Chapter 176- စက်ဘီးဝယ်မယ်(၁)
ဒီ အကြံသမားဟာ တော်တော်အခွင့်အရေးယူလေသည်။
ကျောင်းရှုလန် က ဗိုက်ပြည့်နေပြီး စားစရာမရှိခဲ့လျှင်တောင် သူ၏နေရာလွတ်၌ စားစရာကျန်နေသေးသည်။ လီလီကျွမ့်က သူ့ကို မကျွေးလည်း ဘာမှမဖြစ်သွားချေ။
ကျောင်းရှုလန်က လီလီကျွမ့်ကို ပေါ့ပေါ့ပါးပါး ပြန်ပြောသည်က “ဒါဆို မစားနဲ့!”
လီလီကျွမ့် နားထောင်ပြီး တိတ်တဆိတ် ဝမ်းသာနေမိသည်။
ထမင်းမစားရရင် ဗိုက်အရမ်းဆာလိမ့်မယ် အဲ့တာဆိုရင် ကျောင်းရှုလန် စားရတော့မည်။
“ကျောင်းရှုလန် နင်ရိုးသားလှချည်လား!”
ကျောင်းရှုလန် ကျန်းအိမ်မှ ယူလာသော စားစရာကောင်းများကို ယူကာ ကျောင်းရှုကျူးအား ပေးလိုက်သည်။
ကျောင်းရှုလန်က ညစာစားဖို့ ပြန်မလာတော့တဲ့အတွက် လီလီကျွမ့်က ကျောင်းရှုကျူးရဲ့ ပြောင်းဖူးပြုတ် တစ်ဝက်ကို ယူစားလိုက်သဖြင့် သူမဗိုက်မဝတော့ချေ။
အကယ်၍ ကျောင်းရှုလန်သာ ကျောင်းရှုကျူးအတွက် စားစရာတစ်ခုခု ယူလာခြင်းမရှိပါက ကလေးမလေးမှာ တစ်ညလုံးဗိုက်ဆာနေတော့ပေမည်။
သူကျတော့ ဗိုက်ဖြည့်ထားပြီး ကျောင်းရှုကျူးကို ထမင်းတစ်နပ်လေးတောင် မကျွေးချေ။
လီလီကျွမ့်၏ အံ့ဩဖွယ်စိတ်ဓာတ်အကြောင်းကို တွေးတောရင်း ကျောင်းရှုလန်၏ စိတ်ထဲ၌ပိုဒေါသထွက်လာသည်။ သူမ၏ အပြစ်ကို ရှာချင်သော်လည်း ပြန်တွေးကြည့်လိုက်သည့်အခါ လီလီကျွမ့်ကို ရှင်းထုတ်ပြီး သူမကို အလားတူခံစားရစေမည့်နည်းကို တွေ့ခဲ့သည်။
ကျောင်းရှုလန် ပြန်ယူလာတဲ့ အစားအစာတွေကို ကျောင်းရှုကျူးအလွန်သဘောကျပေသည်။
ဒီည ငတ်တော့မယ်လို့ သူမထင်ထားပေမယ့် သူ့အမက ဒီလိုအရသာရှိတဲ့ အစားအသောက်တွေကို ယူလာမည်ဟု မထင်ခဲ့ပေ။
ကျောင်းရှုကျူးက ကျောင်းရှုလန် ကို သိချင်စိတ်ဖြင့် “မမ ဒီစားစရာတွေဘယ်က ရလာတာလဲ”
ကျောင်းရှုလန်က ကျောင်းရှုကျူးအား ဖုံးကွယ်ထားရန် မလိုအပ်သောကြောင့် သူမသည် တောဝက်တစ်ကောင်ကို တောင်ပေါ်မှသယ်လာကာ ကျန်းအိမ်တွင် ချက်ခဲ့ကြောင်း ကျောင်းရှုကျူးအား ပြောပြခဲ့သည်။
ရှောင်ကျုးက သူမအား သံသယမရှိပဲ လုံးဝယုံကြည်သည်။
“တောဝက်တစ်ကောင်ကို အကြာကြီးစားရင်တောင် မကုန်လောက်ဘူး အဲ့တာကြောင့် ညီမလေးစားဖို့ပါ တိတ်တိတ်လေး သယ်လာတာ!” ကျောင်းရှုလန်သည် ကျောင်းရှုကျူး ၏ ခေါင်းကို နမ်းလိုက်သည်။
တောဝက်ကြောင့် သူမသည် ဤကလေးမ အတွက် နောက်ထပ် အရသာရှိသော အစားအစာ အနည်းငယ်ကိုပါ ယူလာနိုင်ပြီး ခါတိုင်းလို ဆင်ခြေပေးရန်လိုမနေတော့ချေ။
ကျောင်းရှုလန်သည် ကျောင်းရှုကျူး ၏ဒဏ်ရာသည် ပိုကောင်းနေပြီး တစ်လခွဲလောက် အနားယူပါက အရှင်းပျောက်သွားမည်မှန်း သိလေသည်။
တစ်နေ့လုံး အိပ်ယာထဲအိပ်ပြီး နားနေရသဖြင့် ပျင်းလွန်းကာ ညောင်းလွန်းနေလေပြီ
ဒီခေတ်မှာ တီဗီနဲ့ အင်တာနက်ဖုန်းတွေ မရှိသည်က စိတ်မကောင်းစရာပေ။ ထိုအခါ သူတို့နေတိုင်းပျင်းနေရန် မလိုမအပ်ချေ။
ကျောင်းရှုလန် အရင်က အမှိုက်များကို လိုက်ရှာသည့်အချိန်၌ အခြားသူများ စွန့်ပစ်ထားသော လူဆိုးစာအုပ်များစွာကို တွေ့လိုက်ရသည်ကို သတိရမိသည်။ မနက်ဖြန် ခရိုင်မြို့ဈေးသို့သွားပြီး ထိုစာအုပ်ရှိမရှိကို သွားရှာလေမည်။
ထိုစာအုပ်ကို ကျောင်းရှုကျူးအား ပြသခြင်းသည် ကျောင်းရှုကျူး မပျင်းစေရန် အကူအညီဖြစ်သည်။
နောက်နေ့မနက်စောစောမှာ ကျောင်းရှုလန်က ကျောင်းဝေကောင်း နဲ့ စကားပြောပြီး ခရိုင်ရုံးကို သွားလိုက်သည်။
ကျန်းချန်းက လိုက်ချင်သော်လည်း ကျောင်းရှုလန်က ငြင်းဆန်ခဲ့သည်။
စက်ဘီးကို လုချင်ကောင်းအား ပြန်ပေးလိုက်သဖြင့် ခရိုင်မြို့သို့ရောက်ရန် လမ်းလျှောက်ဖို့ များစွာ လိုအပ်သည်။
သူမသည် လုချင်ကောင်း ဦးလေးချန်း နှင့် ဒေါ်လေးချန်းတို့ဆီသို့ တစ်ယောက်ထဲလည်း သွားတတ်ပေသည်။
ကျန်းချန်း သည် ထုတ်လုပ်ရေးအဖွဲ့တွင်နေပြီး ကျန်းမိသားစုကို ကူညီပေးနိုင်သည်။
အရေးကြီးဆုံး အကြောင်းရင်းကတော့ ကျောင်းရှုလန် တခြားအရာတွေ လုပ်စရာရှိသေးသဖြင့် ခရိုင်ရုံးသို့ သွားရခြင်းဖြစ်၏ ကျန်းချန်းသာပါလာပါက သူမကို အနည်းငယ် အနှောင့်အယှက်ပေးသလိုဖြစ်လိမ့်မည် ။
ဥပမာအားဖြင့် အစားအသောက် လဲလှယ်ရန် မှောင်ခိုဈေးသို့သွားမည်ဆိုပါက ကျန်းချန်း ရှိလျှင် ကျောင်းရှုလန် အများအပြားလဲနိုင်မည်မဟုတ်။
ထုတ်လုပ်ရေးအဖွဲ့မှ ခရိုင်မြို့အထိ နှစ်နာရီနီးပါးကြာနိုင်လေသည်။
ခရိုင်ရုံးနဲ့ ထုတ်လုပ်ရေးအဖွဲ့သို့ သွားသည့်အခါ ဒီခြေထောက်နှစ်ချောင်းကို အားကိုးတာဟာ မဖြစ်သင့်လွန်းပေ။(ခြေနှစ်ချောင်းကို အမြဲသုံးနေလို့မရ)
ကျောင်းရှုလန်က စဉ်းစားလိုက်ပြီး ကောင်းအိုက်ထန် ပေးသော စက်ဘီးလက်မှတ်က စက်ဘီးဝယ်နိုင်သည်ဟု တွေးမိသွားသည်။
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000