Chapter 158

2.3K 215 1
                                    

Chapter-158 ကျောင်းရှုလန်အား ထမင်းတစ်နပ်စားရန်ဖိတ်ခြင်း(၃)

ကျန်းချန်းက ယွမ်နှစ်ယွမ်နှင့် အသားလက်မှတ်တစ်ပေါင်သာ ကျသင့်သော ဝက်သားပြုတ်တစ်ပန်းကန်ကို မှာလိုက်သည်။

  ဒါ့အပြင် ၅၀ ဆင့်တန် ကြက်ဥစွပ်ပြုတ်တစ်ပန်းကန်နှင့်   မုန်လာဥကြော် ကိုပါ ထပ်မှာယူသဖြင့် ရှစ်ဆင့်နှင့် အစားအသောက်လက်မှတ်နှစ်ခု ပါပေးရမည်ဖြစ်သည်။

  ကြာဇံ ဂေါ်ဖီပြုတ်တစ်ပွဲနှင့်

  ငရုတ်ပွအာလူးကြော် တစ်ပွဲတို့ကိုပါမှာယူပေးလေသည်။

  ဟင်းပေါင်းများစွာကို မှာယူပြီးနောက် ကျန်းချန်းက နောက်ထပ် ဝက်သားခေါက်ဆွဲနှစ်ပွဲနှင့် ရိုးရိုးခေါက်ဆွဲနှစ်ပွဲ ခေါက်ဆွဲပေါင်း လေးပွဲကို မှာယူ‌သေးခဲ့သည်။

  မူလက ခေါက်ဆွဲတစ်ပန်းကန်ကို ၁၀ ဆင့်နဲ့ အစားအသောက်ကူပွန် ၂၀လောက် ကုန်ကျပေမယ့် ဝက်သားထည့်တဲ့အတွက် ၅၀ ဆင့်နဲ့ အသားကူပွန် ၂၂ ခု ကုန်ကျခဲ့သည်။

  မုန့်ပေါင်းတစ်ချပ်လျှင် ရှစ်ဆင့်နှင့် အသားလက်မှတ် ၂စောင် စသည်လောက် ကုန်ကျလေသည်။

  အားလုံးပေါင်းလိုက်ပါက လက်မှတ်နဲ့ ပိုက်ဆံအများကြီးကုန်လိမ့်မည်။

  ကျန်းချန်းက အရမ်းမှာနေသည်ကို‌ တွေ့တော့ ကျောင်းရှုလန်က သူ့ကို အလျင်စလို တားလိုက်ကာ “ရဲဘော် ကျန်းချန်း မှာတာ များနေပြီး ကျွန်မလည်း အများကြီးမစားနိုင်သလို နှစ်ယောက်ပေါင်း စားရင်တောင် ကုန်မှာမဟုတ်ဘူး နည်းနည်းပဲမှာတာမဟုတ်ဘူး”

  ကျောင်းရှုလန်ရဲ့ စားချင်စိတ်နှင့် စားနိုင်သည့်ပမာဏက တကယ့်ကိုမများပေ။

  ကျန်းချန်းက ပိုက်ဆံက အရေးမကြီးသလိုလုပ်ကာ မှာလိုက်သော်လည်း သူမ မကောင်းဟုတွေးမိသည်။

  “ရပါတယ် စားပါ” လို့ပြောသည်က လွယ်ပေမဲ့ မကုန်လျှင် အစားအသောက်ဖြုန်းတီးရာ ရောက်သွားပေမည်။

  ယခုခေတ်တွင် ငွေနှင့် လက်မှတ်များက အလွန်အရေးကြီးပြီး အစားအသောက်ကလည်း အရေးပါသည်။ ကျန်းချန်းက ပိုက်ဆံနှင့် လက်မှတ်မည်မျှပင်ရှိစေကာမူ ဤကဲ့သို့ မဖြုန်းသင့်ပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now