Chapter 71

3.1K 330 1
                                    

Chapter 71 ဖက်ထုပ်စားခြင်း ၂

အသားကီလိုဝက်က တော်တော်များတယ်။ မုန်ညှင်းကလည်း အများပြားရှိတယ်။ မစ္စချန်း က ဖက်ထုပ်နဲနဲပိုလုပ်ဖို့ ပြင်လိုက်တယ်။

လူလေးယောက်က နေ့လည်ကျရင် စားလို့ရပြီ။ တကယ်လို့ ဗိုက်ပြည့်အောင်သာ စားမယ်ဆိုရင်
ဖက်ထုပ်တော်တော်များများကို စားနိုင်လေသည်။
အကုန်လုံး မကုန်ဘူးဆိုရင် ကျန်တာကို ညစာ ဒါမှမဟုတ်ရင် မနက်ဖြန်အတွက် သိမ်းထားနိုင်ပါတယ်။

မစ္စချန်းက ဝက်သားကို အတုံးသေးလေးဖြစ်အောင်စတုံးတယ်။ မှုန်ညှင်းကိုလည်း တုံးတစ်လိုက်တယ်။ သူတို့ကိုဆားနဲ့ ရောနယ်လိုက်တယ်။
နောက်ထပ် ဘာမှထပ်ထည့်စရာမလိုတော့ဘူး။

အသားရှိမယ်ဆိုရင် အနံ့ကလုံလောက်ပြီး မှုန်ညှင်းရဲ့အရသာလည်း ကောင်းတယ်။ ဒါကြောင့် သူတို့ကို ရောမယ်ဆိုရင် ချက်တဲ့အချိန်မှာ အရသာက အရမ်းကို လက်ဆက်ပြီး မွှေးနေမှာ။

ဝက်ကီလိုဝက်နဲ့ မှုန်ညှင်းအချို့ကို ရောပြီး ပန်းကန်ပြားကြီးထဲကို ခပ်ထည့်လိုက်တယ်။

ထည့်ပြီးသွားတော့ မစ္စချန်း က ဂျုံမှုန့်အချို့ကို ထည့်လိုက်တယ်။

ပုံမှန်တော့ သူမက ဒီအစေ့အဆန်ကောင်းတွေစားဖို့ တွန့်ဆုတ်နေမှာ ဖြစ်သည်။ ဒါပေမဲ့ ချန်း က  ထမင်းစားလာတော့ အိမ်မှာရှိတဲ့ ကောင်းတဲ့အရာမှန်သမျှ သူမထုတ်ယူလိုက်တယ်။

ရှုလန် ကလည်း သူမကိုကူဖို့ စလုပ်လိုက်တယ်။
“ ဒေါ်လေး ချန်း ဖက်ထုပ်အတူတူလုပ်ကြမယ်‌။
လူနှစ်ယောက် ဆိုတော့ ဖက်ထုပ်မြန်မြန်လုပ်နိုင်တာပေါ့”

တကယ်လို့ လူတစ်ယောက်တည်းကပဲ အလုပ်တွေ
အကုန်လုံးကို လုပ်နေရင် အချိန်ပိုကြာလိမ့်မယ်။

မစ္စချန်း က အလျင်အမြန်ပဲ လက်ရမ်းလိုက်တယ်။  “ ရှုလန် ငါကမင်းကို ဘယ်လို လုပ်ခွင့်ပြုနိုင်မှာလဲ။ မင်းကလည်း ဧည့်သည်နဲ့တူတူပဲ။ ဧည့်သည်အတွက် အလုပ်လုပ်ဖို့ အကြောင်းပြချက်မရှိဘူး။ ဟုတ်ပြီလား။

မင်းအဲ့ဒီမှာပဲထိုင်ပြီး သက်တောင့်သက်သာနေ။ ဒီအဒေါ်က အကုန်လုံးကို တစ်ယောက်တည်းလုပ်နိုင်တယ်။ ဒါကြောင့်ဒီကို ထလာဖို့မလိုဘူး။ “

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now