Chapter 50

4K 380 2
                                    

Chapter 50 အရေးပေါ်ကယ်ဆယ်မှု-၇

အစကခြင်းတောင်းထဲမှာထည့်ထားတဲ့ ဆန်၊ ဂျုံမှုန့်၊ ခေါက်ဆွဲခြောက် ငါးကီလိုစီအပြင် ဆီတစ်ကီလို၊ ကြက်ဥ အလုံး နှစ်ဆယ်၊ ဝက်ပေါင်ခြောက် နှစ်၊ ဝက်အူချောင်း ဆယ်ခုတို့ကိုပါ ရှုလန် ကထပ်ထည့်ခဲ့သည်။

အဲ့ဒါတွေနဲ့ ဒီလင်မယားနှစ်ယောက် ခဏတော့ ကောင်းကောင်းနေနိုင်ပါတယ်။

ရှုလန် ထုတ်လိုက်တဲ့ အရာတွေကိုကြည့်ပြီး မစ္စချန်း က ခဏတာအံ့ဩသွားပါတယ်။

ဆန်၊ ဂျုံစတဲ့ ကောင်းမွန်သော အစေ့အဆန်တွေအပြင် ကြက်ဥ၊ ဆီ၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း စသော ကောင်းမွန်သည့်အရာအားလုံးကို ရှုလန် ကထုတ်ယူခဲ့ခြင်းဖြစ်သည်။

အစက သူမသည် အစေ့အဆန်ကောင်းအနည်းငယ်ရရင်ကောင်းမည်ဟုသာ မျှော်လင့်ထားသော်လည်း ရှုလန် က ဤကဲ့သို့ ကောင်းမွန်သော စားသောက်ကုန်များစွာကို သူတို့အားပေးမည် ဟု ဘယ်သူထင်မိမှာလဲ။

သူမကတုန်ခါနေသောအသံဖြင့်” ရှုလန်....ဒီပစ္စည်းတွေအားလုံးက အရမ်းအဖိုးတန်တယ်။ ငါဒီလောက်အများကြီး ဘယ်လိုလုပ်ရနိုင်မှာလဲ။” ဟု ပြောလေသည်။

“မင်းက တကယ်ကို ငါနဲ့ စားသောက်ကုန်တွေအလဲအလှယ် လုပ်ချင်တယ်ဆိုရင်ပဲ ငါတကယ်ကျေးဇူးတင်နေပါပြီ။ ဒါပေမယ့် ဒီလောက်အများကြီးတော့....ငါတကယ် လက်မခံနိုင်ဘူး။”

အကယ်၍ သူမက အဲ့ဒါတွေ အားလုံးကို လိုချင်ပြီးစားချင်တယ် ဆိုရင်တောင် သူမရဲ့ ကိုယ်ကျင့်တရားက ခွင့်မပြုပါဘူး။ ထို့ကြောင့် အဲ့ဒါတွေကို လက်ခံလိုက်လို့ မဖြစ်ဘူးလို့ သူမ ခံစားရလေသည်။

ဒါပေမယ့် ရှုလန် ကပြုံး၍ “ အဒေါ်၊ အဲ့ဒါတွေကို ဒီတိုင်းယူလိုက်ပါ။ တကယ်လို့ အဲ့ဒါတွေက အရမ်းများနေတယ်လို့ ခံစားနေရရင်လည်း ကျွန်မ အဒေါ်နဲ့  ဦးလေး ကျန်းမာရေးကောင်းလာအောင် ပေးတာ လို့ပဲ သဘောထားလိုက်ပါ။ အဲ့ဒါကြောင့် ကျွန်မကို ယဥ်ကျေးနေစရာ မလိုပါဘူး။” ဟုပြန်ပြောလိုက်သည်။

“ကျွန်မရဲ့နှလုံးသားထဲမှာ အဒေါ်ရဲ့ လက်ဝတ်ရတနာတွေက ဒီ့ထက်အများကြီးပိုတန်ပါတယ်။ ပြီးတော့ ကျွန်မ အဒေါ်နဲ့ ဦးလေး ကို ရင်းနှီးတယ်လို့ ခံစားရတယ်။ ဒါ့ကြောင့် ဒီဟာတွေ ကျွန်မရဲ့ ကြင်နာတဲ့သဘောထားအဖြစ်ဘဲ မှတ်ယူလိုက်ပါ။”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Où les histoires vivent. Découvrez maintenant