Chapter 189 - နွေရာသီ ကောက်ရိတ်ပွဲ(၁)
ကျောင်းဝေကောင်းက လီလီကျွမ့်ကို တစ်ချိန်လုံး ကြိမ်းမောင်းခဲ့သည်။ သူမရဲ့ စိတ်နေသဘောထားကို ပြင်ပေးဖို့လိုပြီး ထိုသို့ပြင်ပေးလိုက်ပါက သူမပြောင်းလဲသွားနိုင်လေသည်။
တစ်နေကုန် အလုပ်လုပ်နေရပါက ဒုက္ခကို နားလည်လာနိုင်ပေမည်။အလုပ်ရမှတ်များ မရရှိပါက မည်သည်ကိုမှ မကျွေးဟု ဆုံးဖြတ်လိုက်လေသည်။
မားယုမိန် နောက်အိမ်ထောင်ပြုပြီးနောက်ပိုင်း နှစ်အနည်းငယ်အတွင်း လီလီကျွမ့် မည်ကဲ့သို့လုပ်ဆောင်ခဲ့သည်ကို စဉ်းစားကြည့်မိသည်။ သူမက ပေါ့ပေါ့တန်တန် နေပြီး သူမ၏အလုပ်အမှတ်များက အိမ်စရိတ်မကာမိခဲ့ချေ။
သူသည် ပစ္စည်းမက်သောလူမဟုတ်သော်လည်း အလုပ်လုပ်မှ စားနိုင်သောက်နိုင်လေမည်။ ထို့ကြောင့် ဤသို့ဆုံးဖြတ်ခဲ့ရခြင်းဖြစ်လေသည်။
အရင်ကတော့ သူက လီလီကျွမ့်ကို ကျေနပ်နေသော်လည်း သူမ၏ မရိုးသားမှုတွေကို သိပြီးနောက် ကောင်းကောင်းမွန်မွန် မဆက်ဆံနိုင်တော့ပေ။
ယခု ကျောင်းဝေကောင်းသည် နောက်ထပ် အညာခံရန် အစီအစဉ်မရှိတော့ပေ။ သူမနောက်ဆို သူ့အားဒီလိုထပ်မလိမ်လောက်ဟုလည်း တွေးထားသည်။
ကျောင်းဝေကောင်း၏ အပြစ်ပေးမှုကြောင့် လီလီကျွမ့်က အစာမစားရဘဲ အစာငတ်ခဲ့သည်။
ကျောင်းရှုလန်က ယခု ကျောင်းဝေကောင်းသည် ပို၍ ဉာဏ်အလင်းရလာသည်ကို တွေ့လိုက်ရသဖြင့် သူမလည်း စိတ်ကျေနပ်မိသွားသည်။
တကယ်တော့ ကျောင်းဝေကောင်း မားယုမိန်တို့ သားအမိကို လိုက်ကာကွယ်ပေးနေသည်မှာ သူမအစိုးရိမ်ဆုံးဖြစ်သည်။ သို့သော် ကျောင်းဝေကောင်းက ထိုသို့မဟုတ်တော့ချေ။
ထုတ်လုပ်ရေးအဖွဲ့ အလုပ်ရှုတ်နေသည့်အချိန်တွင် ကျောင်းရှုလန်လည်း စပါးရိတ်နေရသဖြင့် အလုပ်ရှုတ်နေလေသည်။
နွေစပါးရိတ်သိမ်းပြီးသည်နှင့် စပါးခွဲပေးမည် ဖြစ်သောကြောင့် ထုတ်လုပ်ရေးအဖွဲ့မှာ အလွန်တတ်ကြွနေကြသည်။
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000