Chapter-195 စိုက်ပျိုးရေးသုံးကိရိယာများ ဝယ်ယူခြင်း(၂)
“ခေါင်းဆောင် ဒါဆို လယ်ယာသုံးပစ္စည်းတွေ သွားဝယ်ရအောင် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမကို သွားဂးရင် ဝယ်လို့ရလောက်တယ်!”
လုကျင်ရှန်းက ထပ်ပြီး သက်ပြင်းချရင်း “ကိုယ်တို့ရဲ့ ထောက်ပံ့ကြေးက နည်းတယ်။ပြီးတော့ အရေးကြီးဆုံးအချက်က စက်မှုကူပွန်မရှိဘူး။ လယ်ယာသုံးကိရိယာ အစုံဝယ်ချင်ရင် ပိုက်ဆံအများကြီးနဲ့ စက်မှုကူပွန်တွေ ပေးရမှာ”
ထိုမှသာ ကျန်းချန်းက လုကျင်ရှန်း ရုန်းကန်နေရသည်ကို သဘောပေါက်သွားပြီး ရင်ဘတ်ကို လက်ဖြင့်ဖိကာ “ခေါင်းဆောင် ကျွန်တော် လယ်ယာသုံးကိရိယာတွေ ကူဝယ်ပေးမယ်” လို့ လုကျင်ရှန်းကို ပြောလိုက်၏။
ကျန်းချန်း ပြောတာကို လုကျင်ရှန်း ကြားလိုက်တာနဲ့ သူ့မျက်လုံးတွေက ရုတ်တရက် တောက်ပလာပြီး အသက်ကယ်တဲ့ ကောက်ရိုးကို ကိုင်လိုက်သလိုပဲ ကျန်းချန်းအား စိတ်လှုပ်ရှားစွာနဲ့ “ရဲဘော် ကျန်းချန်း တကယ်လား? ကိုယ်တို့ကို တကယ်ကူညီပေးမှာလား?”
ကျန်းချန်းက ခေါင်းညိတ်လိုက်ပြီး “ခေါင်းဆောင် ကျွန်တော့်မှာ လယ်ယာသုံးကိရိယာတွေဝယ်ဖို့ လုံလောက်တဲ့ ငွေနဲ့ စက်မှုကူပွန်တွေရှိတယ်။ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမမှာ ပစ္စည်းရှိသ၍ ဝယ်လို့ရလောက်ပြီးတော့ အဖွဲ့လည်းအဆင်ပြေသွားနိုင်တယ် ”
လုကျင်ရှန်းက စကားကို နားထောင်ပြီးနောက် သူသည် ပို၍ပင် စိတ်လှုပ်ရှားသွားကာ “ကောင်းတာပေါ့ အရမ်းကောင်းတာပဲ”
ထိုအချိန်တွင် လုကျင်ရှန်းက ကျန်းချန်း ကို အားမနာနိုင်ချေ။ ကျန်းချန်းသာ တကယ်ကူညီနိုင်ခဲ့ရင် သူသေချာပေါက်လက်ခံပြီး မငြင်းပေ။
အားနာမှုက အချိန်အခါကိုလည်း ကြည့်နေရသေးသည်။ ယခုအခါ ထုတ်လုပ်ရေးအဖွဲ့သည် ရိတ်သိမ်းရန် အလျင်စလို ကြုံတွေ့နေရသည့်အတွက် ကျန်းချန်းကို အားနာနေပြီး ငြင်းလိုက်မပါက အလုပ်မပြီးမြောက်နိုင်ရုံသာမကပဲ အစားအစာများစွာကိုလည်း ဖြုန်းတီးသလိုဖြစ်နေလိမ့်မည်။
ကျန်းချန်း၏ကျေးဇူးကို နောင်တွင် ဖြည်းညှင်းစွာ ပြန်ဆပ်နိုင်သည်။ ကျန်းချန်း အကူအညီလိုနေသရွေ့တော့ သူက ကျိန်းသေပေါက် ပြန်လည်ကူညီပေးဦးမည်။
“ရဲဘော် ကျန်းချန်း မင်းက ငါတို့ လုကျွမ်း ထုတ်လုပ်ရေးအဖွဲ့ရဲ့ တကယ့် လာဘ်ကောင်လေးပဲ။ ကိုယ်တို့ အဖွဲ့ ပြီးမပြီးက မင်းအပေါ်မှာ မူတည်နေပြီ ကျန်းချန်းရေ” လုကျင်ရှန်းက ကျန်းချန်း မရှိရင် သူ့ပြသနာ မဖြေရှင်းနိုင်ကြောင်းကို ပျော်ရွှင်စွာ ပြောပြခဲ့သည်။
စပါးရိတ်သိမ်းရန် အလျင်စလို မလုပ်နိုင်ခြင်းက အဖွဲ့ဝင်များ၌ ချမ်းသာသည့်လူတစ်ဦးမှ မပါချေ။
ကျန်းချန်းက ပြုံးပြီး “ခေါင်းဆောင် အဲဒါအတွက် စိတ်မပူပါနဲ့ ကျွန်တော် အခု ခရိုင်ရုံးကို သွားပြီး ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေး အေဂျင်စီကို သွားမေးထားပေးမယ်”
အချိန်မဆွဲဘဲ ကျန်းချန်း ပြောသည်ကို လုကျင်ရှန်းက မဆိုင်းမတွ သဘောတူလိုက်သည်။
“ကောင်းပြီ ရဲဘော် ကျန်းချန်း ဒုက္ခပေးပါရစေဦးကွယ်” လုကျင်ရှန်း အနည်းငယ်အားနာစွာ ပြောလိုက်သည်။
“ရပါတယ်ဗျာ ထုတ်လုပ်ရေးအဖွဲ့ကို ကူညီပေးနိုင်လို့ အရမ်းဝမ်းသာပါတယ် ပြီးတော့ ခေါင်းဆောင်က ကျွန်တော် ဒီမှာနေတာကို ကူညီပေးထားသေးတယ်လေ ကျွန်တော့်ဘက်က တတ်နိုင်တာလေးနဲ့ ပြန်ကူညီရုံပါ။”
ထိုသို့ပြောသော်လည်း လုကျင်ရှန်းသည် ကျန်းချန်းကို အားနာနေကြောင်း သူ့စိတ်ထဲတွင် သိနေပါသည်။ သူပြန်ရသည်က ကျန်းချန်းဆီမှ အကူအညီကောင်းများစွာပင် ဖြစ်သည်။
လောလောဆယ်တော့ အများကြီးပြောဖို့ မလိုချေ။ တစ်ချို့အရာတွေက ရှင်းလင်းလွန်းသည်။ ကျန်းချန်း လုပ်ခဲ့သမျှကို သူမှတ်မိမည်ဖြစ်ပြီး အနာဂတ်တွင် ကျန်းမိသားစုကို ပိုဂရုစ်ုက်ပေးမည်ဖြစ်သည်။
“ကျန်းချန်း မင်းကို ခရိုင်ရုံးလိုက်ပို့ဖို့ ရှုလန်ကို ခိုင်းလိုက်မည်။ လိုက်ပို့တဲ့အတွက် သူ့ကို အလုပ်အမှတ်လည်းပေးဦးမှာပါ။
သူက ခရိုင်ရုံးပို ခဏခဏရောက်ဖူးလို့ ဘယ်နေရာမှာ ဘာရှိလဲ သိတော့ သူ့ခေါ်သွားတာ ပိုအဆင်ပြေတယ် “လုကျင်ရှန်းက ကျန်းချန်းအား ခရိုင်ကို တစ်ယောက်တည်း သွားခွင့်မပြုနိုင်ဘူးလို့ တွေးမိသောကြောင့် ကျောင်းရှုလန်နဲ့ အတူသွားရန် အကြံပြုလိုက်သည်။ နှစ်ယောက်သွားခြင်းက တကယ့်ကို အဆင်ပြေလေသည်။
ကျန်းချန်းသည် ပထမ သူတစ်ယောက်တည်းသွားလျှင် အဆင်ပြေသည်ဟု ဆိုချင်သော်လည်း လုကျင်ရှန်းက ကျောင်းရှုလန် နှင့် အတူသွားသင့်သည်ဟု ပြောသည်ကို ကြားပြီးနောက် သူမငြင်းတော့ချေ။
ကျောင်းရှုလန်က သူ့ကို လိုက်ပို့ပေးပြီး နှစ်ယောက်တည်း အချိန်နည်းနည်းပိုပေးကာ သူတို့ရဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာချင်သည်။
ကျန်းချန်းက ခေါင်းညိတ်ပြီး “ကောင်းပြီ ခေါင်းဆောင် ဒါဆို ကျွန်တော် ရဲဘော် ရှုလန် နဲ့ သွားလိုက်မယ်”
“ကောင်းပြီ ငါအခုပဲ ရဲဘော် ရှုလန်ကို ပြောလိုက်မယ်”
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000