Chapter 149

2.9K 258 1
                                    

Chapter 149 - ဆွေမျိုးများ ပြန်လည်တွေ့ရခြင်း(၅)

ကျန်းဖုကျီ သည် ကျန်းချန်းအား ကြည့်ကာ  “ဂျပန်တွေ ယုတ်မာတာကို ခုခံတဲ့စစ်ပွဲမှာ မင်းအဖိုးက တိုင်းပြည်ကို ကယ်ဖို့ ဂျပန်ကျူးကျော်တိုက်ပွဲကို မဆိုင်းမတွဘဲ တတ်တတ်ကြွကြွပါခဲ့တာ

  ဆယ်နှစ်လောက်ကြာပြီလေ

  သူ့ဆီက သတင်းမကြားရတော့ သူစစ်မြေပြင်မှာကျသွားပြီ ထင်နေတာ

  သူနေကောင်းကျန်းမာပြီး မြေးနှစ်ယောက်ရှိနေမယ်လို့ တကယ်မထင်ထားဘူး

  ကောင်းတယ် ကောင်းတယ်”

  ကျန်း ဖုကျီ က စိတ်လှုပ်ရှားစွာနဲ့ ဆက်ပြောလိုက်သည်။

  ကျန်း ဖုကျီ ကိုမြင်လိုက်ရတော့ ကျန်းချန်းရဲ့ မျက်လုံးတွေ ပူလာပြီး ကျန်း ဖုကျီ နဲ့ ဇာတ်ကြောင်းအစုံကို ပြန်ပြောကြသည်။

  ကျန်း ဖုချွင် ထွက်သွားပြီးနောက် သူသည် စစ်မြေပြင်‌တွင် သေမလိုဖြစ်ခဲ့သော်လည်း လွတ်မြောက်လာခဲ့သည်။

  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက် တပ်မတော်မှ အငြိမ်းစားယူလိုက်သည်။  တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် စက်မှုလုပ်ငန်းများတည်ဆောက်ကာ ပံ့ပိုးကူညီပေးခဲ့သည်။

  ဒီလုပ်ငန်းဟာ အလွန်အောင်မြင်ပြီး သူဟာ နိုင်ငံအတွက် နှစ်စဉ် အလှူငွေတွေ အများကြီး လှူဒါန်းသည်။  အစပိုင်းတွင် စစ်ရေးဆိုင်ရာ မဟာဗျူဟာများနှင့် ပတ်သတ်သည်များကို ထူထောင်ပြီး တိုင်းပြည်၏စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်မြောက်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့သောကြောင့် ကျန်းမိသားစုသည်လည်း လုမြို့တွင် ဩဇာညောင်းလေသည်။

  အခြေအနေတည်ငြိမ်ပြီးနောက် ကျန်း ဖုချွင် သည် ကျန်းဖုကျီ ကိုမဆက်သွယ်ခဲ့သော်လည်း ကျန်းဖုကျီ ၏အိမ်ထောင်စုစာရင်းကို ရွှေ့လိုက်သောကြောင့် စုံစမ်းနေသည်များ ပြတ်သွားခဲ့ရသည်။

  ယခု ကျန်း ဖုချွင် သည် အသက်ကြီးလာသည်နှင့်အမျှ သူသည် အလုပ်များကို လျှော့ချလိုက်ပြီး အားလပ်ချိန်တွင် မိသားစုအကြောင်းသာတွေးနေလေသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Donde viven las historias. Descúbrelo ahora