Chapter 110

2.7K 231 1
                                    

Chapter 110


ကျောင်းရှုလန် ရေနွေးကိုယူပြီး မစ္စကျန်း ညှိထားသော အပူချိန်သည် အလွန်သင့်လျော်သောကြောင့် သောက်ရန် အလွန်ပူမည်မဟုတ်ပေ။


ကျောင်းရှုလန်သည် ဆေးကို နေရာလွတ်မှ ထုတ်ယူကာ ဆေးတောင့်ကို အမြန်ဖွင့်ကာ အတွင်းမှ အမှုန့်ကို ရေနွေးထဲသို့ ထည့်ပီး အနည်းငယ်မွှေကာ အရည်ပျော်စေသည်။


ယခုအချိန်တွင် ဆေးတောင့်များ အလွန်နည်းပါးသောကြောင့် လူများမြင်ရန် ထုတ်ယူ၍မရပါ။ ဆေးတောင့်အတွင်းမှ အမှုန့်များကို ထုတ်ပြီးနောက် ကျောင်းရှုလန် သည် ဆေးတောင့်ကို နေရာလွတ်ထဲသို့ ပြန်ပစ်ချလိုက်သည်။


ကျောင်းရှုလန် အရည်ကျိုထားသောဆေးကို ကိုင်လိုက်ပြီး ကျန်းထျဲ့တန်အား တိုက်ရန်ပြင်လိုက်သည်။


"အဖွားကျန်း ကျေးဇူးပြုပြီး ထျဲ့တန်ကို အရင်ထိုင်ခိုင်း


ပေးပါ" ကျောင်းရှုလန်က ပြောလိုက်သည်။


မဒမ်ကျန်းက လျင်မြန်စွာလုပ်ပေးပြီး ထျဲ့တန်ကို ထရန် ကူညီခဲ့သည်။


ထိုင်သောက်ပါက လွယ်လွယ်ကူကူဆေးဝင်ပြီး မဟုတ်ပါက သီးလွယ်သည်။


ကျောင်းရှုလန်က ကျန်းထျဲ့တန်ရဲ့ ပါးစပ်ထဲသို့ ဆေးမှုန့်နဲ့ ရေနွေးထည့်ပေးလိုက်သည်။


ကျန်းထျဲ့တန်က မှိန်းနေပြီး သောက်ရန် ပါးစပ်ကို မဖွင့်။


ကျောင်းရှုလန်က ကျန်းထျဲ့တန်ရဲ့ နားထဲမှာ တိုးတိုးလေးပြောပြီး "ထျဲ့တန် ဒါကဆေးမလို့ သောက်နော် သက်သာလာမှာပါ"


ကျောင်းရှုလန်၏စကားကိုကြားပြီးနောက် ကျန်းထျဲ့တန်သည် သတိပြုမိသွားလေသည်။


အသက်ရှင်လိုစိတ်ကြောင့် ကျန်းထျဲ့တန်သည် ရေကို


ဖြည်းညှင်းစွာ မျိုချလိုက်သည်။


ကျန်းထျဲ့တန်သည် သူ့ဗိုက်ထဲသို့ ဆေးတစ်ပန်းကန်လုံးကို မျိုချလိုက်ရှာသည်။


ကျန်းထျဲ့တန် ဆေးသောက်ပြီးတာနဲ့ ကျောင်းရှုလန်က ထျဲ့တန်ကို ချော့မော့ပြီး ကုတင်ပေါ်မှာ လှဲခိုင်းလိုက်သည်။


လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now