Chapter 180

2.1K 216 2
                                    

Chapter 180 - ကောင်းအိုက်ထန်၏တူမ(၃)

ကျောင်းရှုလန် ပြောလိုက်သောအခါ ကောင်းအိုက်ဖန် ပြာပြာသလဲ ဖြစ်သွားသည်။

အကယ်၍ သူမသည် သန့်စင်ပြီးသော ကောက်နှံများကို မဝယ်နိုင်ခဲ့ပါက အခြေအနေမကောင်းနိုင်ပေ။ သို့ပေမဲ့ ကျောင်းရှုလန် ရောင်းပေးမှသာ အဆင်ပြေမည်ဖြစ်သည်။ ယခုမူအခြေအနေက မတူတော့ချေ။
 
အခု ကျောင်းရှုလန် က သူမကို မရောင်းတော့မည်ဖြစ်သဖြင့် အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့က ကောင်းကင် တတ်ရသကဲ့ကို ခက်ပေတော့မည်။

“ရဲဘော် သူ့အစား တကယ်တောင်းပန်ပါတယ် ရောင်းပေပါနော်  “

ကောင်းအိုက်ဖန်က ကျောင်းရှုလန်ကို တောင်းပန်ပြီးနောက် လုရှောင်းဟောင်က တဖန် စိုက်ကြည့်ကာ မကျေနပ်သဖြင့် “ တောရွာက လူတွေသာ စပါးမစိုက်‌ရင် ငါတို့ဘာသွားစားကြမလဲ မဟုတ်တဲ့စကားတွေပဲ ပြောနေတယ်”

လုရှောင်းဟောင်နှင့် နှိုင်းယှဉ်လျှင် ကောင်းအိုက်ဖန် သည် ပို၍ အကောင်းမြင်တတ်သည်။

ကောင်းအိုက်ဖန်၏ အပြစ်တင်ခြင်း ခံရပြီးနောက် လုရှောင်းဟောင်က နှုတ်ခမ်းစူလိုက်သည်။

ဘာစကားမှ မပြောသော်လည်း သူ့စိတ်က ထင်ရှားနေလေသည်။

ရွံပေနေတဲ့ ခြေထောက်တွေနဲ့ လူတွေကို မြို့ကလူတွေနဲ့ ဘယ်လိုနှိုင်းယှဉ်ရက်ပါလိမ့်

မြို့ကလူတွေက ပိုသာနေတာကိုတော့ ဘာလို့ထည့်မပြောတာလဲ။

ဒါပေမယ့် ကျောင်းရှုလန် ရှေ့မှာတော့ လုရှောင်းဟောင်က မပြောရဲချေ။

ကောင်းအိုက်ဖန် ရဲ့ စိတ်ထားလေးကို တွေ့ရသောအခါ ကျောင်းရှုလန်က သူ သိပ်ဂရုမစိုက်တာကြောင့် သူမက “ဖြစ်နိုင်တာကတော့ မရောင်းချင်တော့ဘူး ဒါပေမဲ့ သူကိုယ်တိုင် တောင်းပန်မယ်ဆိုရင်တော့ မပြောတတ်ဘူး

စိတ်ရင်းနဲ့ တောင်းပန်ရင် ပြန်ရောင်းပေးမယ်  “

ကျောင်းရှုလန်က လုရှောင်းဟောင် ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

လုရှောင်က ဒေါသထွက်ကာ “စကားကြောရှည်နေသေးတယ် ခြိမ်းခြောက်ဖို့ နဂိုထဲကတွေးထားတာမလား”

ကျောင်းရှုလန်က ရယ်မောလိုက်ပြီး “နင့်ကို ခြိမ်းခြောက်လို့ ငါက ဘာရသွားလဲ မတောင်းပန်လဲရတယ်နော် ကျန်တာတော့ ကိုယ့်ကိစ္စကိုယ်ရှင်းပေါ့”

ကောင်းအိုက်ဖန်က လုရှောင်းဟောင်ကို ချက်ချင်း လက်ပြပြီး “ရှောင်းဟောင် မြန်မြန် တောင်းပန်လိုက်!”

“အမေ!”  လုရှောင်းဟောင်က ကောင်းအိုက်ဖန် ကို မကျေမနပ် ကြည့်နေသည် ။

“မင်း အလုပ်လုပ်ချင်သေးလား”

“သမီး”

အလုပ်အတွက်စဉ်းစားရင်း လုရှောင်းဟောင်က ခေါင်းငုံ့ကာ ကျောင်းရှုလန် ကို တောင်းပန်ခဲ့သော်လည်း သူမဆန္ဒမရှိခဲ့ပေ။

လုရှောင်းဟောင် တောင်းပန်ပြီးနောက် ကောင်းအိုက်ဖန်က ရှက်ကိုးရှက်ကန်းဖြင့်  ကျောင်းရှုလန်အား “ရဲဘော် ငါ့သမီးက တကယ့်ငတုံးမပါ သူ့ကိုဆုံးမထားပါ့မယ်

ရော့ ဒီမှာ ယွမ်သုံးရာ ရေကြည့်လိုက်ဦးနော်  “

ကောင်းအိုက်ဖန်က ကျောင်းရှုလန်ကို တစ်ဆယ်တန် သုံးဆယ်အား ပေးလိုက်သည်။

ကျောင်းရှုလန် မယူမီ လုရှောင်းဟောင်က လုသွားခဲ့သည်။

“အမေ ယွမ် ၃၀၀  အမေနည်းနည်းပါးပါး စဉ်းစားပါဦး ဒါလေးနည်းနည်းကို ၃၀၀တောင်ပေးရမှာလား
တခြားမှာ ဝယ်ရင် တစ်ပေါင်ကို ဆင့်နည်းနည်းပဲပေးရတာ သူက၃၀တောင် တောင်းတယ်ပေါ့ ပိုက်ဆံတွေ ဖြုန်းလိုက်သလိုပဲ

ဒီလူက အမေ့ကို ညာနေတာ အမေ့ဆီက ပိုက်ဆံကို ညာတောင်းနေတာ မယုံနဲ့ သူပြောတာကို

ဒီလောက် ငွေအများကြီးဆိုရင် အဝတ်အစားနဲ့ တခြားဟာတွေတောင် ဝယ်လို့ရတယ် သူ့ကိုမပေးနဲ့  “

လုရှောင်းဟောင်က ကောင်းအိုက်ဖန်နဲ့ စကားပြောပြီးတဲ့အခါ သူမက ကျောင်းရှုလန်ကို “နင်က သူခိုးတော့မဟုတ်ပေမဲ့ သိပ်တော့မထူးခြားသွားပါဘူး လူလိမ်မရယ် ငါ့အမေက ဘာမှမသိဘူးဆို‌ပြီး ပိုက်ဆံတွေမတရားတောင်းတယ်ပေါ့ အကြံကတော့ မဆိုးပါဘူး ဒါပေမဲ့ ငါမပေးနိုင်ဘူး”

ကျောင်းရှုလန်က အေးစက်စွာ ပြုံးလိုက်ပြီး “ဈေးကြီးတယ် ထင်ရင် မဝယ်နဲ့လေ ငါ့မှာရောင်းစရာက နင်တို့ပဲရှိတာ မဟုတ်ဘူး ဟုတ်ပြီနော်!”

ထိုသို့ပြောပြီး ကျောင်းရှုလန်သည် အိတ်နှစ်လုံးနှင့် ကောင်းအိုက်ဖန်၏ အိမ်မှ ထွက်လာခဲ့သည်။

ကောင်းအိုက်ဖန်က ကျောင်းရှုလန် ကို တားချင်ပေမယ့် လုရှောင်းဟောင်က သူမကို တားလိုက်ပြီး” အမေရယ် တားမနေပါနဲ့ စပါးလေးနည်းနည်းကို တစ်ပေါင် ငွေ၃၀နဲ့ရောင်းတာ သူအကြံပက်စက်တာ အမေနဲ့သမီးရဲ့ လစာကနည်းနည်းလေးရယ် သူ့ကိုပေးလိုက်ရင် ဘာသွားလုပ်ကြမတုန်း သူလိုတောသူမ လိမ်တာ မခံပါနဲ့”

Zawgyi

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now