Chapter 114

2.9K 251 1
                                    


Chapter-114 ဖွားဖွားကျန်းရဲ့ ပစ္စည်းကောင်းလေးများ(၁)

“ဘာလို့လဲ သမီး ရှုလန် မင်းစားဖို့ သံမဏိဥ စားဖို့ ချက်ပေးလို့ ငါတို့ ကျေးဇူးတင်နေကြာတာ အတူတူမစားရက်ပါဘူး” မဒမ်ကျန်း က သူမလက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

အဖိုးကျန်း ကလည်း “ဟုတ်တယ် ငါတို့မစားဘူး ဒီတိုင်းထားလိုက်ပါ”

အိုးထဲမှာ ယာဂုအများကြီးရှိပေမယ့် သိမ်းထားဖို့နဲ့ ဖြည်းဖြည်းချင်းစားဖို့ မဖြစ်နိုင်ပေ။ တစ်မိသားစုလုံးသာ စားပါက ခနလေးအတွင်း၌ပင် ကုန်သွားပေလိမ့်မည်။

ထမင်းဖြူက အရသာရှိသည့်အပြင် အခြားအစေ့များနှင့် ယှဉ်ရင် အစာအိမ်ကို အများကြီး အာဟာရဖြစ်စေသည်။

ယခု ကျန်းထျဲ့တန် နေမကောင်းဖြစ်နေပြီး သူ့ခန္ဓာကိုယ်က အလွန်အားနည်းနေကာ အိမ်မှာ တခြားဘာကောင်းတာမှ မရှိတော့တာကြောင့် အရင်အတိုင်း ပြန်စားနိုင်ရန် ကျန်းထျဲ့တန်ဆီကို ကောင်းကောင်း ကျွေးပေးရန်ပင်လိုသည်။

ကျောင်းရှုလန်က ကျန်းမိသားစုရဲ့ ဇနီးမောင်နှံအဖိုးအိုရဲ့ အတွေးအမြင်ကို ဘယ်လိုမှ နားမလည်နိုင်ဖြစ်ပြီး သူ့ကို နှစ်သိမ့်ပေးရင်း “အဘိုးကျန်း အဖွား ကျန်း ရပါတယ် အတူတူစားကြရအောင် မဟုတ်ရင် ထျဲ့တန်က  စိတ်မကောင်းဖြစ်နေမှာ  ပြန်မကောင်းမှာ ဆိုးတယ်

အဖွားတို့သာ ကောင်းကောင်းစားတယ်ဆိုရင် ကျိန်းသေ သူလည်းပျော်ပြီးပြန်ကောင်းလာမှာပါ။ အဲဒါက သူပြန်ကောင်းလာဖို့ ပိုအထောက်အကူပြုပေးတယ်လေ။ သံမဏိဥက သူ့ကိုယ်သူ ဂရုစိုက်နိုင်ပါတယ်။အရမ်းကြီး စိုးရိမ်နေစရာမလိုပါဘူး။ ယာဂုသောက်ပြီးရင် ထမင်းနည်းနည်းကျွေးလိုက်မယ် “

ကျန်းမိသားစုမှ လူကြီးများက ချက်ချင်းသဘောမတူပေ။ မဒမ်ကျန်းက အဖေကျန်း ကို တစ်ချက်ကြည့်လိုက်သည်။ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းစကားပြောကြသည်။ တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြပြီးနောက် မဒမ်ကျန်းက ကျောင်းရှုလန်အား “မိန်းကလေး ရှုလန် ခနစောင့်နော် ပေးစရာလေးရှိလို့”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now