Chapter 24

3.8K 314 2
                                    

Chapter 24

ရှုလန် သည် အရပ် ၁၈၀ စင်တီမီတာရှိပြီး လွတ်မြောက်ရေးဝတ်စုံ- 1960 ခုနှစ်မှ 1980 ခုနှစ်များအထိ တရုတ်လူမျိုးတို့၏ ၀တ်စားဆင်ယင်ပုံနှင့် စတိုင်များသည် အလွန်တူညီနေပါသည်။ လူတိုင်းသည် တူညီသော အစိမ်းရောင် စစ်ဝတ်စုံ၊ မီးခိုးရောင် အင်္ကျီဝတ်စုံနှင့် အပြာရောင် လွတ်မြောက်ရေး ဝတ်စုံကို ၀တ်ဆင်ထားပြီး၊ “ the blue ocean” ဟု ဖော်ပြထားပါသည်။ ထိုအရာက သူ့ကို ပိုမြင့်ပြီး ဖြောင့်မတ်ပုံပေါ်စေသည်။ သူ့မျက်နှာ၏ ကောက်ကြောင်းသည် ကြည်လင်ပြတ်သားပြီး အထူးသဖြင့် မျက်ခုံးနှင့် မျက်လုံးများက လေးထောင့်ပုံစံရှိသော အခြားလူများထက် ပို၍ သူရဲကောင်းဆန်သည်။ သူ၏ အဓိက မျက်နှာသွင်ပြင်မှာ အလွန်ကြည့်ကောင်းသည်။ ၂၁ ရာစုတွင် ငယ်ရွယ်သော မိန်းကလေးအချို့ စိတ်ကူးယဉ်ခဲ့သော ကျော်ကြားသူများနှင့် မတူသည်မှာ ယောက်ျားဆန်လွန်းသည်။

ဒီလို ရင့်ကျက်ပြီး ယောက်ျားပီသတဲ့ သူမျိုးကို သူမက နှစ်သက်နေဆဲဖြစ်တာမို့ သူမ သူ့ကို ငေးကြည့်နေခြင်းကို မထိန်းနိုင်‌ခဲ့ပါ။

သို့သော် ချောမောတဲ့သူက သူမ ငေးကြည့်နေတာကို ခံစားမိပုံရပြီး သူက သူမဘက်ကို ကြည့်လာသည်။

သူမ အနည်းငယ် ရှက်သွားပြီး အဝေးကို လှည့်လိုက်သည်။

သူမ အခြားသူတစ်ယောက်အပေါ် စိတ်အားထက်သန်စွာဖြင့် စိုက်ကြည့်နေတာက သူ့ကို သေချာပေါက် လန့်သွားစေနိုင်သည်။ ဒီခေတ်သည် အလွန်ရှေးရိုးဆန်နေဆဲဖြစ်ပြီး ယောက်ျားနှင့် မိန်းကလေးများရဲ့ ဆက်ဆံရေးမှာ အလွန်ဖြူစင်နေဆဲဖြစ်သည်။

ချောမောတဲ့လူက အကြည့်ပြန်လွှဲလိုက်ပြီး လူမရှိတဲ့ စားပွဲတစ်ခုကို ရှာကာ လေးထောင့်မျက်နှာရှိတဲ့လူနဲ့ အတူတူ ထိုင်လိုက်သည်။

လေးထောင့်မျက်နှာနဲ့ လူမှာ လုချင်ကောင်း ဖြစ်ပြီး ရှုလန် ချော‌တယ်လို့တွေးလိုက်တဲ့ သူရဲ့ နာမည်ကတော့ ကျန်းချန်း ဖြစ်သည်။

ထိုင်ပြီးနောက် ချင်ကောင်း ကပြောလိုက်သည်။ “ချန်း ငါဒီနေ့ ကျွေးမယ်။ မင်း အများကြီးစားလို့ရတယ်။ ငါ့ကို ယဉ်ကျေးနေဖို့ မလိုဘူး”

ချန်း က အမြန်ပင် လက်ကိုဝေ့ယမ်းပြီး သူ့ရဲ့ ငြင်းဆန်မှုကို ပြလိုက်သည်။ “မရဘူး။ ချင်ကောင်း ဒီနေ့ စားတာတွေကို ငါရှင်းမယ်”

ချင်ကောင်းရဲ့ တင်းမာသော မျက်နှာသည် အနည်းငယ် မပျော်မရွှင်ဖြစ်လာသည်။ “ဘယ်လိုလုပ် ဒီလိုလုပ်နိုင်မှာလဲ။ မင်းက အန်းရှင်း ကိုလာခဲ့ပြီး ငါက အိမ်ရှင်ဖြစ်တဲ့အပြင် မင်းကို ငါက ဒီနေ့လည်စာကို ဖိတ်ထားတာလေ။ မင်းက ဒီမှာကျွေးဖို့ ဘယ်လို အကြောင်းပြချက်ရှိလို့လဲ”

ချန်း ကလည်းလေးနက်စွာဖြင့် “ ချင်ကောင်း ငါ့ကိုယဉ်ကျေးမနေနဲ့။ ငါ ဒီကို လာတာက မင်းကို အနှောင့်အယှက်ပေးစရာ ကိစ္စတစ်ခုခုရှိနေလို့။ အကယ်လို့ ဒီပထဆုံးအကြိမ်သာ ငါ့ကို မဝယ်ကျွေးခိုင်းရင် ငါအနာဂတ်မှာ မင်းကို အကူအညီတောင်းဖို့ ငါအနေနဲ့ ခက်ခဲနေလိမ့်မယ်” ဟုပြောလိုက်သည်။

“ဒါဆို ဒီတစ်ကြိမ်ကို ငါရှင်းလိုက်မယ်။ မင်း ငါ့ကို နောက်တစ်ကြိမ်ဖိတ်နိုင်တယ်လေ။ ဘယ်လို သဘော ရလဲ”

“အကယ်လို့ မင်းသဘောမတူဘူးဆိုရင် ငါ ဘာအကူအညီမှ ထပ်တောင်းတော့မှာ မဟုတ်ဘူး”

ချင်ကောင်း က အကူအညီမဲ့စွာပင် ဘာမှကို ပြန်မချေပနိုင်ပေ။ “ကောင်းပြီ မင်းဒီနေ့ ရှင်းပေးလို့ရတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တည်းနော်။ နောက်တစ်ကြိမ် ထမင်းဖိတ်ကျွေးပြီး ငါကျွေးမယ်”

ချန်း က သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။ “အင်း နောက်တစ်ကြိမ်ဆို မင်းရှင်းရလိမ့်မယ်”

စားပွဲထိုးက သူတို့နှစ်ဦးဆီ လျှောက်လာပြီး မေးလိုက်သည်။ “ရဲဘော်တို့ ၊ ဘာများ မှာချင်ကြပါလဲ”

ဒါက ဖြစ်နိုင်တာပင်။ ဘာလို့ဆိုတော့ ချင်ကောင်း နဲ့ ချန်းက ရှုလန် ထက်ပိုကောင်းမွန်စွာ ဝတ်ဆင်ထားတာကို မြင်လိုက်သောကြောင့် ဖြစ်သည်။ ဒီတော့ သူ့ရဲ့ သဘောထားကလည်း သိသိသာသာ ပင်အများကြီး ယဉ်ကျေးလေသည်။

ရှုလန်က သူမရဲ့ စိတ်ထဲကနေ လှောင်လိုက်သည်။ ဟမ်း သူက တကယ့်ကို မျက်နှာကြီးရာ ဟင်းဖတ်ပါတာပဲ့။

ချန်းက” ဒီမှာ အသားရှိလား”

သူက ဒီကို သူ့သူငယ်ချင်းကို ဒကာခံမှာဆိုတော့ သူက ချင်ကောင်း ကို အရာသာရှိတဲ့ စားစရာတွေ စားစေချင်သည်။

အသားစားနိုင်မယ်ဆိုရင် အသားစားရမယ်။

စားပွဲထိုးက သူ့ခေါင်းကို လှုပ်ယမ်းပြီး “စိတ်မရှိပါနဲ့။ အမဲသား၊ ဝက်သား၊ သိုးသား ဒါတွေအားလုံးက ဒီနေ့ ကုန်သွားပြီ။”

“ဒါဆို ဒီမှာ ဘာရှိသေးလဲ” ချန်း က ရှုလန် လိုပင် စိတ်ပျက်စွာ မေးလိုက်သည်။

“ ဒီမှာ ထမင်း၊ဂျုံ နဲ့ ဟင်းသီးဟင်းရွက် ဟင်းပွဲတွေ‌ ရှိတယ်”

“ဒါက အကုန်ပဲ့လား။ ထပ်မရှိတော့ဘူးလား”

“ရဲဘော်။ တောင်းပန်ပါတယ်။ ကျွန်တော်တို့ရဲ့ စားသောက်ဆိုင်မှာ ပါဝင်ပစ္စည်းတွေက အကန့်အသတ်ပြည့်သွားပြီ။ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ပါဝင်ပစ္စည်းတွေ မရတော့ စားသောက်ဆိုင်မှာ ရောင်းဖို့ မလုံလောက်ဖြစ်နေတာ။ ဒီတော့ ဒီဟင်းပွဲတွေကိုပဲ ချက်ပြုတ်နိုင်တယ်”

ချင်ကောင်း က အမြန်ပင်ပြောလိုက်သည်။ “ ချန်း၊ နေရာတိုင်းမှာ စားသောက်ကုန်တွေ ပြတ်လပ်နေပြီး စားသောက်ဆိုင်တွေမှာတောင် ပါဝင်ပစ္စည်းတွေ မကြာခဏ ချို့တဲ့နေတယ်လေ။ ဗိုက်ပြည့်နေသရွေ့တော့ စားလို့ကောင်းတာပဲ့။ အဲဒါကို သိပ်ပြီးမစဉ်းစားနဲ့”

ချန်းကသူ့သူငယ်ချင်းကို အရသာရှိတာတွေ ကျွေးဖို့ ဖိတ်ထားနိုင်တယ်ဟု တွေးထားလေသည်။ သို့သော်လည်း ဒီဟင်းတွေပဲ့ရှိမှတော့ ဒီစားသောက်ဆိုင်က ဟင်းအချို့ကို မှာလိုက်သည်။

သူက ခေါက်ဆွဲ နှစ်ပွဲကို မှာလိုက်ပြီး သူတို့က အရွယ်ရောက်ပြီးတဲ့ ယောက်ျားနှစ်ယောက်ဖြစ်သောကြောင့် ပိုစားနိုင်သဖြင့် ပန်းကန်ထဲ ပိုထည့်ပေးရန် ပြောလိုက်သည်။ ထို့အပြင် ဂေါ်ဖီထုပ်နှင့် ကြာဇံပြုတ်ပန်းကန်လုံး၊ ကြော်ထားသော အာလူးကြော်တစ်ပန်းကန်၊ ဂေါ်ဖီထုပ်နှင့် ကြက်ဥပြုတ်ဟင်းချိုတစ်ပန်းကန်တို့ကိုလည်း မှာခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now