Chapter 111

2.6K 232 1
                                    

Chapter- 111 ကျောင်းရှုလန်၏ဂရုဏာများ(၁)

ဒီခေတ်လူတွေအတွက် သကြားလုံးက အရမ်းရှားသည်။

ကျန်းရှောင်ယာက ကလေးတစ်ယောက်ဖြစ်ပြီး သကြားလုံးများကို မြင်သောအခါတွင် သူမက အာရုံစိုက်မိသည်။

သို့သော် ကျောင်းရှုလန်က သူမကို သကြားလုံးစားရန် ပေးခဲ့သော်လည်း  စားချင်ပေမယ့် တံတွေးကိုသာ မျိုချလိုက်ပြီး ရှက်သည့်အတွက် လက်မခံပေ။

ကျောင်းရှုလန်က ကျန်းရှောင်ယာ ရဲ့လက်ထဲကို ပေးလိုက်ကာ “ယူပါ ငါအရင်အလုပ်လုပ်ဖို့ ဝက် ဆီသွားရဦးမယ်  မင်းမသွားချင်ရင် အိမ်မှာ ထျဲ့တန် ဘေးမှာနေပြီး စောင့်ရှောက်ပေးပေါ့”

စကားပြောပြီးနောက် ကျောင်းရှုလန်  ကျန်းမိသားစု၏အိမ်မှ ပြန်သွားသည်။

ကျန်းရှောင်ယာက သူမလက်ထဲတွင် သကြားလုံးအား ကိုင်ထားပြီး မယုံနိုင်စွာ သေချာကိုင်ထားသည်။

ကျန်းမိသားစုမှ အကြီးအကဲများက ကျောင်းရှုလန်ကို ပို၍ပင် ကျေးဇူးတင်ကြသည်။ ဤကလေးသည် အလွန်ချစ်စရာကောင်း၏။

သူမသည် နောက်ဆုံးတွင် သကြားလုံးရသွားသည်ကို သိသော်လည်း သူမသည် တွန့်တိုမနေဘဲ ထျဲ့တန် အား တိုက်ရိုက်ပေးလိုက်သည်။

ကျန်းရှောင်ယာက သကြားလုံးယူကာ ကျန်းထျဲ့တန် ၏အိပ်ရာဆီသို့ ပြေးသွားပြီး ကျန်းထျဲ့တန် ၏လက်ထဲသို့ သကြားလုံးထည့်ကာ ကျန်းထျဲ့တန် အား “အစ်ကို ဒါကမမရှုလန် ပေးတဲ့ သကြားလုံးပဲ  သကြားလုံးအတူတူစားရအောင် အကိုလည်းမြန်မြန်သက်သာရလာအောင်”

သူမကိုယ်တိုင်စားချင်ပေမယ့် ကျန်းရှောင်ယာက မစားဖို့ဆုံးဖြတ်လိုက်သည်။အနည်းဆုံးတော့ ကျန်းထျဲ့တန် စားနိုင်လိမ့်မည်။

ကျောင်းရှုလန်သည် ဝက်အညစ်အကြေးများကို သွန်ရန် ဝက်ကျင်းသို့ ပြန်လာခဲ့သည်။

နောက်နေ့မနက်စောစော အလုပ်ပြန်စတော့ ကျန်းရှောင်ယာက စိတ်လှုပ်ရှားစွာနဲ့ သူ့ရှေ့ကိုပြေးလာပြီး “မမရှုလန် ညီမအကို နိုးလာပြီး မမပေးတဲ့ဆေးသောက်လိုက်တာ အဖျားသက်သာသွားပြီ သိလား”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now