Chapter 95

2.8K 270 1
                                    

Chapter – 95

“မေမေ သကြားညို‌ရေ သောက်ချင်တယ်”

“ကျွန်တော်လည်း သောက်ချင်တယ်‌ မေမေ”

ချန်းနှင့် ရှုလန်တို့ သကြားညိုရေသောက်ကြသည်ကိုတွေ့သောအခါ သူတို့လင်မယား၏ကလေးနှစ်ယောက်မှာ အနည်းငယ်မနာလိုဖြစ်နေသည်။

ချိုက်ရှားက ပြုံးပြီး ကလေးနှစ်ယောက်ရဲ့ ခေါင်းတွေကို နူးညံ့စွာထိလိုက်ကာ “လျန်းလျန်နဲ့ ကျွမ်းကျွမ် တော်ကြာ ထမင်းစားတော့မှာ အခု မသောက်ရတော့ဘူးနော်  ရေနဲ့ဗိုက်တင်းနေရင် ထမင်းမစားနိုင်တော့ဘူးလေ  မင်းတို့‌ဖေဖေက ဒီနေ့ ဝက်ဗိုက်သားဝယ်ထားတယ်  ဝက်သားစွတ်ပြုတ်လုပ်‌ပေးမယ် ဟုတ်ပြီလား”

ဝက်သားပြုတ်အကြောင်း ကလေးနှစ်ယောက်ကြားလိုက်‌သောအခါ မျက်လုံးများ အရောင်တောက်လာပြီး အသားအရသာကို တွေးရင်း တံတွေးကို အစာအိမ်ထဲကို မမျိုချဘဲ မနေနိုင်ကြပေ။

အထူးသဖြင့် ပြီးခဲ့တဲ့နှစ်၌ စတင်ခဲ့သော အငတ်ဘေး

ကြီးကြောင့် ယခုတွင် နိုင်ငံတစ်ဝန်းလုံး စားနပ်ရိက္ခာ ပြတ်လပ်ပြီး အသားစားရန် အလွန်ခက်ခဲ‌နေပေည်။

ချင်ကောင်းနှင့် ချိုက်ရှားတို့သည် မြို့ပြလုပ်သားများဖြစ်သဖြင့် တစ်လလျှင် အသားကူပွန် ဂရမ်အနည်းငယ်ကို ရရှိ‌သော်လည်း အသားကူပွန်အချို့ကို မိဘများအိမ်သို့ ပေးပို့ရမည်ဖြစ်သည်။  ဤကူပွန်အားလုံးကို သူတို့မိသားစုက အသုံးပြုခဲ့မည်ဆိုလျှင် တစ်လကို အသားတစ်ကီလိုလောက် ရရှိနိုင်ပြီး တစ်လ နှစ်ကြိမ် အသားစားနိုင်ပါသည်။  သိုပေမဲ့ သူတို့လင်မယားနှစ်ယောက်လို လူကြီးတောင် လောဘမကြီး‌အောင် နေကာကလေးတွေကိုလည်း လောဘမကြီးစေရန် သင်ပေးထားသည်။

ချိုက်ရှားက နေ့လယ်စာအတွက် ဝက်သားပြုတ်စားမယ်လို့ ပြောပြီးနောက် ကလေးနှစ်ယောက်က ခေါင်းညိတ်ပြီး သကြားရေကို ဆက်မတောင်းတော့ပေ။

ချိုက်ရှားသည် ကလေးနှစ်ယောက်ကို ရှုလန်နှင့် ချန်းကို နှုတ်ဆက်ရန် ခေါ်လာပြီးနောက်  ချက်ပြုတ်ပြင်ဆင်ရန် ပြန်ထွက်သွားခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now