Chapter 199

1.9K 143 0
                                    

Chapter-199  သူမအား တစ်ခုခုပေးခြင်း(၁)

လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးနှင့် တွေ့နေရသောကြောင့် လက်ဗလာနှင့် မပြန်သင့်ပေ။
ကျန်းချန်းက မတွန့်တိုဘဲ အိမ်ပြန်လက်ဆောင် ပစ္စည်းများ ထပ်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။

အခုသူတို့က ကုန်စုံဆိုင်များရှိရာသို့ သွားနေကြပြီး လမ်းတစ်လျှောက်မှာ တစ်ခုခုဝယ်လို့ရလေသည်။

ကျန်းချန်းက  မြို့တော်ရှိ ကုန်စတိုးဆိုင်သည် ခရိုင်ရှိ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမထက် ပစ္စည်းများ ပိုများကြောင်း သတိထားမိလေသည်။

နွားနို့ဆန်ပြုတ်နှစ်ဗူး၊ ဆန်မုန့်ကြွပ်ကြော် တစ်ပေါင်၊ ကြက်သားကိတ်မုန့်တစ်လုံး၊၊ သီးစုံစည်သွပ်ဘူး နှစ်ဗူးနှင့် သကြားညိုတစ်ထုပ်ကို ဝယ်ခဲ့သည်။

မငြင်းနိုင်မည်ကိုစိုးရိမ်သည့်အတွက် ကျန်းချန်းက ဆန်နှစ်ပြည်နှင့် စားစရာတစ်ချို့ကို ဝယ်ခဲ့သည်။
ကျန်းချန်းသည် အထူးအစား ကူပွန်များဖြင့်ဝယ်ခဲ့ပြီး မြို့ထဲတွင် ဝယ်ခြင်းဖြစ်၍ အဆင်ပြေလေသည်။
မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ်၌ စားနပ်ရိက္ခာ ပြတ်လပ်နေပြီး အစားအစာဝယ်ရန် မလွယ်ကူပေ။

ထိုကြောင့် အစား‌အသောက်ဆိုင်၌ အသားဝယ်လို့မရသည့်အတွက် ထိုပစ္စည်းများကိုသာ ဝယ်လာခဲ့ရသည်။
ကျန်းချန်းသည်  မြို့တော်သို့  ရှားရှားပါးပါး ရောက်လာသည်ဖြစ်သဖြင့် မြို့ထဲတွင် ပစ္စည်းများစွာရှိသည့်အတွက် ကျောင်းရှုလန်ကို တစ်ခုခုဝယ်ပေးရန် စိတ်ကူးခဲ့သည်။

ကျောင်းရှုလန် ဝတ်ထားသည့်အဝတ်အစားများမှာ ကွက်တိကွက်တိနှင့် ဟောင်းနွမ်းနေပြီး အသစ်မရှိသောကြောင့် ကျန်းချန်းက ကျောင်းရှုလန် အတွက် အထည်အချို့ဝယ်ကာ ချုပ်ပေးချင်လေသည်။

ကျောင်းရှုလန်ကဲ့သို့ လှပသော မိန်းကလေးက သပ်သပ်ရပ်ရပ် ၀တ်စားထားလျှင် သူမ၏ အလှမှာပိုသွားနိုင်လေသည်။

ကျန်းချန်း တွေးပြီး ကျောင်းရှုလန် ၀တ်ဆင်ထားသည်ကို မြင်တွေ့ရန် မစောင့်နိုင်တော့ပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now