Chapter 84

2.9K 280 2
                                    

Chapter – 84

တောက်ပတဲ့ အပြုံးတစ်ခုက ရှောင်းယ၏ မျက်နှာပေါ်တွင် ပေါ်လာပြီး သူမက  ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ အစ်မရှုလန် ညီမ မှတ်ထားပါ့မယ်”

“ဟားဟား! မင်းနားလည်တာကောင်းတယ်။ အခုတော့ ငါတို့အတူ အလုပ်လုပ်ကြရအောင်။”

“ကောင်းပြီ”

ရှုလန်က ကလေးတွေကို အားလုံး အလုပ်တူတူ လုပ်ရန် ဝက်ခြံဆီ သွားလိုက်ကြသည်။ ထိုနေရာသို့ ရောက်သည်နှင့် တပြိုင်နက် အနံ့အသက်ဆိုးများက ရှုလန်၏ နှာခေါင်းဆီသို့ ရောက်ရှိလာပြီး မအီမသာ ခံစားလိုက်ရသည်။ ဝက်ချေးတွေကလည်း နေရာအနှံ့ ပျံ့နှံ့ ညစ်ပတ် စုပုံနေပြီး ဝက်စာတွေက မြေပြင်ပေါ်မှာ ပြန့်ကျဲနေလေသည်။

ဤခေတ်တွင် ဝက်မွေးမြူခြင်း လုပ်ငန်းက မဖွံ့ဖြိုးသေးဘဲ ဝက်စားရန် အစာသည်လည်း များများစားစား မရှိလှပေ။ ထို့ကြောင့် ဝက်များသည် ပေါင်းပင်များ သို့မဟုတ် စားကြွင်းစားကျန် များကိုသာ စားနိုင်သည်။

ထို့ကြောင့် အစာအတွက် အသားအစအနများနှင့် စားကြွင်းစားကျန်များရှိသည့် ဒီခေတ်ရဲ့ ဝက်စာများသည် ဝက်စာအတွက် အသားများနှင့် အမျိုးမျိုးသော အစာများရှိနေသည့် ၂၁ရာစုနှင့် လုံးဝကွဲပြားခြားနားလှသည်။

ဒါပေမယ့် အခုချိန်မှာတော့ ဝက်စာသည် ညစ်ပတ်နေတဲ့ ရေညစ်တွေနဲ့  ပုပ်သိုးနေတဲ့ အသီးအရွက်တွေချည်းဖြစ်သည်။

ဒီလို ညစ်ပတ်ပြီး ရှုပ်ပွနေတဲ့ ပတ်ဝန်းကျင်ကို ရင်ဆိုင်လိုက်ရသည့်အခါ ရှုလန်ရဲ့ စိတ်ထဲမှာ လုံးဝ မနှစ်မြို့သော်လည်း ဂေါ်ပြားကို ကောက်ကိုင်လိုက်ပြီး အလုပ်စလုပ်လိုက်သည်။ ရှောင်းယနဲ့ ထျဲ့တန်တို့လည်း ဒီလိုအလုပ်မျိုးကို မနှစ်သက်ပေမဲ့ အလုပ်စဖို့ပဲ ပြင်လိုက်ကြတော့သည်။

သူတို့ သုံးယောက် ခဏလောက် အလုပ်ရှုပ်နေကြပြီး ဝက်ခြံကို အမြန် ရှင်းလင်းလိုက်နိုင်ကြသည်။

ရှုလန်က ကလေးများထက် အသက်လည်း ပိုကြီးသည့်အပြင် ခွန်အားအရာမှာလည်း သာလွန်သည့်အတွက် သူမက ဝက်ချေးများကို သန့်ရှင်းရေးလုပ်ရန် တာဝန်ယူခဲ့ပြီး ထျဲ့တန်က သန့်ရှင်းရေးကို တာဝန်ယူခဲ့သည်။ ရှောင်ယကတော့ အငယ်ဆုံးဖြစ်ပြီး ခွန်အားသိပ်မရှိတာ

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now