Chapter-(10) ဝူကျင်းဟွ ရဲ့ကျေးဇူး တရား
အလုပ်ပိတ်ရက်တွေမှာ ဝေကောင်း ကဒါကိုသေချာပေါက်မပြောပါဘူး။ ပုံမှန်အားဖြင့် ဝေကောင်း သည် လီကျွမ့်ကိုမျက်နှာသာပေးပါသည်။ ဒါမဲ့ဒီနေ့ဝေကောင်း က ရှုလန် ကညစာချက်ခိုင်းရင် လွန်လွန်းတယ်လို့ခံစားရတယ်။ ရှုလန် က ဝေကောင်း ဒီလိုပြောမှာကိုမမျှော်လင့်ထားသလို ဒီတစ်ကြိမ်မှာလည်းသူမရဲ့ အဖေကို သူ့ဘေးမှာရပ်တည်ပေးဖို့မမျှော်လင့်ခဲ့ပါဘူး။ ဒါမဲ့ဒါက ကောင်းမွန်းတဲ့နည်းလမ်းမှာပါပဲ။
ယုမိန်ရဲ့မိခင်နဲ့သမီးထံမှ ဝေကောင်း ၏နှလုံးသားကိုပြန်လည်ရရှိရန် ကြိုးစားပြီး သူမနဲ့ ရှုကျူး အပေါ်ပြန််လည်ရောက်ရှိလာအောင် ကြိုးစားအားထုတ်ရလိမ့်မည်။ ညစာကရိုးရိုးရှင်းရှင်းလေးပါပဲ့။
ဆန်စေ့အနည်းငယ်ပါသော ယာဂုပန်းကန်လုံးနှင့် wowotouပင်ဖြစ်သည် ။ အရသာလဲမရှိသလို ဗိုက်ပြည့်အောင်လဲမလုပ်ပေးနိုင်ပါဘူး။
ရှုလန် သူ့အခန်းသို့ပြန်ရောက်ပြီးနောက် နေရာလွတ်ထဲမှရတနာ ယာဂုရှစ်ခွက်ကို အလျင်အမြန်ထုတ်ကာ ကြက်ဥတစ်လုံးနဲ့ ဗိုက်ဖြည့်လိုက်သည်။ ဒီခေတ်မှာစားနပ်ရိက္ခာပြတ်လပ်ပြီး ပစ္စည်းတွေလဲပြတ်လပ်နေလို့ ဘဝက တကယ်ကိုခက်ခဲပါတယ်။ နေရာလွတ် ထဲကအရာတွေကို မထုတ်နိုင်တာ သနားစရာပင်ဖြစ်သည်။ တချို့အရာတွေကို တရားဥပဒေနဲ့ ကျိုးကြောင်ဆီလျော်တဲ့ နည်းလမ်းနဲ့ ပြန်ရဖို့အတွက်သူမစဥ်းစားရမှာပေါ့။
ပိန်လှီပြီး စွပ်ပြုတ်နဲ့တူတဲ့ယာဂုအကြည် ပန်းကန်လုံးနဲ့နေ့တိုင်းထမင်းစားနေရတဲ့ ရှုကျူး ဟာအာဟာရပြည့်ဖို့ ခက်ခဲပါတယ်။ မိသားစုအနားယူနေချိန်တွင် ရှုလန်သည် နေရာလွတ် ထဲမှ နောက်ထပ်ကြက်ဥပြုတ်ကို ထုတ်ယူကာ ရှုကျူး အားပေးလိုက်တယ်။
“ရှုကျူး ဒီမှာကြက်ဥစား”
မှောင်မိုက်နေတဲ့ညမှာတောင် ရှုကျူး ရဲ့မျက်လုံးတွေကတောက်ပလာပြီး ရှုလန် ကိုစူးစမ်းတဲ့အကြည့်နဲ့
“မမ ဘာလို့နင့်မှာကြက်ဥတွေရှိနေသေးတာလဲ”
ရှုလန် က “ဒီနေ့ငါ ကုန်းဒင် ကိုကယ်ခဲ့တယ်၊ အဖွဲ့ခေါင်းဆောင်က ငါ့အတွက်ဆုပေးခဲ့တာ” ဆိုတဲ့အကြောင်းပြချက်ကို ရှုလန် ပေးလိုက်သည်။
ကလေးကရိုးရိုးရှင်းရှင်းနဲ့ ရှုလန် ပြောတာကိုယုံပေမဲ့ ရှုကျူး က အဖြေမပေးဘဲကြက်ဥကို ရှုလန် ဘက်ကိုတွန်းလိုက်ပြီး
“မမ နင်စားရမယ် နင်နေမကောင်းသေးဘူး နင့်မှာရှိတာ နင်ကိုယ်တိုင်စားသင့်တယ်”
ရှုလန် က “ စားချင်ရင်ယူသွားလို့ရတယ် အဖွဲ့မှူးကနှစ်လုံးပေးလိုက်တာ၊ အစ်မကတစ်လုံးကို ခုနကတိတ်တိတ်လေးစားပြီးပြီ”
ရှုလန် ပြောတဲ့စကားကို ရှုကျူး လက်ခံလိုက်တယ်။
မူလကတည်းက အသက်ငယ်သေးတဲ့ ကလေးတစ်ယောက်က ကြက်ဥပြုတ်ကို ခံနိုင်ရည်မရှိတာကြောင့် မြန်မြန်ခွာပြီး စားလိုက်တယ်။
စားနေတုန်း ရှုကျူး က “ မမ ကြက်ဥပြုတ်ကအရမ်းအရသာရှိတယ်၊ နေ့တိုင်းစားရရင်ကောင်းမှာပဲ၊ မဟုတ်ဘူး တစ်လမှာတစ်ကြိမ် ဒါမှမဟုတ် တစ်နှစ်ခွဲမှာတစ်ခါလောက် စားရရင်တောင် ကောင်းမှာပဲ။”
ရှုလန် က ရှုကျူး ရဲ့ခေါင်းကိုပုတ်ပြီး “ ငါ့ညီမလေး မမဒီကိုရောက်နေပြီဆိုတော့ နောက်ဆိုရင် မင်းအတွက်မမနည်းလမ်းရှာပေးမယ်”
ဤအခြေအနေသည် အောင်မြင်ဖို့ရန်ခက်ခဲသော်လည်း ရှုကျူး၏ သည် ရှုလန် ၏စကားများကို စောင့်မျှော်နေဆဲပါပဲ။
နောက်နေ့မနက်မှာ ဝေကောင်း က အရင်အလုပ်သွားပြီး မနက်စာစားပြီးပြန်လာခဲ့တယ်။
ရှုလန် ကိုကျေးဇူးတင်ကြောင်းဖော်ပြရန်အတွက် ကျင်းဟွ ၏လက်ထဲတွင် ကန်စွန်းဥဆယ်ဥပါသော ခြင်းတောင်းကိုကိုင်ဆောင်ကာ နံနက်စောစောရောက်ရှိလာသည်။
ရှုလန် သည် ကုန်းဒင် အသက်ကိုကယ်တင်ခဲ့သည်။ ကျင်းဟွ အတွက်ဒါကကြီးမားတဲ့ကြင်နာမှုတစ်ခုပင်။ အိမ်မှာကောင်းတာတခုခုရှိရင် ရှုလန် ကိုကျေးဇူးတင်ကြောင်းဖော်ပြရန် အမြန်ယူလာခဲ့သည်။
ရွာသားတွေကဆင်းရဲပြီး အိမ်မှာစားနပ်ရိက္ခာမလုံလောက်လို့ ဝမ်းနည်းစရာပင်ဖြစ်သည်။ ကျင်းဟွ ရဲ့အိမ်တွင်စားစရာအများကြီးမရှိပေ၊ အပြင်ထုတ်လို့ရတဲ့ တခုတည်းသောအရာကတော့ ဒီကန်စွန်းဥလေးပင်ဖြစ်သည်။
စားစရာမရှိသော ကျေးလက်ဒေသအခြေအနေတွင် ကျင်းဟွ သည် ကန်စွန်းဥကို ပေးပို့နိုင်ခဲ့သည်က အလွန်ပင်အထင်ကြီးစရာဖြစ်သည်။
ရှုလန် ခြံထဲရောက်လာတော့ ကျင်းဟွ ကမြင်ပြီး “မိန်းကလေး ရှုလန်”
ကျင်းဟွ ကအိမ်ကိုလာတာမြင်တော့ ရှုလန် က အပြုံးများဆင်မြန်း၍
“အဒေါ် ကျင်းဟွ ဘာလို့ဒီကို ရောက်နေတာလဲ”

ANDA SEDANG MEMBACA
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Rawakလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000