Chapter 4
ကျောင်းရှုလန်သည် သူ့ညီမကိုသတိထားမိလိုက်သည်။ ကျောင်းရှုကျူးသည် ယခုနှစ်တွင်ခြောက်နှစ်ရှိပြီး ဆင်းရဲနွမ်းပါးသော မိသားစုများ၏ သားသမီးများသည် ကာလကြာရှည်စွာ အုပ်ချုပ်ခဲ့ပြီး အလွန်ဉာဏ်ကောင်းသည်။ ခြောက်နှစ်အရွယ်ကလေးတွေကဘာမဆိုလုပ်နိုင်ပြီ ဖြစ်သည်။
မူလပိုင်ရှင်ကဲ့သို့ ရေရှည်အာဟာရချို့တဲ့မှုကြောင့် လူတကိုယ်လုံးပိန်ပါးပြီး အဝါရောင်အမွှေးအမဲ နဲ့ မျောက်ပိန်ပိန်လို မျက်လုံးပြူးသွားစေနိုင်သည်။
သူမသည်အကွက်များ နဲ့ အပေါက်များစွာပါပြီး ကောင်းမွန်ခြင်း မရှိသော ဂါဝန်ကိုဝတ်ဆင်ထားသော်လည်း ရေချိုးပြီးနောက် အနည်းငယ်ဖြူစင်သွားပုံပေါ်တယ်။
ဆင်းရဲတယ် တကယ့်ကိုဆင်းရဲတယ်။
ဒီခေတ်တွေမှာ ပစ္စည်းတွေကရှားပါးလာပြီး ကျောက်မိသားစုကလဲ အလွန်ဆင်းရဲလေသည်။ ကျောင်းရှုကျူး၏ စိုးရိမ်သော မျက်လုံးများကိုကြည့်လိုက်ရာ ကျောင်းရှုလန် က သူမ၏ပါးစပ်ထောင့်ဖျားများကို လှုပ်ယမ်းကာ
"ငါအဆင်ပြေပါတယ် ရှုကျူး ငါ့ရဲ့အခုခံစားချက်ကပိုပြီးအဆင်ပြေလာပါပြီ"
သူ့အစ်မရဲ့စကားတွေကြားပြီးနောက် ရှုကျူး သက်ပြင်းတချက်ချကာ တံခါးနဲ့ပြတင်းပေါက် ကို ကြည့်လိုက်ရာ ထိုနေရာတွင် တယောက်မှမရှိကြောင်းအတည်ပြုပြီးနောက် သူမ၏အိတ်ကပ်ထဲမှ wowtou(ပေါင်မုန့်တစ်မျိုး) တစ်ပိုင်းကို တိတ်တဆိတ်ဆွဲထုတ်ကာ ရှုလန်၏ လက်ထဲသို့ ထည့်ပေးလိုက်တယ်။
"အမ နင်ဘာမှမစားရတာကြာပြီ။ ဒီ wowtou ကိုယူသွား ဒီနေ့အလုပ်အဖွဲ့မှူးက ပို့လိုက်တာ လျှိုဝှက်ပြီးစားလိုက် " ရှုကျူး က တိုးတိုးလေးပြောလိုက် သည်။
တပ်မဟာတွင် နေ့တိုင်းအလုပ်လုပ်ကြရပြီး စားနပ်ရိက္ခာ များဝေငှကြသည်။ အချို့ကတိုက်ရိုက်စားရပြီး အချို့ လူကြီးများက စားရဝန်လေးသောကြောင့် ကလေးများထံသို့ ပြန်ပို့ပေးကြသည်။
Wowtou သည်အစေ့အဆန်အချို့အပြင် တောရိုင်းဟင်သီးဟင်းရွက်များ၊ ကောက်ရိုးပင်များနှင့် ပြုလုပ်ထားသောကြောင့် အနည်းငယ်တော့အရသာရှိသည်။
အခုလိုရှားပါးတဲ့ခေတ်မှာ ဗိုက်ပြည့်အောင်လုပ်ပေးနိုင်တဲ့အရာအားလုံးက ကောင်းတဲ့အရာတွေပဲ့
တချို့လူတွေက စားစရာမလုံလောက်သောကြောင့် တောင်ပေါ်က သစ်ပင်အခေါက်တွေတောင် သူတို့အတွက်ကောင်းနေပြီဖြစ်သည် ။ ရှင်သန်ဖို့အတွက် လူတွေက မြက်စား၊ သစ်ပင်အခေါက်တွေစား၊ လိုအပ်ရင်ခါးပတ်ကိုတောင် ထမင်းချက်ပြီးစားကြလိမ့်မယ်။
ရှုလန် သည် 1960 ခုနှစ်များ၏ သမိုင်းအကြောင်းတချို့ကိုသိပြီး ထိုခေတ်၏အခက်အခဲများကိုသိလေသည်။ သူတကယ်ရောက်လာမှပဲ့ ဒီခေတ်ရဲ့ အခက်အခဲတွေကို ခံစားဖူးတော့တာဖြစ်သည်။
ရှုကျူးသည် သိမ်းထားသော wowtou ကိုသူမကိုပေးမည်လုပ်တော့ သူမ နွေးထွေးတဲ့ခံစားချက်လေးကို ခံစားလိုက်ရသည်။
"ရှုကျူး နင်ကိုယ်တိုင်စား၊ နင်ဗိုက်ဆာနေပြီ ငါ့ကိုပေးစရာမလိုဘူး" wowtou တခုလေးနဲ့ ရှုကျူး ရဲ့ဆာလောင်မှုကို ဖြေနိုင်မဲ့ပုံမပေါ်ပေ။
အလွန်ပိန်သော ညီမလေးကိုကြည့်ပီး ရှုလန်သည် သူ့ညီမလေးကို ကိုယ်အလေးချိန်တက်အောင် ဘယ်လိုလုပ်ရမလဲသိချင်လာတော့တယ်။
နေရာလွတ်ထဲမှာ ပစ္စည်းတွေရှိတော့ မစားရမှာမကြောက်ဘူး ဒါမဲ့ အ့ဒါတွေကို ဘယ်လို ထုတ်ပြီး ဘယ်ကရလာတဲ့ အရင်းမြစ်ကို ရှင်းပြရမှာလဲ ဒုက္ခ ပါပဲ့။
"အစ်မ အစ်မက ညီမထက်ဗိုက်ပိုဆာတယ် ပြီးရင်အဖျားလဲလွယ်တယ် နင်ပိုပီးစားသင့်တယ်" ပေါင်မုန့်ကို ရှုလန်ဆီ ပြန်ပီး တွန်ပေးလိုက်တယ်
"ငါ့မှာတကယ်တော့ စားစရာတစ်ခုရှိတယ်"
ရှုကျူး စူးရှုသောမျက်လူံးများဖြင့် ရှုလန်ကိုစိုက်ကြည့်လိုက်သည်မှာ အထင်းသား။
ရှုလန်သည် သူမ၏လက်ကိုအိတ်ကပ်ထဲသို့ထည့်ကာ ဟန်ဆောင်၍ သူမလက်ထဲတွက်အနည်းငယ်ပူနေသော ကြက်ဥနှစ်လုံးကိုတွေးပြီး အိတ်ကပ်ထဲမှ ထုတ်လိုက်သည် ။
"အစ်မမှာကြက်ဥနှစ်လုံးရှိတယ် လာခဲ့ ရှုကျူး ကတလုံးစား အစ်မကတလုံးစားမယ် " ရှုကျူး ကလန့်သွားပြီး အသံကိုလျော့လိုက်ကာ
"အမ နင်က ကြက်ဥကိုဘယ်ကရတာလဲ " လို့မေးလိုက်တယ်
ဒီခေတ်ကြီးမှာ လူတွေတောင်မစားနိုင်ဘဲ ကြက်ဥဟာ သူမမှာရှိနေတာဟာ အံ့သြစရာကောင်းတဲ့အရာပါ။ ရှုကျူး ကမြင်သောအခါ သူမရဲ့မျက်လုံးများဟာ တောက်ပလာတယ်ရှုလန်က အနည်းငယ်ပြုံးပြီး
"ကောက်ရိုးပုံထဲက ကောက်လာတာ၊ အန်တီမိန်ကိုမပြောခဲ့ဘူး။ ငါလျိုဝှက်ပြီးထားထားတာ ငါတို့တယောက်တလုံးစားကြရအောင် အန်တီမေကို ဒီအကြောင်းကိုမပြောနဲ့"
ရှုကျူး သည်အသက်ငယ်သော်လည်း အလွန်လိမ္မာပါးနပ်သည် မားယုမိန် က ကြက်ဥရှိတာကိုသိလျှင် သူတို့ညီမလက်ထဲကို ရောက်မှာမဟုတ်ဘူးဆိုတာ သူမသိပါတယ်။
ထိုကြောင့် သူကခေါင်းညိတ်ကာ "အစ်မ ငါသေချာပေါက် အဒေါ်မိန်ကိုမပြောဘူးနော်။ ညီမအရင်ကကြက်ဥကိုမစားဖူးဘူး။ အိမ်မှာအစားအသောက်တွက် အန်တီမေက ဝယ်ပေးတယ်။ အစ်မ လီလီကျွမ့်က စားရတာလေ။ အရသာရှိတယ်နော်"
![](https://img.wattpad.com/cover/308624593-288-k948764.jpg)
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000