Chapter 34
အရင်ကသာ ယုမိန် အဲ့လိုပြောလာရင် ဝေကောင်း သဘောတူမှာ သေချာပေါက်ပင်။
အခုတော့ ရှုလန် ကိုကြည့်ပြီးနောက် ရှုကျူး ကိုကြည့်ကာ သူတကယ်ကို တကိုယ်ကောင်းမဆန်နိုင်ပေ။
ဒီသမီးတွေကလည်း သူ့ကလေးတွေပါ။ သူက ဒီကလေးနှစ်ယောက်ကို အကြာကြီး ဝေဒနာခံစားရအောင် လုပ်ခဲ့လေသည်။ အခုတော့ သူဒါတွေကို ပြန်ပြင်ပေးသင့်ပြီဟု တွေးလိုက်သည်။ ပြီးတော့ သူတကယ်ကို တရားလွန်တာတွေ လုပ်ဖို့ ခေါင်းမငြိမ့်နိုင်ပေ။
ဝေကောင်း ကခဏလောက် တွေးလိုက်ပြီး တည်ငိမ်စွာဖြင့် “ဒီစားစရာတွေက ရှုလန် ယူလာခဲ့တာတွေ။ ပြီးတော့ လူတိုင်း နေ့လည်မှာ တူတူစားရလိမ့်မယ်။ စားစရာ ရဖို့ နည်းလမ်းတွေ ငါရှာမယ်”
“ ဝေကောင်း “
“ကောင်းပြီ။ ဒီကိစ္စက အားလုံးပြီးသွားပြီ။ ရှုလန် ကဒီစားစရာ အချို့ကို ရဖို့ လွယ်ကူခဲ့တာမဟုတ်ဘူး။မင်းက မိထွေးဆိုပေမယ့် တကယ့်မိခင်လို ပြုမူသင့်တယ်။ဘယ်လိုဖြစ်ဖြစ် မင်းက ကလေးတွေအပေါ် ညှာတာတယ်မဟုတ်လား ။ဟုတ်တယ်မလား။ ရှုလန် ကငါ့သမီးဖြစ်ပြီး စားစရာတွေ ယူလာပေးတဲ့ သူပဲ။ သူမနောက်ဆုံးတော့ စားဖို့ တစ်ခုခုရလာတဲ့ အချိန်မှာ ငါကလည်း သူ့ကို ကောင်းကောင်း ပေးစားသင့်တယ်လေ။”
ဝေကောင်း ကဒီအခန်းထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးစရာ ထပ်မရှိဟူသည့် လေးနက်တဲ့ အမူအရာနဲ့ ရှိနေလေသည်။
သူမက ဒီညီအစ်မနှစ်ယောက်ကို ကြမ်းတမ်းတယ်လို့ ပြောနေတာက ယုမိန် ပင် ကြားလိုက်ရသည်။
သူမရဲ့ မျက်နှာက နီမြန်းသွားသော်လည်း သူမဘာမှထပ်မပြောတော့ပေ။ သူမ အနောက်ကိုလှည့်ပြီး အခန်းထဲကို ဒေါသတကြီး ဝင်သွားလေသည်။ ဝေကောင်း ကို ဒေါသထွက်တဲ့ ပုံစံနဲ့ပင်။
ဝေကောင်း ကထွက်ခွာသွားတဲ့ ယုမိန် ရဲ့နောက်ကျောကို ကြည့်ပြီး သူမစိတ်ပြေသွားတဲ့အထိ သွားချော့နေမည့်အစား သူမကို ဒီအတိုင်း သူတို့ရဲ့ အခန်းထဲသို့ ပြန်စေလိုက်သည်။
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000