Chapter 19

3.6K 344 0
                                    

Chapter 19

“ ဟမ့် တကယ်အရည်အချင်းရှိနေရင်လည်း ငါတို့ကျေးလက်က စိုက်ထားတဲ့ စားစရာတွေကို မစားနဲ့။ မင်းမထီမဲ့မြင့်ပြုတဲ့ အစားကို စားနေတာမလား။ ဟုတ်တယ်မလား။ ဒါက တောင်သူတွေကို ခွဲခြားဆက်ဆံနေတာပဲ သိလား”

ရှောင်းဟောင် က ရှုလန်  သူမကို ထိုစကားများဖြင့်ပြန်ရိုက်လိုက်သောအခါ ဆွံ့အသွားလေသည်။ သို့သော် သူမ ရှုလန်  ကိုမကျေမနပ်ကြည့်နေတုန်းပင် ။ စာအုပ်တောင်မဖတ်ဖူးတဲ့ ကျေးလက်သူက အဲ့လောက် စကားကောင်းကောင်းပြောနိုင်ရတာလဲလို့ သူမတွေးမိသည်။ သူမရဲ့ မုန်းတီးမှုတွေကို ဘယ်လိုဖြေရှင်းရမလဲပင်မသိတော့ပေ။

ရှုလန် က သူမ ဒီမိန်းကလေးကို လုံလောက်အောင် မဆူရသေးဘူးလို့ ခံစားရသဖြင့် သူမသည် ထပ်ပြီးတော့” တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရုတ်ပြည်ဟောင်းနှင့် တရုတ်ပြည်သစ်ဟူ၍ ပိုင်းခြားရည်ညွန်းထား‌နေတုန်းပဲ။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ရက်‌နေ့မှာ ဒီမိုကရေစီ တော်လှန်ရေးစတင်ခဲ့ပြီး အောက်တိုဘာလ ၁ရက်နေ့က တရုတ်နိုင်ငံရဲ့ အမျိုးသားနေ့လည်းဖြစ်တယ်လေ။ ကျွန်ုပ်တို့က ပဒေသရာဇ် နိုင်ငံမဟုတ်သလို အရင်းရှင်နိုင်ငံလည်း မဟုတ်ဘူး။ ဆိုရှယ်လစ်နိုင်ငံလေ။ အလုပ်သမားတွေကော လယ်သမားတွေကော နိုင်ငံရဲ့လူတွေပဲလေ။

ဒါဆို နင်ကဘာတွေ မှားနေတာလဲ။ ဒီလိုစည်းမျဉ်းတွေ ရှိနေတာတောင် အခုထိခွဲခြားနေတုန်းလား။ နင်က လယ်သမားတွေကို နှိမ့်ချတယ်ပေါ့။ ဟုတ်လား နင့်မျက်လုံးထဲမှာ နိုင်ငံရဲ့ စည်းမျဉ်းတွေကို အရေးမလုပ်ဘူးလား”

နင်ဘယ်မှာ အလုပ်လုပ်တာလဲ။ နင့်မိဘတွေကော ဘာအလုပ်လုပ်လဲ။ ငါနင်တို့ရဲ့ ခေါင်းဆောင်ကိုမေးရမယ်။ တောင်သူလယ်သမားတွေကို ခွဲခြားသင့်လားလို့လေ။ လူတန်းစားခွဲခြားမှု မှာပါဝင်သင့်လားဆိုတာကို”

ရှောင်းဟောင် သည် ထိုစကားကို ကြားသောအခါ ကြောက်ရွံ့သွားသည်။

သူမ ရှုလန် လို ကျေးလက်သူတွေကို ရွံမုန်းလေသည်။ ဘာလို့ဆိုတော့ သူတို့အတွက် မုန်းစရာကောင်းသောကြောင့်ဖြစ်သည်။ အကယ်၍ ရှုလန်  ကသာ သူမကို လူတန်းစားခွဲခြားကြောင်း စွပါစွဲလိုက်မယ်ဆိုရင် သူမ စားသောက်လို့မရတော့သလို အနီးတဝိုက်ကိုပင် လျှောက်သွားလို့ မရနိုင်ပေ။ ပြီးတော့ သူမမိသားစုကလည်း သူတို့ရဲ့ ဘဝမှာ အေးဆေး အနားယူလို့ရတော့မှာမဟုတ်ဘူး။

ရှုလန်  ကသူမမိဘတွေရဲ့ အလုပ်ကိုသာ တကယ်သွားပြီး ဌာနခေါင်းဆောင်ဆီမှာသာ ပြဿနာသွားရှာရင် သူမမိဘတွေလည်း အလုပ်ပြုတ်သွားနိုင်သည်။

သူမ မိဘတွေက မြို့မှာအလုပ်လုပ်သောကြောင့်သာ သူမ လူသုံးကုန်စည်များကို စားသောက်နိုင်‌သည်။ မဟုတ်ရင် သူမလည်း ကျေးလက်သူတွေနဲ့ အတူတူပင်ဖြစ်သွားနိုင်သည်။

သူမက သေးငယ်တဲ့ အရာကြောင့် ပြဿနာကို မကြီးစေချင်ပေ။

ဒါပေမဲ့ ကျောင်းရှုလန် ကတော့ ဒီမှာပဲ မရပ်နေပါ။

မှားသွားတဲ့အခါ ဘာလို့အဲ့မိန်းကလေးလို သဘောထားရှိရမှာလဲ။

“ရဲဘော်၊ မင်းပြောခဲ့တဲ့စကားအတွက် ငါ့ကိုတောင်းပန်ရမယ်” ရှုလန်  ကအလေးနက် တောင်းဆိုလိုက်သည်။

ရှောင်းဟောင် က မျက်လုံးပြူးသွားပြီး ရှုလန်  ကိုကြည့်ကာ “တောင်းပန်ရမယ်။ မင်းက ငါ့ကိုတောင်းပန်စေချင်တာလား”

သူမသည် ရှုလန်  နဲ့ ဘာမှထပ်ပြီး အငြင်းမပွားလိုတာကပင် အကြီးမားဆုံးလိုက်လျောမှု ဖြစ်၏။ သို့သော် ရှုလန်  ကနည်းနည်းမှပင် အလျှော့မပေးဘဲ သူမကို တောင်းပန်ရန်ပင် ပြောခဲ့သည်။

“အဝေးကြီး ကိုမသွားနဲ့” ရှောင်းဟောင် အံကြိတ်လိုက်သည်။

“ အမှားတွေပြောတာက မတောင်းပန်သင့်ဘူးလား။ အကယ်လို့ မင်းမတောင်းပန်ရင် ဒီကိစ္စတွေကို ဆုံးဖြတ်ဖို့ တစ်ယောက်ယောက်ကို သွားရှာမယ်”

ရှောင်းဟောင် သည် ရှုလန်  ပြောခဲ့တဲ့ စကားကို အလွန်ကြောက်နေတုန်းပင်ဖြစ်သည်။

အလွန်ဝန်လေးသော်လည်း သူမနောက်ဆုံး ရှုလန်  ကိုတောင်းပန်လိုက်သည်။ “ငါတောင်းပန်ပါတယ်”

ရှောင်းဟောင် ကစိတ်ရင်းနဲ့ တောင်းပန်သည် ဖြစ်စေ၊ မတောင်းပန်သည်ဖြစ်စေ ရှုလန်  ကတော့ သူမလိုချင်တဲ့ ရလဒ်ကို ရသွားလေပြီ။ သူမသည် တိုးတိုးလေး နှာမှုတ်ပြီး ရှောင်းဟောင် ကိုလျစ်လျူရှုကာ
ဆိုင်ထဲမှ ထွက်သွားလေသည်။

ရဲ့ ဆိုင်အကူက ရှုလန်  ထွက်သွားသည်ကိုကြည့်ရင်း သူ့နှာဖူးပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။

သူမလည်း ရှုလန်  အခုပြောသွားတာကို ကြားလိုက်ရသည်။ ရှောင်းဟောင် လိုပင် သူမလည်း ရှုလန်  ကိုကျေးလက်သူဟု ရယ်မောလှောင်ပြောင်ခဲ့သေးသည်။ သူမ အရင်ကတည်းက အဲ့လိုပင်သဘောထားခဲ့သည်။ ပစ္စည်းလာဝယ်သူများက မကျေနပ်သော်လည်း ရှုလန်  လိုတော့ ဘယ်သူမှ ပြန်ပြီး အခိုင်အမာ‌မပြောပေ။

ရှုလန် သည် သူမနှင့်ငြင်းခုံပြီး သူမခေါင်းဆောင်ကိုသာ ပြဿနာသွားရှာမယ်ဆို သူမလည်းအလုပ်ပြုတ်သွားနိုင်သည်။

ဒီအလုပ်က လုံခြုံတဲ့အလုပ်ဖြစ်ပြီး ပေါ့ပါးအားလပ်သည့်အလုပ်လည်း ဖြစ်ကာ သူမ ကုန်စည်များကိုလည်း စားနိုင်လေသည်။ သူမဒီအလုပ်ကိုသာ ဆုံးရှုံးသွားမယ်ဆို သေတဲ့အထိပင် ငိုမိလိမ့်မည်။

ကံကောင်းထောက်မစွာ ရှုလန် ကသူမကို စောစောက စိတ်မဝင်စားလို့။

သို့သော် နောက်တစ်ကြိမ်သာ ရှုလန် ကသူတို့ရဲ့ ဆိုင်ကို ထပ်လာမယ်ဆိုရင် သူမကို ထပ်လျစ်လျူရှုရဲမှာ မဟုတ်ပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now