Chapter-168 လီလီကျွမ့်၏ ကြောင်သူတော်မျက်နှာဖုံးကြီး ကွာကျခြင်း(၃)
လုလန်လန်က ဒေါသတကြီးပြောပြီး ထွက်ပြေးသွားခြင်းမှာ လီလီကျွမ့် ပြောတာ မကြားချင်၍ပင်။
ဒီတစ်ခါတော့ သူမ၏ အချစ်ဆုံးသူငယ်ချင်းက သူမအား ရက်စက်လေသည်။
လုလန်လန်က လီလီကျွမ့်၏ မျက်နှာဖုံးကို မြင်လိုက်ရလေသည်။လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို တွေးတောရင်း လုလန်လန်သည် တစ်ခုခုကို နားလည်လာသည်။
အရင်တုန်းကတော့ လီလီကျွမ့်ဟာ သူမအား ချော့မော့နေတာကြောင့် လီလီကျွမ်ဟာ လူကောင်းဟု သူမထင်ခဲ့လေသည်။ လီလီကျွမ့်က ကျောင်းရှုလန်ကို မနှစ်သက်သောကြောင့် ကျောင်းရှုလန်က သူမအား အမြဲဒုက္ခပေးသည်ဟု တွေးစေခဲ့လေသည်။
ယခုသူမ မုန်းသင့်သူက လီလီကျွမ် ဖြစ်သင့်သည်ဟု သဘောပေါက်လိုက်သည်။နောက်တစ်ခုက လီကျွမ့်၏မျက်နှာဖုံးမှာ တော်တော်ကောင်းလှပေသည်။
သို့သော်န်ကမူ သူမအား အကြိမ်ကြိမ်ကူညီပေးခဲ့ပြီး သူမဝသည်ကိုလည်း မလှောင်ခဲ့ပေ။
ကျောင်းရှုလန်
သူမမကျေနပ်သည်ကို သိသော်လည်း ရေနစ်ခဲ့သည်ဘ သူမအားကယ်တင်ပေးခဲ့သည်။လုလန်လန်သည် လီလီကျွမ့်အတွက် ကျောင်းရှုလန်ကို ပြုမူခဲ့သည်များကို နောင်တရခဲ့သည်။
ဒါပေမယ့် အတိတ်က အတိတ် အနာဂတ်က အနာဂတ်ပေ။
လီလီကျွမ့်က အရမ်းဆိုးသည် ဒီတိုင်းတော့လွှတ်ထားမည် မဟုတ်။
ကျောင်းရှုလန် နဲ့ လုလန်လန် တို့ရဲ့ ဆုံးဖြတ်ချက်က သူ့ကို အများကြီး “ဒုက္ခ” ပေးသည်။
လီလီကျွမ့်သည် လုလန်လန် ပြေးသွားသည်ကိုမြင်သောအခါ ပြန်လှည့်လိုမရတော့ကြောင်း သူမသိလိုက်သည် ။
မူလက လုကျင်ရှန်းသည် သူမအား မကျေနပ်သော်လည်း ယခု လုလန်လန်ကို စော်ကားမိလိုက်သည့်အတွက် သူမ၏အလုပ်နေရာ မျက်ခုံးလှုပ်နေရတော့မည်။(အလုပ်ပြုတ်တော့မည်ကို တွေးမိနေသည်)

YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000