Chapter-200 သူမအား တစ်ခုခုပေးခြင်း(၂)
အရောင်းစာရေးမှာလည်း အားကျစွာဖြင့် မျက်လုံးများ အရောင်တောက်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်နေသည်။ ပထမတစ်ချက်က ကျန်းချန်း၏ စိတ်နေသဘောထားသည် သာမန်လူမဟုတ်ပေ။ သူမအတွက် ကျန်းချန်းက အထူးလက်မှတ်တွေကိုတောင် သုံးလေသည်။
အရောင်းဝန်ထမ်းက ကျန်းချန်းကို ကြည့်လိုက်ပြီး ကျောင်းရှုလန် ကို ကြည့်ကာ အရွှန်းဖောက်ရင်း “ရဲဘော် အထည်ဝယ်ဖို့ ချစ်ဇနီးလေးပါခေါ်လာတာလား။ မင်းလိုလူကောင်းမျိုးက ရှားသွားပြီပဲ။
မိန်းကလေး မင်း အရမ်းကံကောင်းတာပဲ“
အရောင်းဝန်ထမ်းက ကျောင်းရှုလန်ကို မျက်စိမှတ်ပြသည်။
အရောင်းသမားက သူမကို နားလည်မှုလွဲသွားတာကိုမြင်တော့ ကျောင်းရှုလန် က အနည်းငယ်ရှက်သွားပြီး အရောင်းဝန်ထမ်းကို “အဲဒါ အဒေါ် သူက ကျွန်မ အမျိုးသားမဟုတ်ဘူး”
အရောင်းစာရေးက ရယ်ပြီး “သိပြီ အခုအိမ်ထောင်ဖက်တွေ့လာတဲ့သဘောပေါ့
မိန်းကလေး ဒီကောင်လေးက တော်တော်ပြည့်စုံတယ်နော် မြန်မြန်လက်ခံလိုက်တော့ ဒီလို ဥစ္စာပေါရုပ်ချောလေးက ရှားသွားပြီကွယ် “
အရောင်းသမားက နားလည်မှုလွဲသွားတော့ ကျောင်းရှုလန်က ဘယ်လိုရှင်းပြရမှန်းမသိတော့ချေ။
ထားလိုက်တော့ သူ့ဟာသူ ဆက်နားလည်မှုလွဲနေပါစေ။
ကျန်းချန်းက အရောင်းသမား၏ စကားကို နားထောင်ရင်း သူ့အား ပျားရည်အိုးထဲသို့ လောင်းထည့်လိုက်သကဲ့သို့ ချိုသာသောအပြုံးကြီးများ ပေါ်ပေါက်လာသည်။
သူသည် ယခု ကျောင်းရှုလန်၏ ဆိုင်ရာပိုင်ရာ မဟုတ်သေးသော်လဲ
နောင်တွင် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားသည်။
တခြားသူတွေကတော့ သူတို့နှစ်ယောက်ကို အကောင်းဆုံးစုံတွဲလို့ ထင်နေကြလေသည်။
အရောင်းစာရေးက သူ့အတွက် ကူလမ်းဖောက်ပေးနေသလိုပင်။ ကျန်းချန်း ကျောင်းရှုလန်ပြောသည်ကို ကြားပြီးနောက် သူ၌မျှော်လင့်ချက်များစွာ ရှိလာပြီး သူမအားပိုကောင်းကောင်း ဆက်ဆံတော့မည်။
အရောင်းစာရေးမသည် ရွှတ်နောက်နောက်ပြောသော်လည်း စီးပွားရေးကို မနှောင့်နှေးစေဘဲ ကောင်တာပေါ်၌ အထည်မျိုးစုံကို တင်ကာ ကျောင်းရှုလန်အား “ဒါတွေက မကြာသေးခင်ကမှ ဒီကိုဝင်လာတာ ဒီခေတ်မှာ နာမည်ကြီးလွန်းတဲ့ အထည်တွေလေ ကြိုက်ရဲ့လား”
ကျောင်းရှုလန် ကြည့်လိုက်တော့ အရောင်းသမားက အထည်မျိုးစုံကို ထုတ်လာတာကို တွေ့လိုက်ရသည်။
အထည်အမျိုးပေါင်း များစွာရှိ၍ အလွန်ကြည့်ကောင်းကြသည်။
၂၁ ရာစုနဲ့ မယှဉ်နိုင်ပေမယ့် သူခေတ်နှင့်သူဖြစ်ကာ ဒီအထည်များကို ဝယ်ရသည်က မဆိုးလှချေ။
အရောင်က အဖျော့ဘက်ကိုသွားပြီး လူမြင်ကပ်စရာ အရောင်တောက်တောက်ကြီး မဟုတ်နေချေ။
ကျောင်းရှုလန်က ရိုးရိုးချည်သား၊ ရောင်စုံချည်ကွက်နှင့် ပိုးသားချည်ထည် စသည့် အထည်အမျိုးအစားများကို ကြည့်ရှုခဲ့သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျောင်းရှုလန်က အပြာရောင်ချည်ကို ရွေးချယ်ခဲ့သည်။
ချည်သား၏ စျေးနှုန်းသည်အတော်လေး နိမ့်သော်လည်း ကောင်းကျိုးများရှိသဖြင့် ခန္ဓာကိုယ်ပေါ်၌ ဝတ်ရန်သင့်တော်ပေသည်။
အပြာရောင်အဝတ်အစားများသည် အခြားအဝတ်အစားအရောင်များကဲ့သို့ ကြည့်ကောင်းသည် မဟုတ်သော်လည်း ၎င်းတို့သည် အလွန်ခေတ်ဆန်ခြင်းမရှိသည့်အပြင် သဘာဝဆန်ပြီး နှိမ့်ချနေသည့် သဘောမျိုးပင်။
သူမသည် ထုတ်လုပ်ရေး အဖွဲ့တွင် နေနေသောကြောင့် မြိုပြလူများကဲ့သို့ တောက်တောက်ပပ မဝတ်ထားသင့်ချေ။
မဟုတ်ရင် ကျေးလက်မှာ အတင်းတုပ်ချင်သူတွေများပြီး ကောင်းကောင်းမွန်မွန် ဝတ်ထားသည်ကို မြင်ပါက မကောင်းပြောလို့ ဆုံးတော့မည်မဟုတ်ပေ
ကျောင်းရှုလန်သည် အေးအေးချမ်းချမ်းသာ နေချင်ပြီး မျက်စိဆံပင်မွှေးဆူးကာ အပြောအဆိုကိုလည်း မခံနိုင်ပေ။
ဒါကြောင့် ကျောင်းရှုလန်က လက်ညှိုးထိုးပြပြီး “ဒါလေး လိုချင်တယ်” လို့ပြောလိုက်သည်။
ကျောင်းရှုလန် ရွေးချယ်မှုအပြီးတွင် ကျန်းချန်းက အရောင်းဝန်ထမ်းအား “ဒါ ဘယ်လောက်လဲ”
အရောင်းဝန်ထမ်းက “ဒီချည်က သိပ်ဈေးမကြီးပါဘူး ဒီမိန်းကလေးက နည်းနည်း ပိန်တော့ ခြောက်ပေလောက်ဆို ရလောက်မယ်”
ကျန်းချန်း ခေါင်းညိတ်လိုက်သည်။
အထည်ကို စတိုးဆိုင်သို့ယူ၍ အပ်ချုပ်သမားကို စီစဉ်စေသဖြင့် တစ်ထည်လုံးကိုမှ ငါးယွမ်လောက်သာကျလိမ့်မည်။
ကျန်းချန်းက ကျောင်းရှုလန်အတွက် ပိုက်ဆံသုံးရသည်မှာ နည်းနေပြီး သူမအတွက် ဒီထက်ပိုသုံးသင့်သည်ဟု တွေးလိုက်သည်။
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000