်”

“ ဒေါ်လေး အခုက မတူတော့ဘူး၊ အရင်ကလောက် မစားနိုင်တော့ဘူးဆိုတော့  ဖက်ထုပ်ဆယ်ခုလောက်ပေးလို့ရတယ်။ အရမ်းစားရင် ထိန်းနိုင်တော့မှာ မဟုတ်လောက်ဘူး” ထိုသိုပြောပြီးနောက် သူသည် စိုးရိမ်တကြီးဖြင့် ရှုလန်ကို စိုက်ကြည့်ရင်း သူမစိတ်ထဲတွင် သူ့ကို “အစားကြီး” သယောင်မြင်နေမည်ကို စိုးရိမ်သွားသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now