Chapter 183

1.7K 178 0
                                    

Chapter 183 - လီလီကျွမ့်အား လက်စားချေခြင်း(၁)

အိမ်မှာနေရတာ ငြီးငွေ့စရာကောင်းပြီး စာအုပ်ဖတ်တာက အချိန်ကို သေချာပေါက် အကုန်မြန်စေနိုင်သည်။

နာမည်ကျော် ဝတ္ထုလေးခု၏ ဇာတ်လမ်းများသည် ဆွဲဆောင်မှုရှိပြီး အထူးသဖြင့် Journey to the West ဖြစ်သည်။

ကျောင်းရှုကျူးက အားရပါးရ ကြည့်နေသည် ။ ကျောင်းရှုကျူး၏ အပြုအမူကို ကျောင်းရှုလန်က အပြုံးမပျက်ဘဲ ကျောင်းရှုကျူး ရဲ့ခေါင်းကို ထိလိုက်သည်။

“ရှုကျူး ငါ့ညီမလေးကို မမက စာဖတ်သင်ပေးဦးမှာ လိုက်ကြိုးစားနော်!”

ကျောင်းရှုကျူးက ခေါင်းမော့ပြီး ကျောင်းရှုလန်ကို ပြုံးပြကာ ခေါင်းညိတ်ကာ “ဟုတ် မမပြောတာနားထောင်မှာပါ!”

ကျောင်းရှုကျူးက ကျောင်းရှုလန် ကို အလွန်သဘောကျ‌နေသည်။ ကျောင်းရှုလန် ပြောတဲ့စကားဟာ အမြဲတမ်းမှန်နေပြီး ကျောင်းရှုလန်ရဲ့စကားကို ဘယ်တော့မှ သံသယမ၀င်ပါချေ။

ဘာပဲဖြစ်ဖြစ် သူ့အမကသာ သူ့‌အပေါ်ကောင်းသည့်အတွက် သူမစကားကို တသွေမတိမ်း နားထောင်ရမည်။

“ရှုကျူးက အနာဂတ်မှာ ကောလိပ်ကျောင်းသားဖြစ်လာအောင် ကြိုးစားကြမယ်နော်”

ကျောင်းရှုလန် ပြောတာကိုကြားတော့ ကျောင်းရှုကျူးက “မမ ကောလိပ်ကျောင်းသားဖြစ်ဖို့ ခက်တယ်ကြားတယ် ဒီရွာထဲမှာတောင် ကောလိပ်တတ်ရတဲ့သူ မရှိသေးဘူး ဖြစ်နိုင်ပါ့မလား”

“ဖြစ်နိုင်တာပေါ့ ညီမလေးကြိုးစားနေသ၍ ဘာမဆိုဖြစ်နိုင်တယ် ရှုကျူးက အရမ်းတော်တယ်လေ

ရှုကျူး ကောလိပ်တတ်ရမယ်ဆိုရင် အလုပ်ကောင်းကောင်းရပြီး ဒီမှာနေစရာမလိုတော့ဘူး မြို့ပြောင်းလို့ရပြီ “

ကျောင်းရှုလန်သည် ကျေးလက်ကို နှိမ်နေခြင်းမဟုတ်သော်လည်း ကျေးလက်အခြေအနေများမှာ တကယ့်ကို စိတ်ညစ်ဖွယ်ကောင်းသည်။

သူ့ညီမသည် လိမ္မာသဖြင့် အနာဂတ်တွင် ကောင်းမွန်သော ဘဝက်ု ပိုင်ဆိုင်နိုင်မည်ဟု သူမမျှော်လင့်သည်။

ရွာမှာ တစ်ချိန်လုံးနေရပါက ထိုအမျိုးသမီးကြီးများနည်းတူ လောဘစိတ်များဖြင့် တစ်နေ့တစ်နေ့ အချိန်တွေ အလဟဿကုန်နေလိမ့်မည်။

မတူတဲ့ဘဝတစ်ခုကို ရွာမှ ထွက်လာသည်နှင့် မတူသော အတွေ့အကြုံကို ခံစားနိုင်ရလေမည်။

ကျောင်းရှုကျူးက လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး “မမ ညီမကြိုးစားမယ်သိလား

မြို့သူတွေဖြစ်သွားရင် ပိုကောင်းတာတွေလည်း စားနိုင်မှာ ပြီးတော့ ပိုက်ဆံလည်းအများကြီးရှာနိုင်မှာ ရွာမှာနေရတာထက် ပိုသာနိုင်တယ် “

“ဟုတ်တယ် ဒါကြောင့် ရှုကျူးက ကြိုးစားပြီး သင်နော် အလုပ်လည်းသေချာလေးလုပ် ဟုတ်ပြီလား”

“ဟုတ်မမ!”

နေ့ခင်းဘက် ခဏနားပြီးနောက် ကျောင်းရှုလန်က မွန်းတည့်အချိန်၌ နေရာလွတ်ထဲမှ တစ်ခုခုကို ထုတ်ယူပြီး နို့တစ်ခွက်သောက်ကာ နေ့ခင်းဘက်တွင် အလုပ်ဆက်လုပ်ခဲ့သည်။

လီလီကျွမ့်သည် မနက်ခင်းတွင် စပါးရိတ်သည့် အလုပ်ကို လုပ်ခဲ့သော်လည်း နောက်ကျသွားသောကြောင့် လယ်သုံးကိရိယာကို မရခဲ့ပေ။ တစ်မနက်လုံး စပါးကို လက်ဖြင့် နှုတ်ရသောကြောင့် လက်တွေနီပြီး ဒဏ်ရာတွေ ရသွားသည်။ နေ့ခင်းဘက်မှာတော့ လီလီကျွမ့် မလုပ်ချင်တော့သည့်အတွက် အခြားအလုပ်ပေးရန် တောင်းဆိုလေသည်။

လုကျင်းရှန်းက မကန့်ကွက်ဘဲ လီလီကျွမ့်အား “မင်းအလုပ်ပြောင်းချင်တာကို ငါမပြောလိုဘူး။ ထပ်လုပ်ရမှာက မစင်မြေဩဇာလုပ်လိုက်”

လီလီကျွမ့် အံသြသွားသည်။ အလုပ်ပြောင်းဖို့ တောင်းဆိုပေမယ့် ဒီအရာကို လုပ်ချင်နေခြင်းလည်း မဟုတ်ပြန်ပေ။

မစင်တွေက ညစ်ပတ်လွန်းလို့ ဘယ်လိုသည်းခံလုပ်နိုင်မည်နည်း။

ကြမ်းတမ်းပြီး ပင်ပန်းတဲ့အလုပ်မျိုးမဟုတ်ဘဲ စပါးအခြောက်ခံတာ နွားစာကျွေးတာတို့လို ပေါ့ပေါ့ပါးပါး အလုပ်ကို လုပ်ချင်ခြင်းသာ။

မစင်ကောက်တာက ညစ်ပတ်ပြီး နံစော်နေတာကြောင့် မလုပ်ချင်ပေ။

လီလီကျွမ့်သည် မျက်မှောင်ကြုတ်ကာ လုကျင်ရှန်းကို ခါးခါးသီးသီးကြည့်ပြီး လုကျင်းရှန်းအား “တခြားအလုပ် ခိုင်းလို့မရဘူးလား မစင်ကောက်တာကလေ ညစ်ပတ်ပြီးနံစော်နေတာ မလုပ်နိုင်ဘူး””

လီလီကျွမ့် စကားပြီးသောအခါ လုကျင်းရှန်းက သူ့၏ မျက်ခုံးနှစ်ခုကို တွန့်ချိုးလိုက်ပြီး လီလီကျွမ့်ကို ကျေနပ်စွာဖြင့် သင်ခန်းစာတစ်ခု သင်ပေးသည် “ရဲဘော် လီလီကျွမ့် မင်းကို သုံးသပ်စာရေးခိုင်းတော့လည်း မရေးနိုင်ဘူး။ တောင်းပန်လို့ အလုပ်ပေးတော့လည်း ဟိုဟာမလုပ်ချင် ဒီဟာမလုပ်တတ်ဘူးနဲ့ ကလေးကစားကွင်းမဟုတ်ဘူးနော် တခြားသူတွေတောင် လုပ်နိုင်တာ မင်းက ဘာလို့ မလုပ်နိုင် မလုပ်ချင်ရတာလဲ”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now