Chapter 155 -လုလန်လန်အား ကူညီပေးခြင်း(၃)
ဤရက်ပိုင်းအတွင်း လုလန်လန်က ကျောင်းရှုလန်ကို အလွန်မုန်းနေခဲ့သည်။ ကျောင်းရှုလန်အတွက် အခက်အခဲဖြစ်စေမည် အထင်နှင့် ဝက်ချေးတောင် ကျူံးရန်စေခိုင်းခဲ့သည်။
သူမသည် ကျောင်းရှုလန်ကို ဘယ်တုန်းကမှ မကြည့်ရခဲ့ပေ။ သို့သော် ကျောင်းရှုလန်က သူမဘက်တွင် ရပ်တည်ကာ ပြောဆိုပေးခဲ့သည်။
အထူးသဖြင့် ကျောင်းရှုလန်ပြောသည်များက လုလန်လန်၏ စိတ်ကိုနွေးထွေးသွားစေသည်။
ထုတ်လုပ်ရေးအဖွဲ့က လူတွေက သူမကို ပေါ်တင် လှောင်ခြင်းမရှိပေမဲ့ နောက်ကွယ်တွင် ကဲ့ရဲ့နေသည်များကို သူမ သိပေသည်။
သို့သော်လည်း ကျောင်းရှုလန်က ထိုသို့မလုပ်ခဲ့သည့်အပြင် ထိုသူများထံမှပင် သူမအား ကာကွယ်ပေးနေလေသည်။
လုရှောင်ဟောင် ကဲ့သို့ မြို့သူတစ်ဦးက သူမကို တောင်းပန်ရလိမ့်မည်ဟု မတွေးမိခဲ့ချေ။ ကျောင်းရှုလန်သည် စကားအနည်းငယ် ပြောလိုက်ပြီးနောက် လုရှောင်ဟောင် ၏ မူလမောက်မာမှုများ ခဝါချသွားရသည်။ သူမက သွေးအေးပြီး စကားပရိယာယ် ကြွယ်ဝပေသည်။
ထိုသို့သော ကျောင်းရှုလန်က လုလန်လန် အထင်နှင့်ကွဲပြားသည်ကို သတိပြုမိလေသည်။
သို့ပေမဲ့လည်း လုလန်လန်က လီလီကျွမ့် ဘက်တွင် ရပ်တည်နေဆဲဖြစ်ပြီး ကျောင်းရှုလန်၏ သေးငယ်သောကျေးဇူးတရားကြောင့် လီကျွမ့်အား သစ္စာမဖောက်ရန် သူ့စိတ်အား ထိန်းချုပ်နေသည်။
သူမသည် လီလီကျွမ့် နှင့် ဆက်ဆံရေးကောင်းသဖြင့် လီလီကျွမ့်ဘက်မှ ရပ်တည်နေရမည်ဖြစ်သည်။
လုရှောင်ဟောင်က တောင်းပန်ပြီး ထွက်သွားတာကို စောင့်နေပြီးနောက် လုလန်လန် က ကျောင်းရှုလန်ကို တစ်ချက်ကြည့်လိုက်ပြီး "ကျောင်းရှုလန် နင်ငါ့ဘက်ကပြောပေးလို့လည်း ငါကျေးဇူးတင်နေမယ်မထင်နဲ့ နင်ပြောပေးလည်း အသုံးမဝင်ဘူးရှုလန်"
လုလန်လန် ရဲ့စကားကို နားထောင်ပြီးနောက် ကျောင်းရှုလန်က စိတ်မဆိုးဘဲ လုလန်လန် ကို ပြန်ပြုံးပြပြီး "နင့်ကို ကူညီဖို့ရည်ရွယ်ထားတာ မဟုတ်လို့ ကျေးဇူးမတင်လည်းဖြစ်တယ် တခြားသူဆိုလည်းငါကူညီမိမှာပဲ"
![](https://img.wattpad.com/cover/308624593-288-k948764.jpg)
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000