Chapter 181 - ပစ္စည်းကောင်းများ ဝယ်ယူခြင်း(၁)
ကောင်းအိုက်ဖန်က ရှင်းပြချင်ပေမယ့် ရှင်းပြဖို့ အရမ်းနောက်ကျသွားတဲ့အတွက် စိတ်ဆိုးကာ လုရှောင်းဟောင်ကို သူမ တွန်းထုတ်လိုက်သည်။
ကံမကောင်းစွာဖြင့် သူမ ကျောင်းရှုလန် နောက်လိုက်ရန် ပြင်နေစဉ် ကျောင်းရှုလန် ပျောက်သွားလေသည်။
ကောင်းအိုက်ဖန်က မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး မျက်ရည်များဝဲလာသည်။
ကောင်းအိုက်ဖန်ကို မြင်တော့ လုရှောင်းဟောင်က ချက်ချင်းမေးလေသည် “မေမေ ဘာလို့ ငိုနေတာလဲ။ ဘာအတွက် ငိုနေတာလဲ။
ဘာပဲပြောပြော တော်ပါသေးတယ် သူမလိမ်သွားတာ။သူ့ထက်ဈေးပိုချိုတဲ့ လူတွေရောင်းကြမှာပါ သူ့အတွက်ပိုက်ဆံမဖြုန်းချင်ပါနဲ့ “
လုရှောင်းဟောင်က ဘာမှပြန်မပြောပေမယ့် ကောင်းအိုက်ဖန်က ဒေါသတကြီးနဲ့ “နင်ဘာသိလို့လဲ ဈေးကွက်ထဲမှာတောင် အဲ့လောက်မရဘူး ဈေးတွေကကြီးနေတာ သူကသုံးယွမ်ပဲပေးရမှာ။ သူရောင်းတာတွေကလည်း သန့်ထားတဲ့စပါးတွေချည်းပဲ။ နင်ကြိုက်တဲ့နေရာလိုက်မေးကြည့် အဲ့ဈေးနဲ့ အဲ့လောက်ပမာဏ ဘယ်မှာမှ မရဘူး
နင့်ဦးလေးရဲ့ အကူအညီနဲ့ရှာတွေ့ထားတာ အခုတော့ နင်လုပ်လို့ နင်အလုပ်မရနိုင်တော့ဘူးလေ “
လုရှောင်းဟောင်က ကောင်းအိုက်ဖန် ပြောတာကို ကြားတော့ သူမ အံသြသွားတယ်။
“အမေ အပြင်မှာ တကယ်ဝယ်လို့မရဘူးလား”
“ဘာလဲ ဝယ်လို့ရလိမ့်မယ်လို့ ထင်နေတာလား သန့်ထားတဲ့စပါးကိုလေ နင်သွားရှာဝယ်ကြည့်လိုက်လေ အဲ့လောက်လေကျယ်နေတာ!”
လုရှောင်းဟောင်သည် သူမ၏ ယာယီအလုပ် မရနိုင်ဟု တွေးလိုက်သောအခါတွင် သူမ အနည်းငယ် ငိုချင်လာပြီး ကောင်းအိုက်ဖန်ကို စိုးရိမ်တကြီးဖြင့် “အမေ အခု ဘာသွားလုပ်ရမလဲ”
“ဘာလုပ်ရမလဲ ဟုတ်လား ကြိုက်တာသာ သွားလုပ်တော့ မအေနဲ့ဖအေနဲ့က လမ်းခင်းပေးတယ် နင်က နင့်လမ်းကိုဖျက်ဆီးပစ်တယ် အစေ့အဆန်တစ်ရာ မရှိတော့ဘူး ဆိုတော့ ကြိုက်တာသာသွားလုပ်”
လုရှောင်းဟောင် အခု သေချင်နေပြီ။
ဒီအကြောင်းကို သူမသိခဲ့ရင် ကျောင်းရှုလန်နဲ့ ရန်ဖက်ဖြစ်မနေချေ။
ဤကမ္ဘာပေါ်တွင် နောင်တရသည့်အခါ ပြန်ပြင်ရန်ဆေးဝါးမရှိသည့်အတွက် လုရှောင်းဟောင်သည် စိတ်မသက်မသာဖြစ်ရုံမှ လွဲပြီးလုပ်စရာမရှိပေ။
ကျောင်းရှုလန်က ကောင်းအိုက်ဖန်၏ အိမ်မှထွက်ခွာပြီးနောက် အမှိုက်ရုံးသို့ သွားခဲ့သည်။
သူပြီးခဲ့သည့်ရက်က အမှိုက်ရုံကို သေချာလေ့လာခဲ့ပြီး အခုလာသည့်အခါ စာအုပ်နှင့်အခြား ပစ္စည်းကောင်းများ ရရန်မျှော်လင့်ပေသည်။
အမှိုက်စခန်းကို ပို့သည့်ပစ္စည်းများအနက် ကံကောင်းပါက ရှေးဟောင်းပစ္စည်းများ အဖိုးတန်သစ်သားနှင့် အခြားတရုတ်ရိုးရာလက်မှုပညာများကို ဝယ်နိုင်လေသည်။
ကျောင်းရှုလန်သည် အမှိုက်ရုံသို့ ဤတစ်ကြိမ်ရောက်လာသည့်အခါ၌ ကြွေထည်ပစ္စည်းသန့်လေးကို ကံကောင်းစွာဖြင့် တွေ့ခဲ့သည်။
လက်ဝတ်ရတနာများနှင့် ရှေးဟောင်းပစ္စည်းများကို နှိုင်းယှဉ်ပါက တရုတ်ကြွေထည်သည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးဖြစ်သည်။
နိုင်ငံခြားသားအများစုသည် တရုတ်နိုင်ငံသို့ စျေးဝယ်ထွက်ခြင်းကို နှစ်သက်ကြပြီး နိုင်ငံခြားသားများကြားတွင် ရေပန်းအစားဆုံးမှာ ကြွေထည်များဖြစ်သည်။
ကျောင်းရှုလန် ယူခဲ့သော ကြွေထည်ပစ္စည်းက တရားဝင်မဟုတ်သောလည်း အရည်အသွေးကြောင့် ဈေးနည်းနည်းရသည်။
ခရိုင်မှာက အကန့်အသတ်နှင့် အနည်းငယ်သာရရှိနိုင်ပါည်။ အကယ်၍မြို့ကြီးသို့ သွားရောက်နိုင်ပါက များများစားစားရနိုင်ပေမည်။
ဒီလိုကောင်းသည့် အရာတွေကို လူတွေဂရုမစိုက်ကြသည်မှာ စိတ်မကောင်းစရာပေ။
ကြွေထည်အချို့အပြင် ကျောင်းရှုလန်က အဖိုးတန်သစ်သားများစွာကိုလည်း ရရှိခဲ့သေးသည်။
စာအုပ်တချို့နှင့် တခြားမကောင်းသောအရာများကို ဖယ်ရှားလိုက်လေသည်။
ကျောင်းရှုလန်က စာအုပ်တချို့ကို ဝယ်လိုက်ကာ နေရာလွတ်ထဲသို့သိမ်းလိုက်လေသည်။
ပြီးနောက် သူမရှာနေသည့် နာမည်ကြီး ဝတ္ထုလေးပုဒ်ကို တွေ့သွား၏။။
ဒီဝတ္ထုများဟာ တန်ဖိုးရှိလွန်းပြီး 21 ရာစုမှာ ရောင်းချမယ်ဆိုရင် ငွေအများကြီးနဲ့ ရောင်းချနိုင်လေသည်။
ဤခေတ်တွင် စုဆောင်းထိုက်သည့်အရာများ အများအပြားရှိသည်။ ကျောင်းရှုလန်က အားလုံးကို လိုက်စုမည်မဟုတ်သောကြောင့် တန်ဖိုးများသည့်အရာများကို ဝယ်ယူလေသည်။
စာအုပ်များကို ရှာတွေ့ပြီးနောက် ကျောင်းရှုလန်က သင်ထောက်ကူပစ္စည်းအစုံအလင်ကို မြင်လိုက်လေသည်။
Zawgyi
ESTÁS LEYENDO
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
De Todoလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000