Chapter 35

3.4K 337 2
                                    

Chapter 35

မူလက ဂျုံဖြူနှင့် လုပ်ထားသော ပေါင်မုန့်ကပင် ရှုကျူး ကိုပျော်ရွှင်စေနိုင်သော်လည်း သူမ အသားညှပ်ပေါင်မုန့်လည်း ဖြစ်သည်ကို ကြားလိုက်ရသောအခါ သူမရဲ့ပျော်ရွှင်သွားမှုက ဖော်ပြလို့တောင် မရနိုင်ပေ။

တိုင်းပြည်ရှိ လူများသည် အသားကို တစ်နှစ်လျှင် အကြိမ်အနည်းငယ်တောင် မစားနိုင်ကြပါ။ အသားက သေချာပေါက်ပင် အဖိုးတန်လှတဲ့ ဖြစ်တည်မှု ပင်ဖြစ်သည်။ ရှုကျူး က အသားရဲ့ ပုံစံကိုပင် မေ့လုနီးပါးဖြစ်ပြီး သူမမှတ်မိတာက အသားက အရမ်းမွှေးကြိုင်ပြီး အရသာရှိတယ် ဆိုတာကိုပင်။

အခုတော့ သူမ အသားညှပ်ပေါင်မုန့်ကို စားရတော့မယ်လို့ သူမကြားလိုက်ရတော့ စိတ်လှုပ်ရှားမှုကြောင့် သူမငိုလုနီးပါးပင် ဖြစ်သွားသည်။

ရှုလန် ရဲ့စကားနဲ့ စပ်လျဉ်း၍တော့ သူမသည် ငယ်ရွယ်နေဆဲဖြစ်ပြီး ရိုးရှင်းနေတုန်းပင်။ သူမ အစ်မစကားရဲ့ စစ်မှန်မှုကို သံသယမရှိဘဲ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “အစ်မ ကြင်နာတဲ့ လူက အရမ်းကောင်းတာပဲနော်။ သူက အစ်မကို အသားညှပ်ပေါင်မုန့်ကို ပေးတယ်လေ”

ရှုလန် က ညင်သာစွာပင် ကလေးရဲ့ ခေါင်းကိုထိလိုက်သည်။ “မြန်မြန်စားတော့ အန်တီ မိန်က ဒါကို ရှာတွေ့သွားမယ်ဆို ဆိုးဆိုးရွားရွားတွေ ဖြစ်လာလိမ့်မယ်”

“ အစ်မ ဒါကိုတစ်ဝက်စီ ခွဲသင့်တယ်” ရှုကျူး က ပေါင်မုန့်ကြီးကို မြင်တော့ ဒါကို သူမတစ်ယောက်တည်း မစားချင်ဘဲ သူ့အစ်မကို မျှဝေပေးချင်နေသည်။

ဒီညီမငယ်လေးက သူမအပေါ်  စိတ်မကောင်းဖြစ်နေပြီး သူ့အစ်မ ကိုဂရုစိုက်ပေးချင်တယ်ဆိုတာကို ရှုလန် သိ‌ပါသည်။ အရာသာရှိတဲ့ စားစရာရတဲ့ ဘယ်အချိန်မဆို သူ့အစ်မကို မျှဝေချင်နေတုန်းပင်။ အနွေးစီးကြောင်း တစ်ခုက သူမနှလုံးသားထဲ စီးဆင်းလာပြီး သူမက ရှုကျူး ရဲ့စေတနာကို နားလည်သွားခဲ့သည်။

ရှုလန် ကငြင်းတဲ့အနေနဲ့ ခေါင်းယမ်းလိုက်သည်။ “မလိုဘူး။ အစ်မ အစောတုန်းက တစ်ခုစားထားပြီးပြီ။ ဒါ့အပြင် ကြင်နာတဲ့လူက အစ်မကိုခေါက်ဆွဲတစ်ပွဲကိုလည်း စားဖို့ပေးသေးတယ်။ အစ်မ အားလုံးစားမကုန်ဘဲ ကျန်တောင်ကျန်သေးတယ်။ ဒါပေမဲ့ အိမ်ကို ပြန်မယူလာဖြစ်ဘူး။ ဒီတော့ အစ်မ အစာအိမ်က ပြည့်နေပြီ”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now