Chapter 53 လီကျွမ့် စားစရာများ တောင်းယမ်းခြင်း၃
လီကျွမ့် က သူမခရိုင်ရုံးကိုသွားရမှာဆိုတော့ လှလှပပ ဝတ်စားသင့်သည်ဟုပင်။ သူမ မမျှော်လင့်တာက ခရိုင်ရုံးမှာ သူမကို ကျေးလက်သူလို့ ဖော်ပြခံရရင် ဒါကအတော် ရှက်စရာကောင်းလှ၏။
ရှုလန် ကသူမကို စိတ်ထဲက သရော်လိုက်ပြီး ဒီအဝတ်အစားတွေနဲ့ စားစရာရနိုင်ဖို့ ဘယ်လိုတောင် မျှော်လင့်နိုင်ရတာလဲ။
စားသောက်ကုန်တွေက တန်ဖိုးကြီးပြီး အလွန်ဈေးကြီးတဲ့ အရာတွေဖြစ်ပြီး ကိုယ်တိုင်မစားရင်တောင်
အခြားသူတွေကို ဘယ်လိုပေးနိုင်မှာလဲ။အကယ်၍ သူတို့ကပေးချင်တယ်ဆိုရင်တောင် အခြားသူက အလွန်သနားစရာကောင်းတာကို မြင်လိုက်ရတဲ့ ကြင်နာတတ်တဲ့ လူတွေသာ ဖြစ်နိုင်၏။
ဒါပေမဲ့ လီကျွမ့် ကကော။ သူမက အဝတ်အစားကို ကြင်ဖက်တွေ့ဖို့ သွားသလိုဝတ်ထားတယ်လေ။ ဘယ်သူကများ သူမကို စားစရာပေးချင်မှာလဲ။
ရှုလန် ကသူမကိုယ်သူမ တွေးနေပြီး ဘာမှ မပြောပါ။ လီကျွမ့် ကို ဒီတစ်ကြိမ်တော့ ဒုက္ခခံခွင့် ပေးလိုက်ရုံနဲ့ သူမ ပြန်လာတာကို မြင်တိုင်း ရွဲ့စောင်းစကားတွေ၊ခရိုင်ရုံးကို သွားပြီး တောင်းရမ်းရတာ လွယ်သလိုတွေ မပြောတော့ဖို့ မျော်လင့်ပါသည်။
လီကျွမ့် ထွက်သွားပြီး မကြာခင် သူမလည်း အလုပ်ကို ထွက်လာလိုက်၏။
ဒီနေ့ကတော့ သူမ စပါးဖြတ်တဲ့ အလုပ်ကို ရခဲ့၏။
နွေရာသီ သီးနှံရိတ်သိမ်းတဲ့ ရာသီ ကရောက်လာပြီဖြစ်သည်။
ထုတ်လုပ်ရေးအဖွဲ့မှာ နှစ်တိုင်း သီးနှံများ ရှိပြီး နွေရာသီတွင် တစ်ကြိမ် ဆောင်းဦးရာသီတွင် တစ်ကြိမ်၊ စပါးကို နှစ်တိုင်း နှစ်ကြိမ် စိုက်ကြ၏။
နွေရာသီ စိုက်ပျိုးချိန်က ဩဂုတ်လတွင် ဖြစ်ပြီး ဆောင်းဦးရာသီ စိုက်ပျိုးချိန်ကတော့ အောက်တိုဘာတွင် ဖြစ်သည်။
နွေစပါးရိတ်သိမ်းပြီးနောက်၊ အများသူငှာ စပါး 1公粮 - အများသူငှာ ကောက်နှံခွန်ကို ကောက်နှံ အဖွဲ့ထံ လွှဲအပ်ပြီး ကျန်စပါးများကို တစ်နှစ်အတွင်း ပထမဆုံးအကြိမ် ခွဲဝေပေးမည်ဖြစ်သည်။ ဆောင်းဦးရာသီ ရိတ်သိမ်းချိန်သည် နွေရာသီ ရိတ်သိမ်းချိန်နှင့် အတူတူပင်ဖြစ်ပြီး ကျန်ရှိသော စပါးများကို ဒုတိယ စပါးခွဲဝေမှုအတွက် လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

BINABASA MO ANG
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000